သွေးကျဲအောင် ဘယ်လို သဘာဝနည်းလမ်းတွေ သုံးကြမလဲ

သွေးမှာ ခဲစေတဲ့ဓာတ်တွေပါဝင်နေပြီး အလွန်အကျွံ သွေးမထွက်အောင် ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာ သွေးခဲစေတဲ့ဓာတ်တွေ များနေတာကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေမြင့်မားပါတယ်။ သွေးခဲနိုင်ခြေလျော့နည်းအောင် သောက်ရတဲ့ သွေးကျဲဆေးတွေက ခေါင်းမူးတာ၊ ဗိုက်နာတာ၊ အသားဝါတာ စတဲ့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့် အောက်ပါ သဘာဝသွေးကျဲစေတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

ကြက်သွန်ဖြူ

အိမ်တိုင်းမှာ မရှိမဖြစ် ကြက်သွန် ဖြူက သွေးကျဲစေ တဲ့ အာနိသင်ရှိပါ တယ်။ ကြက်သွန်ဖြူ အနံ့၊ အရသာတွေကို မကြိုက် ပါက ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။ ကြက်သွန်ဖြူကို စားမယ် ဆိုရင် အခွံနွှာပြီး ဓားပြားရိုက်ကာ အောက်ဆီဂျင်နဲ့ ဓာတ်ပြုအောင် လေသလပ်ခံပြီးမှ အသုံးပြုပါ။

နနွင်း
အသား၊ ငါးတွေ အညှီနံ့ကင်းစေဖို့နဲ့ အဝါရောင်လေးလှစေဖို့ နနွင်းကို ဟင်း လျာတွေမှာ မပါမဖြစ် ထည့်ချက်တတ်ကြပါတယ်။ နနွင်းက နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေကို လျော့နည်းစေပါတယ်။ လေ့လာမှုအရ နနွင်းက သွေးဥမွှားတွေကို ထိန်းပေးပြီး သွေးခဲဖတ်တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ချင်း (ဂျင်း)

ချင်း (ဂျင်း)ကလည်း နနွင်း လိုပါပဲ သွေးခဲဖတ်တွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ချင်း (ဂျင်း) အသုံးပြုတာက အစာမကြေတာ၊ စားချဥ့် ပြန်တာတွေအပြင် သွေးကျဲစေတဲ့ အာနိသင်လည်း ရစေပါတယ်။ ချင်း (ဂျင်း) ကို ဟင်းလျာထဲ ထည့်ချက်တာအပြင် လက်ဖက်ရည် ကြမ်းထဲထည့်ပြီး ချင်းလက်ဖက်ရည်အနေနဲ့လည်း သောက်နိုင်ပါတယ်။

နာနတ်သီး

နာနတ်သီးထဲက ဘရိုမီလင် အင်ဇိုင်းက နှလုံးတိုက်ခိုက်ခံရနိုင် ခြေနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ ဘရိုမီလင်အင်ဇိုင်းက အင်တီအောက်ဆီးဒင့် အာနိသင်ရှိ ပြီး သွေးဥမွှားတွေစုပြီး သွေးခဲဖတ် မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အဆီများ ငါး
သွေးကျဲချင်တယ်ဆိုရင် အဆီ များတဲ့ ငါးတွေစားပါ။ ကျန်းမာရေး နဲ့ညီညွတ်တဲ့ အိုမီဂါ-၃ အဆီတွေ ရရှိနိုင်ပြီး သွေးခဲဖတ်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ထောပတ်သီး
အဆီများငါးတွေလိုပဲ ထောပတ်သီးကနေလည်း အိုမီဂါ-၃ အဆီကို ရနိုင်ပါတယ်။ ထောပတ်သီး စားသုံး တာကလည်း သွေးကျဲစေတဲ့အာနိသင်ကို ရရှိစေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ထောပတ်သီးမှာပါတဲ့ ဆယ်လီစိုက်လိပ်ဓာတ်ပေါင်း သွေးခဲဖတ်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ရေ
ရေဓာတ်နည်းပါက သွေးပျစ်စေပြီး သွေးခဲနိုင်ခြေ များစေပါတယ်။ နေ့စဉ် ရေ များများသောက်ပါ။ ရေ နှစ်လီတာ ဒါမှမဟုတ် ရေ ၈ ဖန်ခွက်သောက်တာက သွေးကျဲစေပြီး သွေးခဲဖတ်မဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *