သွေးဆုံးချိန် Sex ပြဿနာတွေကို အကောင်းဆုံး ဖြတ်ကျော်ရအောင်

မီးယပ်သွေးဆုံးချိန်မှာ အမျိုးသမီး အများစုက မီးယပ်သွေးဆုံးလက္ခဏာ တွေကိုခံစားရနိုင်ပါတယ်။ ချွေးထွက်တာ နဲ့ ချမ်းတုန်တာတွေအပြင် Sနထ ပြဿ နာတွေလည်း ခံစားရနိုင်ပါတယ်။ အမျိုး သမီးတစ်ယောက်နဲ့တစ်ယောက် ခံစား ရတဲ့ဝေဒနာအပြင်း၊ အပျော့နဲ့ ခံစားရတဲ့ အချိန်အတိုင်းအတာတွေ ကွာခြားနိုင်ပါ တယ်။ သွေးဆုံးချိန်မှာ အဓိက Sex ပြ ဿနာဖြစ်ရတဲ့ အကြောင်းကတော့ မိန်းမ ကိုယ်လမ်းကြောင်း ခြောက်သွေ့တာပါပဲ။

သွေးဆုံးချိန် မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ခြင်း
မိန်းမကိုယ်လမ်းကြောင်း ခြောက် သွေ့တာကို မိန်းကလေးအများစုမှာ ကြုံ တွေ့ရတတ်ပြီး အထူးသဖြင့် သွေးဆုံး ချိန်တွေမှာ ပိုမိုခံစားရတတ်ပါတယ်။ မိန်း မကိုယ်လမ်းကြောင်းမှာ စိုစွတ်မှုမရှိဘဲ ခြောက်သွေ့နေတာက အမျိုးသမီးတွေ မှာ စိတ်ဆန္ဒအားနည်းစေတဲ့ အကြောင်း တစ်ချက်ဖြစ်တဲ့အပြင် အမျိုးသားနဲ့အတူ နေချိန်မှာလည်း နာကျင်မှုကို ဖြစ်စေပါ တယ်။ အမျိုးသမီးတွေဟာ မိန်းမကိုယ် ခြောက်သွေ့တာကို ခံစားနေရပေမယ့် ဆရာဝန်နဲ့ ပြသဖို့ဝန်လေးတတ်ပါတယ်။

ဖြစ်နိုင်ခြေများသူများ
အသက် ၁၈ နှစ်ကနေ ၅၀ နှစ်အ တွင်း လိင်ဆက်ဆံနေစဉ်အတွင်းမှာ မိန်း ကလေးတွေရဲ့ ၁၇ ရာခိုင်နှုန်းက မိန်းမ ကိုယ်ခြောက်သွေ့တာကို ခံစားရတာ ကြောင့် အိမ်ထောင်ရေးသာယာမှု ဆိတ် သုဉ်းနေတတ်ပါတယ်။ မီးယပ်သွေးဆုံး ပြီး နောက်ပိုင်းမှာတော့ မိန်းမကိုယ် ပိုမို ခြောက်သွေ့တာကြောင့် အမျိုးသားဆီက ကြင်နာတဲ့ အပြုအမူတွေကို ပိုမိုမျှော်လင့် မိတာဖြစ်ပါတယ်။ သွေးဆုံးပြီးချိန်မှာ သားဥအိမ်ကနေ မဟော်မုန်း အီစထရို ဂျင်ထုတ်လုပ်မှုတွေ လျော့နည်းသွားတာ ကြောင့် မိန်းမကိုယ် ခြောက်သွေ့တာကို ခံစားရပါတယ်။ အီစထရိုဂျင် ထုတ်လုပ်မှု နည်းလာတာကြောင့် မိန်းမကိုယ်နှုတ်ခမ်း တစ်စုံဟာ ပါးလွှာပြီး ကျုံ့နိုင်ဆန့်နိုင်အား တွေ လျော့နည်းလာကာ မိန်းမကိုယ် ခြောက်သွေ့လာပါတယ်။ မီးယပ်သွေး ဆုံးပြီးသူတွေရဲ့ ၅၈ ရာခိုင်နှုန်းမှာ မိန်းမ ကိုယ်နှုတ်ခမ်းကျုံ့သွားတာ ဖြစ်ပေါ်တတ် ပါတယ်။

ခံစားရနိုင်သော လက္ခဏာများ
မိန်းမကိုယ်ခြောက်သွေ့တာကြောင့် လိင်မှုကိစ္စဆောင်ရွက်ရာမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ယောနိလမ်းကြောင်း က ပါးလွှာလာတာကြောင့် ထိခိုက်ပွန်းပဲ့မှု ပိုမိုဖြစ်လွယ်ပါတယ်။ လိင်ဆက်ဆံတိုင်း မှာ ထိခိုက်ပွန်းပဲ့မှုနဲ့ နာကျင်မှုတွေကိုခံစား ရတာကြောင့် စိတ်ဆန္ဒ အားနည်းလာတာ၊ လိင်ဆက်ဆံဖို့ကြောက်ရွံ့လာတာ၊ စိတ် ဓာတ်ကျတာတွေကို ဖြစ်လာနိုင်ပါတယ်။

ကျန်းမာရေးနှင့်ညီညွတ်သော အစားအ စာများကို စားသောက်ပါ
ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့အာ ဟာရဓာတ်တွေကို မျှတစွာ မှီဝဲစား သောက်တာက မိန်းမကိုယ်ခြောက်သွေ့မှု ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ရပ်ပါ။ သင်စားသောက်တဲ့ အစားအစာထဲမှာ သဘာဝအီစထရိုဂျင်ရရှိနိုင်တဲ့ အစား အစာတွေပါဝင်အောင်စားပါ။ မိန်းက လေးတွေရဲ့ ခန္ဓာကိုယ်မှာ အီစထရိုဂျင် ဟော်မုန်းလျော့နည်းပါက မိန်းမကိုယ် ခြောက်သွေ့မှုကိုဖြစ်စေပါတယ်။ အာ လူး၊ တရုတ်နံနံ၊ ကောက်နှံတစ်ခုလုံးပါဝင် စာ၊ ပန်းသီး၊ မျောက်ဥ၊ တိုဟူး၊ ဂုန်လျှော် စေ့၊ ပဲပုပ်စေ့စတာတွေထဲက တစ်မျိုးမျိုး ကို နေ့စဉ် စားသောက်တဲ့အထဲမှာ ပါဝင် အောင်စားပါ။ ခန္ဓာကိုယ်အတွက် ရေဓာတ် ပြည့်ဝနေစေဖို့ ရေများ များသောက်ပေးပါ။

ဖြည့်စွက်ဗီတာမင် မှီဝဲပါ
မိန်းမကိုယ်ခြောက်သွေ့မှုကို ကာ ကွယ်ဖို့အတွက် ဗီတာမင် အေ၊ ဘီ၊ အီး၊ အိုမီဂါ-၃ နဲ့ ဇင့်ဓာတ်တွေကို ဖြည့်စွက် မှီဝဲပေးဖို့ လိုပါတယ်။ ဒီဗီတာမင်တွေက အရွတ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှု ကောင်းစေဖို့၊ အဆစ်တွေ ကွေးဆန့်မှု ကောင်းစေဖို့နဲ့ကြွက်သားတွေသန်မာစေ ဖို့အတွက်လည်းများစွာ အကျိုးရှိပါတယ်။ ဗီတာမင်ဘီက စိတ်ဖိစီးမှုကို လျှော့ချပေး ပြီး ဗီတာမင်အေက အချွဲမြှေးလွှာတွေရဲ့ ကျုံ့ဆန့်နိုင်အားကို ကောင်းမွန်စေတာ ကြောင့် မိန်းမကိုယ်ခြောက်သွေ့သူတွေ ဖြည့်စွက်မှီဝဲသင့်ပါတယ်။

နေထိုင်မှုပုံစံ ပြောင်းလဲပါ
သင်ရဲ့အမူအကျင့်တွေ ပြောင်းလဲ လိုက်တာကြောင့်လည်း မိန်းမကိုယ် ခြောက်သွေ့တာကို လျော့နည်းသက်သာ စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်ရုံနဲ့ မိန်းမ ကိုယ် ခြောက်သွေ့တာကို ကာကွယ်နိုင်ပါ တယ်။ အရက်၊ ကော်ဖီနဲ့ ကဖင်းဓာတ် ပါဝင်တဲ့ တခြားအချိုရည်တွေ သောက် သုံးတာက ခန္ဓာကိုယ်မှာ ရေဓာတ်ခန်း ခြောက်မှုကို ဖြစ်စေတဲ့အပြင် မိန်းမကိုယ် ခြောက်သွေ့မှုကိုပါဖြစ်စေပါတယ်။ အချို ရည်တွေအစား ရေများများသောက်ပါ။ ကာဗိုဟိုက်ဒရိတ်ပါဝင်စာတွေကို လျော့ စားပါ။

ဆေးဝါးသောက်သုံးမှုကို ပြန်ဆန်းစစ်ပါ
တချို့ဆေးဝါးတွေက မိန်းမကိုယ်ရှိ အချွဲမြှေးလွှာကိုခြောက်သွေ့မှုကို ဖြစ်စေ ပါတယ်။ အအေးမိနှာစေးပျောက်ဆေး၊ ဓာတ်မတည့်မှုအတွက် အသုံးပြုရတဲ့ဆေး၊ ပဋိသန္ဓေတားဆေးတွေက မိန်းမကိုယ် ခြောက်သွေ့မှုကိုဖြစ်စေတာကြောင့် ဆရာ ဝန်နဲ့ တိုင်ပင်ပြသပြီးမှ သောက်သုံးသင့် ပါတယ်။

အလွန်အမင်းသန့်စင်ခြင်းမှရှောင်ကြဉ်ပါ
အမွှေးနံ့ပြင်းပြီး ဓာတုပစ္စည်းတွေ ပါဝင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည် တွေကို အလွန်အမင်းသုံးစွဲပြီး သန့်စင် တာ၊ ယောနိ လမ်းကြောင်းအတွင်းထဲ အ ထိ သန့်စင်ဆေးကြောတာတွေက မိန်းမ ကိုယ်ခြောက်သွေ့မှုကို ဖြစ်စေပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ် ထုတ်လုပ်ထားတဲ့ မိန်းမကိုယ် သန့်စင် ဆေးရည်တွေကိုသာ အသုံးပြုသင့်ပါ။ ယောနိလမ်းကြောင်းအတွင်းထဲအထိ သန့်စင်ဆေးကြောတာကို ရှောင်ရှားသင့် ပါတယ်။

သွေးဆုံးချိန်မှာ ကျန်းမာသွက်လက်စွာ နေထိုင်ပါ
အမျိုးသမီးတွေရဲ့ဘ၀တစ် လျှောက် လုံးမှာ ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ နေထိုင် မှုရှိ၊ မရှိက မီးယပ်သွေးချိန်နဲ့ ဆက်စပ် မှုရှိပါတယ်။ သွေးပေါင်ချိန်တာ၊ သွေးတွင်း ကိုလက်စထရော၊ သွေးတွင်းသကြား ဓာတ်တိုင်းတာတာနဲ့ ပုံမှန်ရင်သား ဓာတ် မှန်ရိုက်တာ(Mammogram)တွေကို ပြုလုပ်ပေးပါ။ မီးယပ်သွေးဆုံးချိန်မှာ တော့အစားအစာ၊ လေ့ကျင့်ခန်းနဲ့ ဖိစီးမှု လျှော့ချပေးနိုင်တဲ့ ယောဂကျင့်တာစတာ တွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဂရုတစိုက် လုပ်ဆောင်ဖို့ လိုပါတယ်။

သွက်လက်ထက်မြက်နေစေရန်
မီးယပ်သွေးဆုံးချိန်ကို အမျိုးသမီး တိုင်းဖြတ်သန်းရမှာပါ။ ဒီအချိန်မှာ သွက် လက်ထက်မြက်နေစေဖို့ လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်ရပါမယ်။ အေရိုးဗစ်လေ့ ကျင့်ခန်းနဲ့ အရိုးတွေ သန်မာစေတဲ့ လေ့ ကျင့်ခန်း နှစ်ခုစလုံးက ကိုယ်အလေးချိန် ကိုထိန်းပေးပြီး စိတ်ဓာတ်ခွန်အားကို လည်း မြှင့်တင်ပေးနိုင်ပါတယ်။ သင့်အ နေနဲ့ သွက်လက်တက်ကြွသူတစ်ယောက် ဖြစ်အောင်လုပ်ဆောင်ဖို့ နောက်ကျတယ် ဆိုတာမရှိပါဘူး။ ဒီနေ့ကစလို့ လေ့ကျင့် ခန်းတွေကို စတင်လုပ်ဆောင်နိုင်ပါတယ်။ သင့်အနေနဲ့ အရာရာကို တက်တက်ကြွ ကြွလှုပ်ရှားဆောင်ရွက်နိုင်သူဖြစ်ဖို့ ကြိုး စားပါ။

ဘ၀သစ် စတင်ခြင်း
တကယ်တော့ မီးယပ်သွေးဆုံးချိန် ဟာ အမျိုးသမီးတစ်ယောက်အတွက် ဘ၀သစ်တစ်ခုကို စတင်တဲ့အချိန်လို့ လည်း ဆိုနိုင်ပါတယ်။ အနောက်တိုင်း နိုင်ငံတွေမှာ ဘ၀သစ် စတင်ခြင်းအထိမ်း အမှတ်အနေနဲ့ မိတ်ဆွေတွေကို ဖိတ် ကြားပြီး ပါတီပေးတာမျိုးတွေ ပြုလုပ် တတ်ကြပါတယ်။ မီးယပ်သွေးဆုံးချိန်ကို သင့်အနေနဲ့ အကောင်းမြင်စိတ်ထားရှိပြီး စိတ်ရော၊ ကိုယ်ပါ ပြုပြင်ပြောင်းလဲယူပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal