သွေးဆုံးပြီးသူများတွင် မကောင်းသည့်ကိုလက်စထရောများ မြင့်တက်နိုင်ခြေပိုများ

သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ မကောင်းတဲ့ကိုလက်စ ထရောပမာဏမြင့်တက်နိုင်ခြေပိုများတယ်လို့သိရပါတယ်။ သိပ် သည်းဆနည်းတဲ့ lipoproteins ပရိုတင်းက လူ့ခန္ဓာကိုယ်ထဲမှာ အဆီမော်လီကျူးတွေကို လျင်မြန်စွာသွားလာနိုင်အောင် အ ထောက်အကူပေးတာကြောင့် မကောင်းတဲ့ကိုလက်စထရော LDL ပမာဏမြင့်တက်နေသူတွေကို လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးဖို့နဲ့ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးကြဖို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းခဲ့ကြပါတယ်။ အမျိုးသမီးပေါင်း ၁၁၄၆၅၅ ဦးပါဝင်ခဲ့တဲ့ လေ့လာမှုပေါင်း ၆၆ ခုမှာ သွေးမဆုံးသေး သူ ၆၈၀၀၀ ဦးနဲ့သွေးဆုံးပြီးသူ ၄၆၂၆၁ ဦးတို့ပါဝင်ခဲ့ကြပါတယ်။ လေ့လာမှုအရ အဝလွန်ပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သွေး ဆုံးပြီးအမျိုးသမီးတွေမှာ LDL ပမာဏပိုများတာကို တွေ့ရှိခဲ့ရ တာဖြစ်တယ်လို့ သိရပါတယ်။

(AP,19.9.19) အေးယုနိုင်

Post Author: Good Health Journal