သွေးဖိအား၊ နှလုံးခုန်နှုန်းနှင့်ပတ်သက်ပြီး အယူအဆများ

သွေးဖိအားနဲ့ နှလုံးခုန်နှုန်းဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိတယ်လို့ လူအများက ယူဆကြပါတယ်။ အမှန်တကယ်လည်း ဆရာဝန်ဆီရောက်တိုင်း အဲဒီနှစ်မျိုးစလုံးကို တိုင်းတာကြရပါတယ်။ သူတို့နှစ်မျိုးစလုံးက မတူညီတဲ့ အချက်အလက်တွေနဲ့ နှလုံး ကျန်းမာရေးကောင်း မကောင်းကို ဖော်ပြပေးနိုင်ပါတယ်။ သွေးဖိအားဆိုတာက ကိုယ် တွင်းစီးဆင်းနေတဲ့ သွေးက သွေးကြောနံရံတွေကို ဖိအားပေးတဲ့အတိုင်းအတာဖြစ်ပြီး နှလုံးခုန်နှုန်းဆိုတာက တစ်မိနစ်မှာ သင့်နှလုံးက ခုန်တဲ့အကြိမ်အရေအတွက်ကို ဆို လိုတာပါ။ သွေးဖိအား၊ နှလုံးခုန်နှုန်းနဲ့ပတ်သက်ပြီး လူပြောများနေတဲ့ အယူအဆတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

အယူအဆ (၁)
သွေးဖိအားနဲ့ နှလုံးခုန်နှုန်းက အမြဲတမ်းဆက်စပ်မှုရှိပါတယ်။
 မှားပါတယ်။
သွေးဖိအားနဲ့ နှလုံးခုန်နှုန်းက မကြာခဏ အတူတူမြင့်တက်သွားတာတွေ၊ နိမ့်ကျသွားတာတွေ ဖြစ်တတ်တာကတော့ မှန်ပါတယ်။ ဥပမာအားဖြင့် သင်က အန္တရာယ်တစ်ခုနဲ့ ကြုံလာတဲ့အခါမှာ တစ်ချိန်တည်းမှာ သင်ရဲ့ သွေးဖိအားရော၊ နှလုံး ခုန်နှုန်းပါ တစ်ပြိုင်နက် မြင့်တက်လာပါတယ်။
ဒါပေမဲ့ နှလုံးခုန်နှုန်းမြင့်တက်လာတိုင်း သင်ရဲ့ သွေးဖိအားက အလိုအလျောက် မြင့်တက်လာမှာ မဟုတ်သလို သွေးဖိအားမြင့်တက်လာတိုင်းလည်း နှလုံးခုန်နှုန်းက အလိုအလျောက်မြင့်တက်လာမှာ မဟုတ်ပါဘူး။ အဲဒီနှစ်မျိုးက ဆက်စပ်မှုမရှိတော့ရင် သင့်အနေနဲ့ နှလုံးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာကို ရှာဖွေသင့်နေပါပြီ။ ဥပမာ အားဖြင့် နှလုံးသွေးကြောရောဂါရှိသူတစ်ယောက်အနေနဲ့ နှလုံးခုန်နှုန်းက တစ်မိနစ် မှာ အကြိမ် ၅၀ အထိ နည်းနေနိုင်ပါတယ်။

အယူအဆ (၂)
သွေးဖိအားနဲ့ နှလုံးခုန်နှုန်းနှစ်မျိုးစလုံးအတွက် ပုံမှန်အတိုင်းအတာရှိကြပါတယ်။
မှားပါတယ်။
ပုံမှန်အတိုင်းအတာက တစ်ယောက်နဲ့တစ်ယောက် တူညီမှုမရှိကြပါဘူး။ ပုံမှန် သွေးဖိအားရှိအတိုင်းအတာ အပေါ်သွေးဖိအား (နှလုံးခုန်နေတဲ့အချိန်မှာ သွေးကြော နံရံကို သွေးတိုးတဲ့ဖိအား) ၁၂၀ mmHg ဖြစ်ပြီး အောက်သွေးဖိအား (နှလုံးခုန်နှုန်း နားနေတဲ့အချိန်တိုင်းတာတဲ့ဖိအား) ၈၀ mmHg လို့ သတ်မှတ်ထားပါတယ်။ နားနေ စဉ်မှာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၆၀-၁၀၀ အတွင်းမှာ ရှိရင် ပုံမှန်လို့ သတ်မှတ် ပါတယ်။ သင့်အတွက် ဘယ်အတိုင်းအတာက ပုံမှန်ဖြစ်သလဲဆိုတာကို ဆရာဝန်နဲ့ စစ်ဆေးထားဖို့ လိုအပ်ပါတယ်။

အယူအဆ (၃)
သွေးခုန်နှုန်းနည်းတာ ဒါမှမဟုတ် သွေးဖိအားနည်းတာက ကျန်းမာရေးပြဿနာ ဖြစ်နေတာကို အမြဲတမ်းညွှန်းဆိုတာပါ။
မှားပါတယ်။
လူတစ်ယောက်အတွက် ကျန်းမာနေနိုင်တဲ့ အတိုင်းအတာက နောက်တစ်ယောက် အတွက် အန္တရာယ်ဖြစ်နေနိုင်ပါတယ်။ ဥပမာအားဖြင့် အားကစားလှုပ်ရှားမှုပြုလုပ်နေတဲ့ ငယ် ရွယ်သူတစ်ယောက်ရဲ့ နားနေစဉ် နှလုံးခုန်နှုန်းက တစ်မိနစ်မှာ အကြိမ် ၄၀-၅၀ က ပုံမှန်ဖြစ်နေပေမယ့် အသက်ကြီးသူတစ်ယောက်မှာ နှလုံးခုန်နှုန်း တစ်မိနစ် အကြိမ် ၄၀-၅၀ ဆိုရင်တော့ နှလုံးရောဂါရှိနေပါပြီ။
သွေးဖိအားကျဆင်းနေတာကလည်း အသက်ကြီးပြီး နှလုံးရောဂါရှိသူတွေအ တွက် အန္တရာယ်ရှိနိုင်ပါတယ်။ သင့်မှာ ခံစားနေရတဲ့ဝေဒနာနဲ့ သင်ရဲ့ သွေးဖိအား နှလုံးခုန်နှုန်း အတိုင်းအတာကို ချိန်ဆပြီး ဆရာဝန်က ကုသပေးနိုင်ပါတယ်။

အယူအဆ (၄)
သွေးဖိအားမြင့်တက်တာက နှလုံးခုန်နှုန်းမြန်တာထက် ပိုပြီးအန္တရာယ်ရှိပါတယ်။
 မှန်ပါတယ်။
သွေးဖိအားမြင့်တက်တာက နှလုံးရောဂါနဲ့ လေဖြတ်ရောဂါဖြစ်နိုင်ခြေ အလွန်မြင့် မားပါတယ်။ အပေါ်သွေးဖိအား ၂၀ mmHg တက်တာနဲ့ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ၊ လေဖြတ်နိုင်ခြေ၊ နှလုံးအလုပ်မလုပ်နိုင်တာ ဒါမှမဟုတ် ကျောက်ကပ်အလုပ်မလုပ် နိုင်တဲ့ပြဿနာက နှစ်ဆခန့် ပိုများသွားနိုင်ပါတယ်။ နှလုံးခုန်နှုန်းမြင့်တက်တာက လည်း အန္တရာယ်ရှိပါတယ်။ လေ့လာမှုတွေအရ နှလုံးခုန်နှုန်းမြန်ဆန်သူတွေက နှလုံး ပြဿနာနဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ပိုမိုများပြားတယ်လို့ သိရပါတယ်။

ကန်စွန်းဥ
သူကလည်း သွေးဖိအား ကျဆင်းစေဖို့ ကူညီနိုင်ပါတယ်။ ကန်စွန်းဥ နှစ်လုံး လောက်စားသုံးရုံနဲ့ သင်နေ့စဉ်လိုအပ်နေတဲ့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ် အပြည့်အဝရရှိသွားနိုင်ပါတယ်။

အာလူး
အာလူးမှာ များစွာ ပါဝင်တဲ့ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်အတွင်းက ဆိုဒီယမ်တွေကို ဖယ်ရှားစွန့်ထုတ်ပေးဖို့ အလွန်အရေးပါပါတယ်။ ခန္ဓာကိုယ်အတွင်း ဆိုဒီယမ်ကျဆင်းသွားတဲ့အတွက် သွေးဖိအားလည်း ကျဆင်းသွားနိုင်ပါတယ်။

ဒိန်ချဉ်
ဒိန်ချဉ်ဟာ သွေးတိုးရောဂါရှိသူ၊ သွေးတွင်းကိုလက်စထရောများပြားသူနဲ့ အဲဒီ လိုအလားတူပြဿနာတွေအတွက် စားသုံးသင့်တဲ့အကောင်းဆုံး အစားအစာပါ။ အဆီ မပါဝင်တဲ့ ဒိန်ချဉ်ဟာ ပရိုတင်းနဲ့ သတ္တုဓာတ်တွေပါဝင်မှုများတာကြောင့် သွေးတိုးရော ဂါရှိတယ်လို့ သတ်မှတ်ခံရသူတွေ စားသင့်တဲ့အစားအစာပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *