သွေးလွန်တုပ်ကွေးရောဂါ၏ သတိပြုသင့်သော စိုးရိမ်စရာလက္ခဏာများ

သွေးလွန်တုပ်ကွေးရောဂါက ဒင်ဂီး ဗိုင်းရပ်စ်ပိုး ကူးစက်တာကြောင့် ဖြစ်ပွားပါ တယ်။ ဒီရောဂါက သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ ခြင်ကျားကိုက်ခံရတာက နေတစ်ဆင့် ကူးစက်ဖြစ်ပွားပါတယ်။ ဒီခြင်တွေရဲ့ခန္ဓာကိုယ်မှာ အဖြူအစက် တွေ ပါရှိတဲ့အတွက် ခြင်ကျားလို့ ခေါ်တာ ဖြစ်ပါတယ်။ ခြင်ကျားတွေက ရေကြည် ရေသန့်မှာ အဓိကပေါက်ဖွားကြပြီး နေ့အ ခါမှာ လူတွေကို ကိုက်လေ့ရှိပါတယ်။
သွေးလွန်တုပ်ကွေးရောဂါမှာ ဒင်ဂီး အဖျားရောဂါ (Dengue Fever)၊ သွေး လွန်တုပ်ကွေးရောဂါ (Dengue Haem-orrhagic Fever) နဲ့ သွေးလန့်တာ (Dengue Shock Syndrome) ဆိုပြီး အဆင့်ဆင့် ဖြစ်ပွားတတ်တဲ့ရောဂါဖြစ်ပါ တယ်။ သွေးလွန်တုပ်ကွေးရောဂါက အသက် ၁၅ နှစ်အောက်တွေမှာ အများ ဆုံး ဖြစ်ပွားတတ်ပေမယ့် အခုအခါမှာ အ သက်အရွယ်မရွေး ဖြစ်ပွားနေပါတယ်။ ကျား၊ မ မရွေး၊ တောရောမြို့ပါမကျန် နေ ရာမရွေး ဖြစ်ပွားလေ့ရှိတဲ့ ရောဂါဖြစ်ပါ တယ်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုး ရာသီမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးလက္ခဏာတွေက ရော ဂါပိုး သယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ပျမ်းမျှ ၄ ရက်ကနေ ၆ ရက်အကြာမှာ စတင်ပြသပါတယ်။

ရောဂါလက္ခဏာများ
ဒင်ဂီးအဖျား(Dengue Fever) ရောဂါက ရုတ်တရက်လတ်တလော အ ဖျားတက်လာတာနဲ့အတူ ခေါင်းကိုက် တာ၊ တစ်ကိုယ်လုံး ကိုက်ခဲတာ၊ ပျို့တာ၊ အန်တာ၊ မစားချင်^မသောက်ချင်ဖြစ် တာနဲ့ တစ်ခါတလေ ခန္ဓာကိုယ်မှာ အ စက်အပြောက်တွေ ပေါ်လာတာတို့ ဖြစ် တတ်ပါတယ်။ ဒါကြောင့် ပုံမှန်ရာသီအ ကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေး ရောဂါနဲ့ ကွာခြားမှုမရှိတာကြောင့် အများ အားဖြင့် ဒင်ဂီးအဖျားမှန်း မသိလိုက်ကြ ပါ။ သွေးပေါင်ချိန်တိုင်း ကိရိယာနဲ့ စစ် ဆေး တိုင်းတာကြည့်မယ်ဆိုရင် လက်ဖျံ မှာ အစက်အပြောက်တွေ ပေါ်လာတာက လွဲပြီး တခြားစိုးရိမ်ရတဲ့ လက္ခဏာတွေ မရှိပါ။

စိုးရိမ်ရသောရောဂါလက္ခဏာများ
သွေးလွန်တုပ်ကွေးရောဂါ (Dengue Haemorrhagic Fever) နဲ့ သွေးလန့် တာ (Dengue Shock Syndrome) စိုးရိမ်ရတဲ့လက္ခဏာတွေက –
– ခန္ဓာကိုယ်တွင်း သွေးယိုစီးတဲ့အတွက် ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးတွေပါတဲ့ အရည်တွေ အန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ နှာ ခေါင်းသွေးယိုတာ၊ သွားဖုံးကြားသွေး ထွက်တာ
– ခန္ဓာကိုယ်မှာ ထိခိုက်မိသလို သွေးခြည် ဥလို အနီကွက်တွေ ပေါ်လာတာ
– ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းလာ တာ (အများအားဖြင့် စဖျားတဲ့နေ့ကနေ သုံးရက်မြောက်နေ့မှာ ဖြစ်တတ်ပါတယ်)
– ရုတ်တရက် ဗိုက်အောင့်လာတာ
– ဂနာမငြိမ်ဖြစ်တာ ဒါမှမဟုတ် အရမ်း မှိန်းလာတာ
– လက်ဖျား၊ ခြေဖျားတွေ အလွန်အမင်း အေးစက်လာတာ
– သွေးပေါင်အလွန်ကျတာ၊ နောက်ဆုံး တိုင်းတာမရတဲ့ အခြေအနေဖြစ်တာ
– အပေါ်သွေး၊ အောက်သွေး ခြားနား ချက်က ၂၀ စင်တီမီတာ မာကျူရီ ဒါမှမ ဟုတ် အဲဒီအောက်နည်းနေတာ
– အစာ၊ ရေ မဝင်လောက်အောင် အဆက်မပြတ် အန်တာတွေ ဖြစ်နိုင်ပါ တယ်။
ကလေးကိုယ်အပူချိန် ကျဆင်းသွား ပြီး မှိန်းနေရင်၊ အိပ်နေရင် အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ အခုရေး သားခဲ့တဲ့ စိုးရိမ်ရတဲ့ လက္ခဏာတစ်ခုခု တွေ့ရှိခဲ့ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း ကို ချက်ချင်းခေါ်ဆောင်ပြသဖို့ လိုအပ်ပါ တယ်။

ဒင်ဂီးအဖျား (Dengue Fever)
ဒင်ဂီးအဖျားခံစားနေရတဲ့ ကလေး ကို သင့်အနေနဲ့ အောက်ပါအချက်တွေ အတိုင်း လုပ်ဆောင်ပေးနိုင်ပါတယ်။
(၁) ဂရုတစိုက်ကြည့်ရှုတာ (သွေးပေါင် မှန်မှန်ချိန်တာ၊ ကလေးအခြေအနေ စောင့်ကြည့်တာ)
(၂) ကိုယ်အပူချိန်အတွက် ပါရာစီတမော (Paracetamol) တိုက်ကျွေးနိုင်တာနဲ့ ရေဖတ်တိုက်ပေးတာ၊ ပါရာစီတမောမှာ ကိုယ်အပူချိန်အတွက်သာမက နာကျင် ကိုက်ခဲနေတာတွေအတွက်လည်း အသုံး ပြုနိုင်ပါတယ်။ တခြားကိုယ်ပူကျဆေး၊ အ ကိုက်အခဲပျောက်ဆေးဖြစ်တဲ့ အက်စ်ပ ရင် (Aspirin) လို ဆေးမျိုးတွေကို လုံးဝ မသုံးစွဲရပါ။ ဒီဆေးတွေက ခန္ဓာကိုယ်ထဲ မှာ သွေးယိုစီးတာရှိနေပါက ပိုဆိုးစေနိုင် တာကြောင့်ပါ။
(၃) အရည်ပြန်လည်ဖြည့်တင်းပေးဖို့ လို အပ်တာကြောင့် ဓာတ်ဆားရည်သောက် တာ၊ အသီးအနှံဖျော်ရည်တွေ သောက် ပေးတာတွေ ပြုလုပ်ရပါမယ်။ နို့တိုက်က လေးငယ်တွေကို မိခင်နို့ဆက်လက် တိုက်ကျွေးရပါမယ်။
(၄) ဖျားနေတဲ့ကလေးကို အစားအ သောက်မကျွေးတာမျိုး မပြုလုပ်သင့်ပါ။ ကလေးစားချင်သောက်ချင်စိတ် ရှိတယ် ဆိုရင် ဘယ်လိုအစားအစာမဆို ကျွေးနိုင် ပါတယ်။ ဒါပေမဲ့ အညိုရောင်အရည် (ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ မိုင်လို၊ အိုဗာတင်း) တွေ ကလေးကို မတိုက်ကျွေးသင့်ပါ။ ဘာကြောင့်လဲဆို တော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေး ရဲ့ အစာအိမ်လမ်းကြောင်းတစ်လျှောက် မှာ သွေးကြောလေးတွေက သွေးယိုစိမ့် ပြီး အညိုရောင်တွေ အန်တတ်တာ ကြောင့် ကော်ဖီလို အညိုရောင်အရည် တွေ တိုက်ကျွေးထားပါက ခွဲခြားရခက်ခဲ မှာ စိုးတာကြောင့် ဖြစ်ပါတယ်။
ဆေးရုံတင်ကုသရမည့်အခြေအနေ

ဒင်ဂီးအဖျား (Dengue Fever) မှာ အောက်ပါအချက်တွေရှိရင် ဆေးရုံ တင်ရပါမယ်။
– ဆေးရုံနဲ့ အသွားအလာခက်တဲ့နေရာ မှာ နေထိုင်သူတွေ၊ ပို့ဆောင်ရေး ခက်ခဲတဲ့ ဒေသမှာ နေထိုင်သူတွေ
– သွေးဥမွှားအရေအတွက် ၁၀၀ အောက် ကျနေသူတွေ၊ သွေးလန့်တဲ့ လက္ခဏာ ရှိနေသူတွေ
– နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို စတဲ့ သွေးယိုစီးတဲ့လက္ခဏာရှိသူတွေ
– အလွန်အမင်း အန်နေတာ၊ အရည်မ သောက်နိုင်တာတို့ ဖြစ်နေသူတွေ
– သက်ဆိုင်ရာတာဝန်ခံဆရာဝန်က ဆေးရုံတက်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ် ပေးထားသူတွေ ဆေးရုံဆေးခန်းကို အချိန်မီမရောက်ရှိနိုင်ရင် နောက်ဆက် တွဲဆိုးကျိုးတွေကြောင့် အသက်ဆုံးရှုံး တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သက် ဆိုင်ရာဆေးရုံက တာဝန်ခံဆရာဝန်ခွင့်ပြု ချက်နဲ့ ခွင့်ပြုတဲ့အချိန် မတိုင်သေးဘဲ ဆေး ရုံဆင်းတာကလည်း ဆိုးကျိုးတွေဖြစ်လာ နိုင်ပြီး ကလေးကို ထိခိုက်နိုင်တယ်ဆိုတာ မိဘ ဒါမှမဟုတ် မိသားစုဝင်တွေကို သတိ ပေး ပြောကြားထားသင့်ပါတယ်။ ဆေးရုံ ဆင်းပြီးပါက တစ်ပတ်လောက် အနား ယူဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ဟုတ်၊ မဟုတ် အတည်ပြုရာမှာ ရောဂါ လက္ခဏာတွေ၊ လူနာစမ်းသပ်မှုတွေနဲ့သာ အတည်ပြုပါတယ်။ အများအားဖြင့် Tourniquet Test ဆိုတာက သွေး ပေါင်ချိန်တိုင်းကိရိယာနဲ့ စစ်ဆေးတိုင်း တာပါက လက်ဖျံမှာ အနီအစက်အပြောက် တွေ ပေါ်လာတာ ရှိ၊ မရှိ စစ်ဆေးတာ ဖြစ်ပါတယ်။

ဒေါက်တာစံထား

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *