သွေးကြောအတွင်း ပိတ်ဆို့မှုကင်းအောင် ဘာတွေစားသုံးကြမလဲ

ရေပိုက်ထဲမှာ ရေတွေစီးနေသလို သွေးကြောထဲမှာ စီးနေတဲ့ သွေးတွေက သန့်စင်မှုမရှိရင် တစ်ချိန်ချိန်မှာ ပိတ်ဆို့မှုတွေဖြစ်ပြီး အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။ ဒါကြောင့် သွေးကြောသန့်စင်ပြီး ပိတ်ဆို့မှုမရှိအောင် အောက်ပါအစားအစာတွေ စားသုံးနိုင်ပါတယ်။

လိမ္မော်ရည်

လိမ္မော်သီးကနေ လတ်လတ်ဆတ်ဆတ် ညှစ်ယူရရှိတဲ့ လိမ္မော်ရည်ကို တစ်နေ့ နှစ်ခွက် သောက်ပေးပါက သွေးဖိအား မြင့်မားတာကို ထိန်းညှိပေးပြီး သွေးကြောတွေ ရောင်ရမ်းတာကို လျော့ နည်းစေပါတယ်။ လိမ္မော်ရည်မှာ အင်တီ အောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် စီများစွာ ပါဝင်လို့ သွေးကြောတွေကို သန့်စင် စေပြီး သွေးစီးကြောင်းအတွင်း ဓာတ်တိုးဖြစ်စဉ်တွေ မဖြစ်ပွား အောင် ကာကွယ်ပေးပါတယ်။

တည်သီး

တည်သီးမှာ အင်တီအောက် ဆီးဒင့်တွေနဲ့ ပိုလီဖီနောတွေ များ စွာပါဝင်လို့ သွေးတွင်း မကောင်း တဲ့အဆီတွေကို လျော့နည်းစေပါ တယ်။ တည်သီးမှာ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး သွေးဖိအားကို ပုံမှန် ဖြစ်စေတာ၊ နှလုံးကျန်းမာစေတာ၊ သွေးလွှတ်ကြောတွေ သန့်စင်စေ တာ စတဲ့ ကောင်းကျိုးတွေ ပေးစွမ်း နိုင်ပါတယ်။

အစေ့အဆန်

အစေ့အဆန်တွေက ဆံချည်မျှင် သွေးကြောတွေအထိ ကောင်းကျိုးအာနိ သင်ကို ပေးစွမ်းနိုင်ပါတယ်။ မိုနိုမပြည့်၀ ဆီ၊ ဗီတာမင် အီး၊ အမျှင်ဓာတ်နဲ့ ပရိုတင်း တွေ များစွာပါတဲ့ ဗာဒံစေ့မှာ ALA လည်း ပါဝင်တာကြောင့် သွေးဖိအားမ တက်အောင် ကာကွယ်ပေးတာ၊ ရောင် ရမ်းမှု လျော့နည်းစေတာ၊ သွေးလွှတ် ကြောမပိတ်အောင် ကာကွယ်ပေးတာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာ မိုနိုမပြည့်ဝဆီ အိုးလစ်အက်စစ် များစွာ ပါဝင် တာကြောင့် သွေးတွင်း မကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးပါ တယ်။ သွေးကြောထဲမှာ ဓာတ်တိုးဖြစ်စဉ်တွေ ဖြစ်ပွားမှုမှလည်း တားဆီးပေးပါတယ်။ မကြာသေးမီက လေ့လာမှုအရ သံလွင်ဆီက နှလုံးနဲ့ သွေး ကြောတွေမှာ ရောဂါဖြစ်ပွားနိုင်ခြေကို ၄၁ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။သံလွင်ဆီ ဝယ်ယူတဲ့အခါ အရည်အသွေး ကောင်းတာကို ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။

ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် ကေ ပြည့်ဝစွာ ပါဝင်ပြီး သွေးကြောတွေ မာကျောမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲမှာပါဝင် တဲ့ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့်တွေက မ ကောင်းတဲ့ ကိုလက်စထရောအဆီတွေ ဓာတ် တိုးတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေ ဓာတ်တိုးတာ ကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့အစာတွေ စားသုံးတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ သွေးဖိအား ပုံမှန်ဖြစ်တဲ့အခါ သွေးကြောတွေအပေါ် သက်ရောက်မှုနည်းသွားတာကြောင့် သွေးကြောတွေ ပျက်စီးမှုမှလည်း ကာကွယ်ပေးပါတယ်။

ပင်ပွား
မန်ကျည်းဖျော်ရည်၊ ကျောက်ကျော ဖျော်ရည် သောက်တဲ့အခါ ထည့်သောက်တတ်တဲ့ ပင်ပွားက နှလုံးကျန်းမာစေတဲ့ အစာပါ။ အမျှင်ဓာတ်၊ အယ်လ် ဖာလီနိုလန်းနစ်အက်စစ်တွေပါဝင်လို့ သွေးကြော တွေကို သန့်စင်စေတာကြောင့် သွေးဖိအား ပုံမှန်ဖြစ်စေတာ၊ သွေးတွင်းမကောင်းတဲ့အဆီ လျော့ နည်းစေပြီး ကောင်းတဲ့အဆီများစေတာ စတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal