ဟေမိုဂလိုဘင်မြင့်တက်စေနိုင်သော အစားအစာများ

ခန္ဓာကိုယ်ထဲက သွေးဆဲလ်တွေထဲမှာ ဟေမိုဂလိုဘင်ကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ သူက ကိုယ်တွင်းက လုပ်ငန်းဆောင်တာတွေ အလုပ် လုပ်နိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဟေမိုဂလိုဘင်ဆိုတာက သွေးနီဥထဲမှာ ပါဝင်ပြီး သံဓာတ်ပြည့်ဝတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ သူက အဆုတ်ထဲက အောက် ဆီဂျင်တွေကို ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီရောက်အောင် သယ် ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်းမှာ ဟေမိုဂလိုဘင် လုံလုံ လောက်လောက်ရှိနေဖို့ လိုအပ်ပါတယ်။ သွေးတွင်းဟေမိုဂလိုဘင်အဆင့်က အမျိုး သမီးတွေအတွက် ၁၂-၁၆ g/dl ရှိရမှာ ဖြစ်ပြီး အမျိုးသားတွေအတွက် ၁၄-၁၈ g/dl ရှိရမယ်လို့ စံနှုန်းသတ်မှတ်ချက်အရ သိရပါတယ်။
ခန္ဓာကိုယ်တွင်း ဟေမိုဂလိုဘင်အဆင့်တွေ လျော့ကျသွားရင် ခန္ဓာကိုယ်ရဲ့ လုပ် ငန်းဆောင်တာတွေမှာ ထိခိုက်မှုရှိလာပြီး ခေါင်းကိုက်တာ၊ မောပန်းတာ၊ ခေါင်းမူးတာ၊ အသက်ရှူမ၀တာ၊ အစာစားချင်စိတ်မရှိတာ၊ နှလုံးခုန်နှုန်း ပုံမမှန်တာလိုမျိုး လက္ခဏာ တွေ ပြတတ်ပါတယ်။ ဟေမိုဂလိုဘင် အရမ်းနည်းလွန်းရင် သွေးအားနည်းရောဂါရရှိနိုင် ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ယူနီဆက်ဖ်ရဲ့ ထုတ်ဖော်ချက်အရ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၅၆ ရာခိုင်နှုန်းဟာ သွေးအားနည်းရောဂါခံစားနေရတယ်လို့ သိရပါတယ်။ သွေးတွင်းဟေမိုဂလိုဘင်လျော့နည်းသွားပြီး သွေးအားနည်းရောဂါမဖြစ်အောင် အောက်ပါသံဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးပါ။
ဟင်းနုနယ်
အစိမ်းရောင်အစားအစာတွေက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ဟင်းနုနယ်က အစိမ်းရောင်ဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်ပြီး ၁၀၀ ဂရမ်စားလိုက် တိုင်း သံဓာတ် လေးမီလီဂရမ်ရရှိနိုင်တာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေ အနေနဲ့ နေ့စဉ် ပါဝင်အောင် စားသုံးသင့်ပါတယ်။
စပျစ်သီးခြောက်
စပျစ်သီးခြောက်မှာလည်း သံဓာတ်နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်။ ဒိန်ချဉ်၊ အုတ်စပါးတွေကလည်း သံဓာတ်ပါဝင်တာကြောင့် စားသုံးသင့်ပါတယ်။ သင့်မှာ ဆီးချိုရောဂါရှိနေရင်တော့ စပျစ်သီးခြောက်စားသုံးတဲ့ပမာဏကို ချင့်ချိန်သင့်ပါတယ်။
အသားအမျိုးမျိုး
အသားအမျိုးအစားအားလုံး အထူးသဖြင့် အနီရောင်အသားမှာ သံဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ အသည်းမှာ ဖောလိတ်၊ သံဓာတ်နဲ့ ဗီတာမင်ြ၂ တွေ များစွာပါဝင်ပြီး သင်က အမဲသားကြိုက်နှစ်သက်သူဖြစ်ရင် အမဲအသည်းကို သွေးအား ကောင်းစေဖို့အတွက် စားသုံးသင့်ပါတယ်။ အမဲသား ၈၅ ဂရမ်မှာ သံဓာတ်က ၂ ဒသမ ၁ ဂရမ်ပါဝင်ပြီး ကြက်ရင်ပုံသား ၁၀၀ ဂရမ်မှာ သံဓာတ်က ၀ ဒသမ ၇ ဂရမ်ပါဝင်တဲ့ အတွက် အမျိုးသမီးတိုင်း အသားဓာတ်ကို မဖြစ်မနေပါဝင်အောင် စားသုံးပေးပါ။
ပဲအမျိုးမျိုး
အသားမစားသုံးတဲ့ သက်သတ်လွတ်စားသူတွေအနေနဲ့လည်း ပဲအမျိုးမျိုးကနေ သံဓာတ်များစွာ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖောလိတ်တွေလည်းပါဝင်ပြီး သူ့ကို စားသုံးတာက နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပြီး ရောင်ရမ်းမှုဖြစ်စဉ်ကိုလည်း ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် ကယ်လိုရီရ ရှိမှုလည်း နည်းသွားတာကြောင့် ကိုယ်အလေးချိန်ကျဆင်းဖို့လည်း ကူညီပေးနိုင်ပါတယ်။

အစိမ်းရောင်ပန်းဂေါ်ဖီ(ဘရိုကိုလီ)
ချက်ပြီးသား ခွက်တစ်ခွက်စာ ဘရိုကိုလီမှာ သံဓာတ် တစ်မီလီဂရမ်ပါဝင်ပါတယ်။ ဒါ့အပြင် သူက ခန္ဓာကိုယ်က သံဓာတ် စုပ်ယူမှုအားကို ကောင်းမွန်စေနိုင်ပါတယ်။ သူ့မှာ အမျှင်ဓာတ်၊ ဆာဗိုရီဖိန်းနဲ့ အင်ဒေါတွေလည်း ပါဝင်တာကြောင့် ကင်ဆာရောဂါ ကို တွန်းလှန်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

အညိုရင့်ရောင်ချောကလက်
ချောကလက် ၂၈ ဂရမ်မှာ သံဓာတ်က ၃ ဒသမ ၃ မီလီဂရမ်အထိ ပါဝင်ပါတယ်။ ဒါ့အပြင် ချောကလက်မှာ ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝပါတယ်။ သူက ကိုလက်စထရောအဆင့်ကို လည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ချောကလက်ကို စားသုံးမယ်ဆိုရင် ကိုကိုး ၇၀ ရာ ခိုင်နှုန်းပါဝင်တဲ့ အညိုရင့်ရောင်အမျိုး

အစားကို ရွေးချယ်ပါ။
အထက်ပါအစားအစာတွေက သံဓာတ်ပါဝင်မှုများတဲ့အတွက် ခန္ဓာကိုယ်တွင်း ဟေမိုဂလိုဘင်အဆင့်မြင့်တက်လာအောင် ကူညီပေးနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *