ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်သော ခေါင်းကိုက်ခြင်းအတွက်

ခန္ဓာကိုယ်မှာ ဟော်မုန်းပမာဏ မညီမမျှဖြစ်တာကြောင့် ခေါင်းကိုက် ဝေဒနာကို ခံစားရနိုင်ပါတယ်။ အထူး သဖြင့် အမျိုးသမီးတွေ ရာသီမလာခင်နဲ့ ရာသီလာနေချိန်တွေမျိုးမှာ ဖြစ်တတ်ပြီး သွေးဆုံးခါနီးအချိန်နဲ့ သွေးဆုံးနေချိန် တွေမှာလည်း ခေါင်းကိုက်တာ ဖြစ်တတ် ပါတယ်။ သက်သာအောင် စတီးရွိုက် မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပေမယ့် ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ ခံစားရနိုင်တာကြောင့် ဘေး ထွက်ဆိုးကျိုးကင်းတဲ့ သဘာဝနည်းလမ်း တွေဖြစ်တဲ့ အစားအသောက်ကနေ ဖြေ ရှင်းနည်းကို အသုံးပြုနိုင်ပါတယ်။

ပဲပိစပ်
ဟော်မုန်းကြောင့်ဖြစ်တဲ့ ခေါင်း ကိုက်တဲ့အခါမှာ ဟော်မုန်းပမာဏကို ညှိပေးတဲ့ ပဲပိစပ်ကို စားသုံးနိုင်ပါတယ်။ ပဲပိစပ်ထဲမှာ အပင်ထွက် အီစထရိုဂျင် တွေ များစွာပါဝင်တာကြောင့် စားသုံးမယ် ဆိုရင် ခန္ဓာကိုယ်တွင်း ဟော်မုန်းပမာဏ ကို ထိန်းညှိပြီးသား ဖြစ်စေပါတယ်။

ငါးကြီးဆီ
အဆီများတဲ့ငါးတွေဖြစ်တဲ့ ဆယ်လ် မွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါး၊ ထ ရောက်ငါး၊ တူနာငါး စတာတွေကနေ အိုမီဂါ-၃ အဆီကို ရရှိစေပါတယ်။ ဒီအ ဆီက ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးတဲ့အပြင် ပရိုတင်းရရှိမှု လည်း များစေပါတယ်။

ဥအမျိုးမျိုး
ငါးစားသလိုပဲ ဥအမျိုးမျိုးကနေ လည်း ပရိုတင်းဓာတ်ရရှိနိုင်ပါတယ်။ ပညာရှင်တွေက ဥအမျိုးမျိုးထဲမှာ ကျန်း မာရေးအတွက် သင့်တော်ပြီး ခန္ဓာကိုယ် တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင် တဲ့ ကောင်းတဲ့အဆီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အစေ့အဆန်
သင်က အသား၊ ငါးတွေ စားသုံးတာ ကို သိပ်မကြိုက်နှစ်သက်ပါက ပရိုတင်း ဓာတ်ကို အစေ့အဆန်တွေကနေ ရယူ နိုင်ပါတယ်။ ဗာဒံစေ့၊ ပီစတာချီရို၊ သစ် ကြားသီး၊ မက်ကာဒေးမီးယား၊ သစ်အယ် သီး စတာတွေကို စားသုံးပါက ဟော်မုန်း ကြောင့် ခေါင်းကိုက်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ထောပတ်သီး
ခန္ဓာကိုယ်ရဲ့ ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်တဲ့ ကျန်းမာရေးနဲ့ညီညွတ် တဲ့အဆီကို ထောပတ်သီးကနေ ရနိုင်ပါ တယ်။ ထောပတ်သီးက ကယ်လိုရီကြွယ် ၀ပြီး ဝိတ်တက်စေလို့ တချို့တွေက စားသုံးဖို့ စိုးရွံ့နေတတ်ပါတယ်။ ဒါပေမဲ့ ထောပတ်သီးကို အသင့်အတင့်လောက် စားသုံးတာကတော့ ကိုယ်အလေးချိန်ကို မတက်စေနိုင်ပါဘူး။

ကန်စွန်းဥ
ကန်စွန်းဥမှာ မဂ္ဂနီဆီယမ်တွေ များ စွာပါဝင်ပါတယ်။ ဒီသတ္တုဓာတ်က ခန္ဓာ ကိုယ်တွင်း ဟော်မုန်းပမာဏကို ပုံမှန်ဖြစ် အောင် ပြန်လည်ထိန်းညှိပေးပါတယ်။ ဒါ့ အပြင် စိတ်အပြောင်းအလဲမြန်တာ၊ စိတ် ဓာတ်ကျတာတွေအတွက်လည်း မဂ္ဂနီဆီ ယမ်ကို စားသုံးသင့်ပါတယ်။

ငှက်ပျောသီး
ကန်စွန်းဥလိုပဲ ငှက်ပျောသီးစားသုံး တာကနေလည်း မဂ္ဂနီဆီယမ်များစွာ ရရှိ နိုင်ပါတယ်။ ငှက်ပျောသီးကို အဆာပြေစာ အဖြစ် စားသုံးပါက ခန္ဓာကိုယ်တွင်း ဟော်မုန်းပမာဏကို ညီမျှအောင် ထိန်း ချုပ်ပေးလို့ ခေါင်းကိုက်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်ကြွယ်ဝလို့ အူလမ်းကြောင်း လှုပ်ရှားမှုကိုလည်း ကောင်းမွန်စေပါ တယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ဟင်းနုနယ်ရွက်၊ ကိုက်လန်ရွက်၊ မုန်လာဥ၊ ဂေါ်ဖီထုပ်၊ မုန်ညင်းရွက် စတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ မှာ မဂ္ဂနီဆီယမ်တွေ များစွာပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်တွေလည်း များစွာ ပါဝင်လို့ ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏ ကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ဟော် မုန်းမညီမျှတာကြောင့် ခေါင်းကိုက်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီမျိုးရင်းဝင် အသီးအရွက် တွေကလည်း ခန္ဓာကိုယ်ရဲ့ဟော်မုန်း ဓာတ်ပမာဏကို ထိန်းညှိပေးလို့ ခေါင်း ကိုက်တာ သက်သာစေနိုင်ပါတယ်။ အ သီးအရွက်တွေက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ဟော်မုန်းပမာဏကို ပုံမှန်ဖြစ်စေပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ် စတာတွေက ပန်းဂေါ်ဖီမျိုးရင်းဝင်တွေ ဖြစ်လို့ စားသုံးပေးမယ်ဆိုရင် ဟော်မုန်း ဓာတ်မညီမျှတာကြောင့် ခေါင်းကိုက်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal