အေအိုင်ဒီအက် (စ်) ကလေးငယ် ကျောင်းသွားသင့်လား

အေအိုင်ဒီအက်(စ်) ဆိုတဲ့ ရောဂါ ကို လူအတော်များများ သိပြီး၊ ကြားဖူးပြီး ဖြစ်မှာပါ။ လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ ရော ဂါပိုးတွေကို ကာကွယ်ပေးတဲ့ ခုခံအားစ နစ်ဆိုတာရှိပါတယ်။ ဒါကြောင့် နေရာတ ကာမှာ ပိုးမွှားတွေ ပျံ့လွင့်နေပေမယ့် လည်း အလွယ်တကူ မဖျားနာကြတာဖြစ် ပါတယ်။ AIDS ဖြစ်စေတဲ့HIV ဗိုင်းရပ်စ်ပိုးကတော့ ခန္ဓာကိုယ်ရဲ့ ခုခံ အားစနစ် (Immune System) ကို အဓိက တိုက်ခိုက်တာဖြစ်ပါတယ်။ ဒီမှာ ခုခံအားကျလာပြီး ရောဂါပိုးတွေမျိုးစုံ အ လွယ်တကူ ဝင်ရောက်လာနိုင်တယ်ပေါ့။
ကမ္ဘာပေါ်မှာAIDS ဖြစ်နေတဲ့ က လေးတွေအရေအတွက်က တဖြည်း ဖြည်းတော့ လျော့နည်းလာပြီ ဖြစ်ပါ တယ်။ ဒါကလည်း ဆေးပညာရဲ့ အကူ အညီအများကြီးလိုသလို မိသားစုနဲ့ Caregivers တွေရဲ့ ပြုစုစောင့်ရှောက်မှု တွေလည်း အများကြီးလိုပါတယ်။ ဒါမှ လည်း AIDS ဖြစ်နေတဲ့ကလေးတွေဟာ ပုံမှန်ကလေးတွေလိုမျိုး ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနဲ့ ဘ၀ကို ဖြတ်သန်းနိုင် မှာပါ။
ဘာကြောင့်ဖြစ်တာလဲ
ဗှီုS ဖြစ်နေတဲ့ ကလေးအတော် များများဟာ အမေဆီက ကူးတာဖြစ်ပါ တယ်။ မိခင်ကိုယ်ဝန်စရှိချိန်၊ ကလေး မွေးဖွားချိန်၊ နို့တိုက်ကျွေးချိန်တွေမှာ က လေးဆီကို ရောဂါကူးသွားနိုင်ပါတယ်။ ဒီ အခါ မွေးလာကတည်းက ရောဂါပါလာ ပြီးသားဖြစ်သွားစေတာပါ။
ကျောင်းသွားသင့်လား
ပုံမှန်အားဖြင့် AIDS  ရောဂါက အ တူနေရုံ၊ ပွေ့ဖက်ရုံ၊ ထိတွေ့ရုံနဲ့ မကူး စက်ပါဘူး။ HIV ဗိုင်းရပ်စ်ပိုးက ဆီး၊ ဝမ်း၊ သလိပ်၊ ချွဲတွေကနေ မကူးစက်နိုင် ပါဘူး။ သွေးကတစ်ဆင့်ပဲ ကူးစက်တာ ဖြစ်ပါတယ်။ AIDS ရောဂါရှိတဲ့ကလေး တစ်ဦးကနေ နောက်တစ်ဦးကို ကူးတယ် ဆိုတဲ့ Case မျိုးက ကျောင်းတွေမှာ မရှိ သလောက်ကို ရှားလို့ ကျောင်းသွားနိုင်ပါ တယ်။ ဒါပေမဲ့ ကျောင်းမှာ အနိုင်ကျင့် ခံရတာမျိုး ရှိနိုင်လို့ ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေက AIDS ရောဂါဆိုတာ ဘယ်လိုမျိုးမှ ကူးစက်တတ်လဲ၊ မကူး စက်နိုင်ဘူးဆိုတာကို သိထားဖို့ လိုပါ တယ်။ ဗှီုS ရောဂါရှိပေမယ့် ကလေး မှာ ရောဂါလက္ခဏာတွေ ပြင်းပြင်းထန် ထန် မရှိဘူး၊ စာသင်နိုင်တယ်ဆိုရင် ကျောင်းသွားနိုင်ပါတယ်။
ကျောင်းမှာတော့ တင်းကျပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးစနစ်ကို လုပ် ဆောင် ရပါမယ်။ လက်ကို သန့်စင်အောင် ဆေးတာ၊ ကလေးတွေနေထိုင်တဲ့ စားပွဲ၊ ထိုင်ခုံ၊ နေရာတိုင်းကို ပုံမှန်သန့်ရှင်း ဆေးကြောရပါမယ်။ AIDS ရောဂါရှိရှိ မရှိရှိ သွေးထွက်နေတဲ့အနာတစ်စုံတစ်ခု ရှိနေတယ်ဆိုရင်ကျောင်းကို မသွားသင့် ပါဘူး၊ သွေးကတစ်ဆင့် ရောဂါကူးစက် နိုင်ပါတယ်။ ဗှီုS ရောဂါနဲ့ ပတ်သက် တဲ့ သတင်းအချက်အလက်တွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်တာမို့ အမြဲ တမ်း နားစွင့်နေဖို့လိုပါတယ်။
ကာကွယ်နိုင်လား
မိခင်က AIDS ရောဂါရှိမှန်း စစ် ဆေးသိရှိတာနဲ့ ကိုယ်ဝန်စရှိချိန်က တည်းက Treatment ခံယူမယ်ဆိုရင် တော့ ကလေးဆီကူးစက်နိုင်ခြေကို အတော်လျှော့ချပေးနိုင်မှာပါ။ ကိုယ်ဝန် ရှိချိန်၊ ကလေးမွေးဖွားချိန်၊ နို့တိုက်ကျွေး နေစဉ်အချိန်ထိ တောက်လျှောက် ဆေး ပုံမှန်သောက်ပြီး ကုသမှုခံယူဖို့ လိုပါ တယ်။
ကုသနိုင်လား
AIDS ရောဂါကို လုံးဝ ပျောက် ကင်းသွားအောင် မကုသနိုင်သေးပါဘူး။ ဒါပေမဲ့ ရောဂါဖြစ်စဉ်ကို အတော်အ တန်နှေးသွားအောင် ဆေးဝါးအကူအညီ နဲ့ လုပ်နိုင်ပြီး သေဆုံးမှုရာခိုင်နှုန်းကို အ များကြီး လျှော့ချပေးနိုင်ပါတယ်။ ကလေး တွေမှာလည်း လူကြီးသောက်တဲ့ဆေး တွေလိုပဲ ART လို့ခေါ်တဲ့ Anti-retro-viral therapy ဆေးကို သောက်ရမှာ ပါ။ ဒီဆေးသာမရှိရင် ကမ္ဘာပေါ်က AIDS ရောဂါရှိတဲ့ကလေးငယ်တွေရဲ့ သုံးပုံ တစ်ပုံခန့်ဟာ တစ်နှစ်ပြည့်မွေးနေ့အမီ ထိအောင်တောင် အသက်ရှင်မှာ မဟုတ် ပါဘူး။ ကလေးတစ်ယောက်နဲ့ တစ် ယောက်မှာလည်း ပြနိုင်တဲ့ ရောဂါလက္ခ ဏာတွေက မတူကြပါဘူး။ ကလေးက အသက်ဆက်ရှင်မယ်၊ ရောဂါလက္ခဏာ တွေလည်း မပြဘူးဆိုရင် ဒီ ART ဆေးကို ဆက်လက်သောက်သုံးပြီး သာမန် က လေးတွေလိုပဲ ကျန်းကျန်းမာမာ အသက် ရှင်သွားနိုင်မှာပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *