အောင်မြင်မှုရဖို့ ခဲယဉ်းနေလား

လူတိုင်းဘ၀မှာ အောင်မြင်မှုရဖို့ လို လားကြပါတယ်။ အောင်မြင်မှုကို အဓိ ပ္ပာယ်သတ်မှတ်ပုံချင်းလည်း တစ်ဦးနဲ့ တစ်ဦးမှာ မတူညီကြပါဘူး။ အောင်မြင်မှု ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ ဖတ်မှတ်စရာ ဗဟုသုတတွေဆိုတာဟာ အရမ်းကျယ်ပြန့်ပါတယ်။ ဒီတစ်ပတ်မှာ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ လူငယ် တွေအတွက် ခွန်အားဖြစ်စေမယ့် ဆောင်း ပါးတိုလေးကို ရေးပေးလိုက်ပါတယ်။

ရည်မှန်းချက်ထားပါ
လူတစ်ဦးနဲ့တစ်ဦးမှာလည်း ပန်း တိုင်ဆိုတာ မတူညီကြပါဘူး။ ရည်မှန်း ချက်ပန်းတိုင်တွေအများကြီးရှိတဲ့သူတွေ ရှိသလို စမ်းတဝါးဝါးနဲ့ ရည်ရွယ်ချက်မရှိ ဘဲဘ၀ကို လျှောက်လှမ်းနေသူတွေလည်း ရှိပါတယ်။ အောင်မြင်ချင်တဲ့သူအတွက် ရည်မှန်းချက်ပန်းတိုင်ဆိုတာက အခြေခံ အုတ်မြစ်ဖြစ်လို့ ရှိထားသင့်ပါတယ်။
ကျောင်းနေစဉ်အရွယ်တုန်းကဆို ရင် စာတော်တဲ့ကျောင်းသားကို တော် တယ်လို့သတ်မှတ်ကြတာများပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့အရွယ်ရောက်တဲ့အခါ ကျရင်လည်း ဝင်ငွေများများရှာနိုင်တဲ့သူ ကို တော်တယ်လို့ လူ့အသိုင်းအဝိုင်းက သတ်မှတ်ကြပြန်ပါတယ်။ တော်တယ်၊ မ တော်ဘူးကို သတ်မှတ်တဲ့ ပေတံတွေက လည်း တစ်ဦးနဲ့တစ်ဦးမှာ ကွဲပြားခြားနား သွားနိုင်ပါတယ်။

လုံ့လ၊ ဝီရိယ စိုက်ထုတ်ပါ
ကြိုးစားနေတဲ့သူတွေအတွက် သာ ဓကတစ်ခုပြောရမယ်ဆိုရင် သောမတ် အက်ဒီဆင်ကို ဖယ်ချန်ထားလို့ မရပါဘူး။ သောမတ်ဟာ မီးလုံးတီထွင်ခဲ့သူဆိုတာ ကို ကမ္ဘာတစ်ဝန်းလုံးကသိကြပါတယ်။ သူဟာ မီးလုံးတီထွင်ဖို့ အကြိမ်ရေပေါင်း ထောင်ချီပြီးကြိုးစားခဲ့ရသူဖြစ်ပါတယ်။ အကြိမ်ငါးထောင်မြောက်ရောက်မှ မီးလုံး တီထွင်မှုအောင်မြင်ခဲ့တာဖြစ်ပါတယ်။
သောမတ်အက်ဒီဆင်ကို လူတွေက အကြိမ်ပေါင်းထောင်ချီမအောင်မြင်ခဲ့တာ ကို စိတ်မညစ်ဘူးလားလို့ မေးကြပါတယ်။
ဒီအခါ သောမတ်က သူစိတ်မညစ်ပါဘူး၊ မီးလုံးမလင်းစေတဲ့အရာပေါင်း ထောင် ချီကို သူသိလာပါတယ်လို့ ပြန်လည်ဖြေ ခဲ့ပါတယ်။ ဒါဟာ သောမတ်ရဲ့ အကောင်း မြင်စိတ်ကို သိနိုင်ပါတယ်။

အကောင်းမြင်စိတ်ရှိပါ
အောင်မြင်ဖို့ ကြိုးစားနေသူတွေမှာ စိတ်ပိုင်းဆိုင်ရာက အကောင်းမြင်စိတ်ရှိ ဖို့လည်း အရမ်းအရေးကြီးပါတယ်။ အ ကောင်းမြင်စိတ်ရှိတာက စိတ်ခွန်အားကို ဖြစ်စေသလို စိတ်ဖိစီးမှုကိုလည်း လျော့ ကျစေနိုင်တယ်လို့ သုတေသနအတော် များများမှာ ဖော်ပြထားပါတယ်။
သင်ရဲ့ကြိုးစားနေတဲ့ ရည်ရွယ်ချက် ကလည်း မှန်ကန်ဖို့လိုပါတယ်။ ရည် ရွယ်ချက်လည်းမှန်ကန်မယ်၊ အကောင်း မြင်စိတ်လည်းထားရှိနိုင်မယ်ဆိုရင် အလွယ် တကူ အားမလျော့ဘဲ စိတ်အား၊ လူအား တက်တက်ကြွကြွနဲ့ ပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

ပြန်လည်သုံးသပ်မှုလုပ်ဆောင်ပါ
ဘယ်အလုပ်ပဲလုပ်လုပ်၊ ကိုယ်လုပ် တဲ့အလုပ်အပေါ်ကို ပြန်လည်သုံးသပ်မှု မပြုလုပ်ဘူးဆိုရင်လည်း အောင်မြင်မှုကို ရရှိမှာမဟုတ်ပါဘူး။ ဒါကို Evaluation လို့ ခေါ်ပါတယ်။ အရှိကို အရှိအတိုင်း မြင် တတ်ရပါမယ်။ လက်ရှိမှာဖြစ်နေတဲ့ အ ခြေအနေကဘာလဲ၊ သင်ဖြစ်ချင်တဲ့ အ ခြေအနေကဘာလဲ၊ ဒီနှစ်ခုကြားထဲက ကွာဟချက်ကဘာလဲဆိုတာကို ကိုယ့် ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်မှုတွေ ပြု လုပ်ပေးဖို့လိုပါတယ်။
Critical Reflection လို့ခေါ်တဲ့ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်တဲ့ အ လေ့အကျင့်ဟာ အောင်မြင်မှုရဖို့ ကြိုးစား နေတဲ့သူတိုင်းမှာ ရှိကိုရှိပါတယ်။ အတွေ့ အကြုံတွေကို ဗဟုသုတတွေနဲ့ အစဉ်မ ပြတ်ဆည်းပူးလေ့လာနေဖို့က အောင် မြင်ချင်တဲ့လူငယ်တွေအတွက် အဓိက သော့ချက်ပဲ ဖြစ်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal