ခြေဗလာဖြင့် လမ်းလျှောက်ခြင်းအကျိုး

ဖိနပ်စီးပြီး လမ်းလျှောက်တာက သဘာဝတရားကို တစ်ဆင့်ခံရရှိတာဖြစ်ပြီး ခြေဗလာနဲ့ လမ်းလျှောက်တာက ကမ်္ဘာမြေကြီးနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့အတွက် ကျန်းမာရေးကို အကျိုးများစွာ အထောက်အကူပြုနိုင်ပါတယ်။

၁။ အိပ်စက်မှုကောင်းမွန်နိုင်ခြင်း

ခြေဗလာနဲ့ လမ်းလျှောက်တာကြောင့် ခန္ဓာကိုယ်က Positive ion တွေကို ဖယ်ရှားပေးပြီး Negative ion တွေကို ခန္ဓာကိုယ်အတွင်း ၀င်ရောက်စေနိုင်ပါတယ်။ Negative ion တွေဟာ သဘာဝအတိုင်း စိတ်ကျဝေဒနာကို ပျောက်ကင်းစေနိုင်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မှု ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ကမ်းခြေလိုနေရာမျိုး ဒါမှမဟုတ် ရေကူးကန်လိုနေရာမျိုးမှာ ခြေဗလာနဲ့ လမ်းလျှောက်ပေးပါ။
……………………
၂။ မှတ်ဉာဏ်ထက်သန်စေခြင်း

ယောဂကျင့်စဉ် ပြုလုပ်တဲ့အခါမှာ ခြေဗလာနဲ့ ပြုလုပ်ကြတာက ခန္ဓာကိုယ်မှာ ပါဝင်တဲ့ ရေဓာတ် ၇၀ ရာခိုင်နှုန်းဟာ မြေကြီးနဲ့ ခြေထောက်ထိတွေ့တဲ့အခါမှာ လုပ်ငန်းဆောင်တာ ပိုမိုကောင်းမွန်စေတဲ့အတွက်ကြောင့်ပါ။ ခြေဗလာနဲ့ လမ်းလျှောက်တာ ကြောင့် ion ညီညွတ်မျှတမှု ပိုမိုကောင်းစေပြီး သိမှုအာရုံပေါ် တိုက်ရိုက်လွှမ်းမိုးမှု ရှိကာ မှတ်ဉာဏ်ထက်သန်စေတယ်လို့ ဆိုပါတယ်။
……………………
၃။ ခန္ဓာကိုယ်ဟန်ချက်အနေအထား ကောင်းမွန်ခြင်း

ဖန်စီဖိနပ်တွေကို စီးထားတာက ခြေထောက်မျက်နှာပြင်ကို အားပျော့စေပြီး ကွေးနိုင်ဆန့်နိုင်အားလည်း လျော့နည်းစေနိုင်ပါတယ်။ ဖိနပ်ကြောင့် ခြေဖ၀ါးရဲ့ လုပ်ဆောင်ချက်တွေ အားနည်းသွားနိုင်ပါတယ်။ ခြေဖ၀ါးအားနည်းတာကြောင့် ခန္ဓာကိုယ်ရဲ့ အနေအထား ဆိုးရွားသွားကာ ဇက်ကြောတက်တာ၊ ခါးနာတာနဲ့ ဒူးနာတာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
……………………
၎။ အာရုံစားမှု ပိုမိုကောင်းမွန်ခြင်း

ခြေဖေ၀ါးမှာ ရှိတဲ့ အာရုံခံဖုလေးတွေက မြေကြီးနဲ့ ထိတွေ့တဲ့အခါမှာ ထိတွေ့အာရုံကို လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ခြေဗလာနဲ့ လမ်းလျှောက်တဲ့အခါမှာ ပတ်ဝန်းကျင်ကို ပိုပြီး ဂရုတစိုက်ကြည့်ရတာကြောင့် စိတ်နဲ့ အာရုံကို အမြဲတမ်း တက်တက် ကြွကြွရှိစေနိုင်ပါတယ်။
……………………
၅။ သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်း

ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့် ခန္ဓာကိုယ်က သွေးတွေက ခြေဖ၀ါးကို ရောက်အောင် စီးဆင်းရတဲ့အတွက် ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေနိုင်ပါတယ်။
……………………
၆။ နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ခြင်း

သွေးလှည့်ပတ်မှု ကောင်းမွန်တဲ့အတွက် သွေးခဲနိုင်တဲ့အခွင့်အလမ်း နည်းပါးသွားပြီး နှလုံးသွေးကြောရောဂါလည်း ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ခြေဗလာနဲ့ လမ်းလျှောက်တာက သွေးနီဥတွေကို အားသွင်းလိုက်သလိုဖြစ်ပြီး သွေးပျစ်ခဲမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
……………………
၇။ အရိုးနှင့်ကြွက်သား သန်မာစေခြင်း

ခြေဗလာနဲ့ လမ်းလျှောက်တာက နှလုံးထဲကို သွေးပြန်ပို့တဲ့နှုန်း ပိုမိုများပြားစေတာကြောင့် အရိုးနဲ့ ကြွက်သွားတွေ သန်မာစေနိုင်ပါတယ်။ မနက်စောစောနဲ့ ညနေပိုင်းနေရောင်ခြည်သိပ်မပြင်းထန်လွန်းတဲ့အချိန်မှာ အပြင်ထွက်ပြီး ခြေဗလာနဲ့ လမ်းလျှော က်တာက အရိုးထဲမှ ကယ်လ်စီယမ်ပါဝင်နှုန်း ကောင်းမွန်စေနိုင်ပါတယ်။
……………………
၈။ ခုခံအားစနစ် သန်မာစေခြင်း

ခြေဖ၀ါးမှာ အာရုံခံဖုပေါင်း များစွာနဲ့ အာရုံကြောတွေ များစွာရှိကြပြီး သူတို့တစ်တွေက ခန္ဓာကိုယ်အတွက် သတင်းအချက်အလက်ကောင်းတွေကို ပေးပို့တဲ့အခါမှာ ခန္ဓာကိုယ်က ရောဂါကို တွန်းလှန်ဖို့ ပြင်ဆင်ပေးတဲ့အတွက် ခုခံအားစနစ်တွေ သန်မာ လာပါတယ်။
……………………
၉။ အမြင်အာရုံ ပိုမိုကောင်းမွန်ခြင်း

မနက်စောစော နေရောင်ခြည်တွေ မပြင်းလွန်းတဲ့အချိန်မှာ မြက်ခင်းပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်တာက အမြင်အာရုံကောင်းမွန်စေနိုင်ပါတယ်။ ခြေဖ၀ါးမှာ ရှိတဲ့ pressure point တွေကို လှုံ့ဆော်မှုပေးနိုင်တာကြောင့် အမြင်အာရုံကောင်း တယ်လို့ ဆိုလိုပါတယ်။

#ဒေါက်တာခင်မိုးမိုး

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *