ပြောင်းဖူးပေါက်ပေါက်ချစ်သူလား

ပြောင်းဖူးပေါက်ပေါက်တွေကို စား ဖြစ်တာက အများအားဖြင့် ရုပ်ရှင်ရုံတွေ မှာ ဖြစ်ပါတယ်။ သင်ရုပ်ရှင်ကြည့်ဖို့ သွားတဲ့အခါ ပြောင်းဖူးပေါက်ပေါက်ရဲ့ မွှေးနေတဲ့ရနံ့က သင့်ကို ဆွဲဆောင်နိုင်ပါ တယ်။ ပေါက်ပေါက်ဖောက်တဲ့ စက်ထဲ က ပြောင်းဖူးတွေ တပေါက်ပေါက်အသံ ထွက်နေတာကိုကြည့်ပြီးတော့ သင်စား ချင်စိတ်ပေါ်လာမှာပါ။
ပြောင်းဖူးပေါက်ပေါက်တွေက ကျန်း မာရေးအတွက်သင့်တော်လားဆိုရင် သူ့ချည်းသီးသန့် သဘာဝအတိုင်း ပေါက်ပေါက်လုပ်စားမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ သူ့မှာ ဗီတာမင် အေ၊ ဘီ၊ အီး၊ ကေ၊ ဖောလိတ်၊ နိုင်ယာစင်၊ ရိုင်ဘိုဖလေဗင်၊ သိုင်ရာမင်း၊ သံဓာတ်၊ ပိုတက်စီယမ်၊ ဇင့် နဲ့ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ပိုလီဖီ နောဓာတ်တွေပါဝင်ပါတယ်။ ဒါပေမယ့် ပေါက်ပေါက်ဖောက်တဲ့အခါ ဆီ၊ သကြား၊ အဆီတွေတော့မထည့်ပါနဲ့။

ရုပ်ရှင်ရုံတွေမှာ ရောင်းတဲ့ ပြောင်း ဖူးပေါက်ပေါက်တွေကတော့ ကျန်းမာ ရေးနဲ့ မညီစေတဲ့ ချို့ယွင်းချက်တွေ ရှိနေ တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ –
♦ Medium Size ပေါက်ပေါက်တစ် ဘူးမှာ ကယ်လိုရီ ၇၂၀ လောက်ထိပါ ၀င်တတ်ပြီး ဘူးကြီးမှာ ကယ်လိုရီ ၁၂၀၀ ထိပါဝင်တတ်ပါတယ်။
♦ ပေါက်ပေါက်ဖောက်တဲ့အခါသုံးတဲ့ ထောပတ်ကလည်း ကွာလတီကောင်း တဲ့ ထောပတ်မျိုးဖြစ်ဖို့ ခဲယဉ်းပါ တယ်။ ကျန်းမာရေး ထိခိုက်စေတဲ့ အဆီတွေ ပိုများများပါနေတတ်ပါ တယ်။
♦ ပေါက်ပေါက်ဖောက်တဲ့စက်က သန့် ရှင်းမှုမရှိရင်၊ ကိုင်တွယ်တဲ့ ၀န်ထမ်း တွေရဲ့လက်က သန့်ရှင်းမှုမရှိရင်၊ ပေါက်ပေါက်တွေက မလတ်ဆတ် ရင်လည်း ကျန်းမာရေးကို ထိခိုက် စေပါတယ်။
♦ ကယ်လိုရီနဲ့ အဆီတွေများတဲ့အပြင် နောက်ထပ် ကြောက်စရာကောင်း တာက ပါဝင်တဲ့ဆားပမာဏ ဖြစ်ပါ တယ်။ ပါဝင်ဆားပမာဏကဘူးကြီး တစ်ဘူးကို ၉၈၀ မီလီဂရမ်ထိ ပါရှိ နိုင်တာကြောင့် သွေးတိုးစေနိုင်ပါ တယ်။
♦ များများစားမိရင်ခေါင်းမူးတာ၊ လေ ပွတာတွေဖြစ်စေပြီး စားလိုက်မိတဲ့ ဆီ၊ ဆား၊ သကြားဓာတ်တွေက နှလုံးသွေးကြောကို ထိခိုက်စေပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ် လာစေပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *