ပြေးလွှားဆော့ကစားနေရင်း ချော်လဲကျရာမှ မျက်လုံးအိမ်ထဲ ခဲတံစိုက်ဝင်သွားခဲ့သည့် ကလေးငယ်

တရုတ်နိုင်ငံ ကျန်းစီပြည်နယ်က ဟွမ်လို့အမည်ဖော်ပြတဲ့ အသက် ခြောက်နှစ်အရွယ် မူလတန်းကျောင်းသားလေးက ကျောင်းမှာ ပြေး လွှားဆော့ကစားနေရင်း ချော်လဲပြုတ်ကျခဲ့ရာကနေ ခဲတံက မျက်လုံး အိမ်ထဲ မတော်တဆစိုက်ဝင်သွားခဲ့ရပါတယ်။ လက်ထဲမှာ ခဲတံကိုင်ရင်း ပြေးလွှားဆော့ကစားနေခဲ့တာဖြစ်ပြီး ရုတ်တရက်ချော်လဲပြုတ်ကျချိန်မှာ ခဲတံက မျက်လုံးအိမ်ထဲစိုက်ဝင်သွားခဲ့ရတာဖြစ်ပါတယ်။ ဆေးရုံကို အ ပြေးအလွှားပို့ဆောင်ပေးခဲ့ကြပြီး စစ်ဆေးကုသပေးကြချိန်မှာ ၄ ဒသမ ၇ လက်မအရှည်ရှိတဲ့ခဲတံက အောက်မျက်ခမ်းလွှာကနေ မျက်လုံးအိမ် ထဲထိုးဖောက်ဝင်ရောက်သွားခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။ ခဲတံက မျက် လုံးအောက်ဘက်နားကနေ အပေါ်ဘက်ကို ထောင်လျက်စိုက်ဝင်သွားခဲ့ တာဖြစ်ပြီး စိုးရိမ်ဖွယ်ရာအနေအထားဖြစ်ခဲ့ပေမယ့် ခဲတံဦးချွန်က မျက် လုံးနဲ့ ၁ မီလီမီတာလောက်ကနေ လွဲချော်သွားခဲ့တာကြောင့် ကံအား လျော်စွာနဲ့ပဲ မျက်လုံးဒဏ်ရာရရှိမှုတော့မရှိခဲ့ဘူးလို့ဒေါက်တာ တန်ရှု ရှန်ကဆိုပါတယ်။ ခဲတံသာမျက်လုံးထဲတည့်တည့်စိုက်ဝင်ခဲ့မယ်ဆိုရင် ကူးစက်မှုအခြေအနေဆိုးရွားသွားနိုင်ပြီး မျက်လုံးကွယ်တာ ဒါမှမဟုတ် မျက်လုံးတစ်ဖက် ဖယ်ရှားလိုက်ရတာမျိုးဖြစ်သွားနိုင်တဲ့အတွက် က လေးက ကံကောင်းသွားခဲ့တယ်လို့ ဒေါက်တာတန်က ဆိုပါတယ်။ ခဲတံ ကို အရေးပေါ်ဖယ်ရှားထုတ်ပေးခဲ့ပြီး နှစ်ရက်အကြာမှာတော့ ကလေး ရဲ့ဒဏ်ရာအခြေအနေက စိတ်ချရတဲ့အနေအထားရှိခဲ့တဲ့အတွက် ဆေး ရုံကဆင်းခွင့်ရခဲ့တယ်လို့ သိရပါတယ်။

(DM, 16.5.19) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *