ဘယ်လ်ဂျီယံနိုင်ငံမှာ အသက် ၂၃ နှစ်အရွယ်အမျိုးသား တစ်ဦးဟာ ကြောင်ကုတ်ခံရပြီးတဲ့နောက် လိင်ထောင်မတ်ခြင်းမရှိတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ လိင်အင်္ဂါမှာ နာကျင်နေတာကြောင့် ဆရာဝန်ကိုသွားပြခဲ့ပေမယ့် နောက်ပိုင်းမှသာ နေအိမ်မှာ ကြောင်ရဲ့လက်သည်းကြောင့် ဒဏ်ရာရခဲ့တာ ကိုသတိရခဲ့တာဖြစ်ပါတယ်။
ကြောင်တွေရဲ့ပါးစပ်နဲ့လက်သည်းတွေမှာတွေ့ရတတ်တဲ့ Bartonella Henselae လို့ခေါ်တဲ့ဘက်တီးရီးယားတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။ ဒီဘက်တီးရီးယား ကြောင့် ဖျားနာတာအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါ တယ်။ ပိုးသတ်ဆေးတွေကြောင့် သုံးပတ်အတွင်း ပျောက်ကင်း သွားခဲ့ပြီးတော့ လိင်အင်္ဂါကပုံမှန်တိုင်းပြန်လည်အလုပ်လုပ်နိုင် ပြီလို့ ဆရာဝန်တွေက ဆိုခဲ့ကြပါတယ်။ ကြောင်ချစ်သူတွေအနေနဲ့ ကြောင်ကိုပွေ့ဖက်ပြီးပြီဆိုရင် လက်ကိုပြန်လည်ဆေး ကြောသင့်တယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ကြပါသေးတယ်။
မေဇွန် (ဗဏယ၁၄.၉.၁၇)