ကြေးချွတ်ခြင်း၏ ကောင်းကျိုး

အရေပြားက သူ့သက်တမ်းကုန်ရင် ဆဲလ် သေတွေအဖြစ် ကွာကျပါတယ်။ ဆဲလ်သေတွေ စုလာတဲ့အခါ အရေပြားပေါ်မှာ ထူပြီး ခြောက် သွေ့လာတာ ဖြစ်လာပါတယ်။ အဲဒါတွေကို ကြေး တွန်းဖယ်ရှားပေးဖို့ လိုပါတယ်။ ကြေးတွန်းတာ ကြောင့် အရေပြားပေါ်က အဆီနဲ့ ချွေးဂလင်းတွေ ကို လှုံ့ဆော်ပေးလို့ အသားအရေ စိုပြည်စေပါ တယ်။ သွေးလှည့်ပတ်မှုကောင်းစေပြီး အရေပြား ဆီ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုရရှိစေ ပါတယ်။

ကြေးချွတ်ခြင်း၏ကောင်းကျိုး
– ပြန်ရည်ကြောစနစ်ကို ကောင်းမွန်စေတယ်
– ခုခံအားစနစ်ကို ကောင်းမွန်စေတယ်
– သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်
– ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်
– အသားအရေ ကြည်လင်လှပစေတယ်
– အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီး ပေးတယ်
– အရေပြားအောက်မှာ အဆီတွေ မစုအောင် ကာကွယ်ပေးတယ်
– ကြွက်သားတွေ အားကောင်းစေတယ်

ကြေးချွတ်ပြုလုပ်နည်း
– ခြေထောက်ကနေစပြီး ကြေးချွတ်သန့်စင်တာ ကိုစလုပ်ပါ။
– ခန္ဓာကိုယ်အောက်ပိုင်းကို ကြေးချွတ်သန့်စင် ပြီးရင် လက်နှစ်ဖက်ကို ကြေးချွတ်ပေးပါ။
– ပြီးရင် လက်မောင်းကစပြီး နှလုံးရှိရာဘက်ကို ဆက်လက်ကြေးချွတ်ပေးပါ။
– နောက်ကျောဘက်ကိုတော့ တခြားသူ တစ် ယောက်အကူအညီနဲ့ ကြေးချွတ်ပေးပါ။
– ဝမ်းဗိုက်၊ ရင်ဘတ်နဲ့ လည်ပင်းတွေကို ကြေး ချွတ်တဲ့အခါ နာရီလက်တံလည်သလိုမျိုး စက် ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ။

သတိပြုရန်
– ကြေးချွတ်ဖို့ သုံးတဲ့ပစ္စည်းတွေက သဘာ၀ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဘရှပ်ရှ် ဒါမှ မဟုတ် သပွတ်အူလိုမျိုးကို သုံးပါ။ နိုင်လွန်နဲ့လုပ်ထားတဲ့ပစ္စည်းမျိုးကို ရှောင်ပါ။
– မနက်ခင်း ရေမချိုးခင်မှာ ကြေးချွတ်တာကို ပြုလုပ်ပေးပါ။
– ကြေးချွတ်တဲ့အခါ စစချင်းမှာ ညင်ညင်သာ သာနဲ့ ခပ်ဖွဖွ ပွတ်တိုက်ပြီးမှ တဖြည်းဖြည်း ဖိအား အနည်းငယ် သုံးပေးပါ။
– အရေပြားက နှင်းဆီရောင်သမ်းလာအောင် ၃-၅ မိနစ်လောက် ပွတ်တိုက်ပေးပါ။
– ကြေးချွတ်တဲ့ ဘရှပ်ရှ်ကို အိမ်သားတွေနဲ့ အတူမျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal