နွေပူပူမှာ အားကစားလုပ်မယ်ဆိုရင် လိုက်နာရမယ် (၅) ချက်

သင်ဟာ အားကစားလိုက်စားသူ တစ်ယောက်ဖြစ်တယ်ဆိုရင် ဥတုသုံးပါး စလုံးမှာ ကိုယ်လက်လှုပ်ရှားလုပ်နေရဖို့ ကြိုးစားမိမှာပါ။ အားကစားလုပ်ဖို့ ဆောင်းရာသီက အကောင်းဆုံးလို့ ဆို နိုင်ပါတယ်။ မိုးရာသီမှာဆိုရင်လည်း မိုးက အချိန်မရွေး ရွာနိုင်တာကြောင့် အ ပြင်ထွက်ပြီး အားကစားလုပ်ဖို့က မသေ ချာပါဘူး။ ဒီဆောင်းပါးမှာတော့ နွေရာသီ မှာ အားကစားလုပ်မယ်ဆိုရင် ဘာတွေ ဆောင်ပြီး ဘာတွေရှောင်ရမလဲဆိုတာကို ရေးထားတာဖြစ်ပါတယ်။

(၁) သက်သောင့်သက်သာဖြစ်အောင်နေပါ
နံပါတ်တစ်အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာ ရှိနေဖို့ ဦးစားပေးပါ။ ကျန်းမာရေးအတွက် အားကစားလုပ်တယ်ဆိုပေမယ့် တန် ဆေးလွန်ဘေးဆိုတဲ့ စကားပုံကို မမေ့ပါ နဲ့။ ငါက ကျန်းမာရေးကောင်းတာပဲဆိုပြီး တော့လည်း မပေါ့ပါနဲ့။ သတိဆိုတာ ပိုတယ်မရှိပါဘူး။ ရာသီဥတု အပူချိန် လွန်ကဲနေရင် အားကစားမလုပ်ပါနဲ့။ အ ထူးသဖြင့် အပြင်ထွက်ပြီး အားကစား မလုပ်ပါနဲ့။ သင်က အပြင်မှာ အားကစား ထွက်လုပ်ရတာကို ပိုနှစ်သက်တယ်ဆိုရင် နံနက်ခင်းစောစောနဲ့ ညနေပိုင်း နေအေး တဲ့အချိန်တွေမှာသာ ကစားပါ။ နံနက် ဆယ်နာရီကနေ ညနေလေးနာရီအတွင်း အားကစားလုပ်တာရှောင်ပါ။ အပြင်မ ထွက်ခင် နေလောင်ကာခရင်မ်ကို နှစ် နာရီကြိုလိမ်းဖို့လိုပြီး နှစ်နာရီခြားတစ်ခါ ပြန်လိမ်းပေးပါ။
ဦးထုပ်၊ တဘက်၊ ရေဘူးတွေပါ ယူ သွားဖို့ မမေ့ပါနဲ့။

(၂) အပြင်းအထန်လုပ်တာရှောင်ပါ
နွေရာသီမှာ ရာသီဥတုက ပူပြင်း တာကြောင့် သင်ရဲ့ခန္ဓာကိုယ်က အပူ ဒဏ်ကို တုံ့ပြန်ရတာရယ်၊ ခန္ဓာကိုယ် အပူအအေးမျှတအောင် ထိန်းညှိနေရ တာရယ်တွေကြောင့် စွမ်းအင်ပိုသုံးရ တတ်ပါတယ်။ ဒါကြောင့် သင်ပုံမှန်လုပ် နေကျအတိုင်း အားကစားကို အကုန်ပြီး အောင် လုပ်နိုင်ချင်မှ လုပ်နိုင်မှာပါ။ ဒါက သဘာဝပါပဲ။ ဒါကို အတင်းဖိပြီး မလုပ်ပါ နဲ့။ ခန္ဓာကိုယ်တွင်း အပူဓာတ်လွန်ကဲပြီး Heat Stroke ရတာ၊ ဦးနှောက်သွေး ကြောပြတ်တာတွေ ဖြစ်တတ်ပါတယ်။

(၃) အဝတ်အစားသေချာရွေးပါ
နွေရာသီမှာ ကိုယ်လက်လှုပ်ရှားလုပ် ရင် တခြားရာသီဥတုတွေမှာထက် ချွေးပို ထွက်လွယ်မှာပါ။ ဒါကြောင့် အားကစား အဝတ်အထည် ရွေးချယ်တဲ့နေရာမှာ လည်း နွေရာသီနဲ့ ကိုက်ညီမယ့် ဝတ်စုံမျိုး ဖြစ်ဖို့လိုပါတယ်။ အရောင်ဖျော့ဖျော့တွေ ရွေးချယ်သင့်ပြီး လှုပ်လှုပ်ရှားရှား အားက စားလုပ်တဲ့အခါ အလွယ်တကူ ကွေးနိုင်၊ ဆန့်နိုင်ပြီး ချွေးတွေအထဲမှာ အောင်းမ နေမယ့် ဝတ်စုံမျိုး ရွေးချယ်ပါ။ ဝတ်စုံက သက်သောင့်သက်သာမဖြစ်ဘူးဆိုရင် သင့်ကို နှစ်ဆပိုပင်ပန်းစေပြီး လုပ် ဆောင်နိုင်စွမ်း ကျဆင်းစေမှာပါ။

(၄) ရေများများသောက်ပါ
နွေရာသီမှာ ခန္ဓာကိုယ်က ရေဓာတ် ခန်းခြောက်လွယ်ပါတယ်။ ဒါကြောင့် ရေ များများသောက်ပေးဖို့လိုပါတယ်။ အား ကစားမလုပ်ခင်မှာ ရေနည်းနည်း သောက်ပေးပြီး အားကစားလုပ်အပြီးမှာ ရေများများပိုသောက်ပေးပါ။ အားကစား အချိုရည်သောက်တာကိုတော့ အား မပေးချင်ပါဘူး။ သူတို့က ကယ်လိုရီအ များအပြားပါဝင်တာကြောင့်ပါ။ အားက စားအချိုရည်တွေအစား အသီးအနှံတွေ ပဲ စားပေးပါ။ အားကစားလုပ်နေတဲ့ အ အချိန်အတောအတွင်းမှာလည်း အရည် ရွှမ်းတဲ့အသီးအနှံတစ်မျိုးမျိုးကို နည်း နည်းစီ စားပေးနိုင်ပါတယ်။

(၅) ဒါတွေဖြစ်လာရင်နားလိုက်ပါ
သင်အားကစားလုပ်နေရင်းကနေ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အားနည်း သလို ခံစားရတာ၊ လူတစ်ကိုယ်လုံး ဖြူ ဖျော့လာတာ၊ အော့အန်တာ၊ ကြွက်တက် တာ၊ နှလုံးခုန်နှုန်းအရမ်းမြန်တာ၊ အ သက်ရှူကျပ်လာတာတွေ ဖြစ်လာရင် အားကစားလုပ်တာကို ချက်ချင်း ရပ် လိုက်ပါ။ ပြီးအောင်ဆိုပြီး ဆက်မလုပ် ပါနဲ့။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *