နွေရာသီမှာ ခန္ဓာကိုယ်အပူကြီးတာကို ဘယ်လိုလျှော့ချနိုင်မလဲ

ပူပြင်းတဲ့ နွေရာသီမှာ ကျန်းမာရေးနဲ့ပတ် သက်ပြီး ဆွေးနွေးချင်ပါတယ် ဆရာ။
အခုလို ပူအိုက်လာတဲ့ရာသီမှာ အပူ ရှိန်ကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို ပြောပြချင်ပါတယ်။ အဲဒီ အကြောင်းတွေ မစခင်မှာ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းသိမ်းတဲ့စနစ်အကြောင်းကို အကျဉ်းလောက် ပြောပြချင်ပါတယ်။

ဟုတ်ကဲ့ ရှင်းပြပေးပါ ဆရာ။
ပတ်ဝန်းကျင်အပူချိန်ကို Temv (Environmental temperature) လို့ မှတ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရဲ့အပူချိန် ကို Tခသမန Tcore (Body core temperature) လို့ မှတ်ရပါမယ်။ အဲဒီ Tcore ဟာ 37ံC  မှာ ငြိမ်နေအောင် ထိန်းထားနိုင်ရပါ မယ်။ ပတ်ဝန်းကျင်အပူချိန် တက်လာ လေလေ၊ Tcore ကို 37ံC ဖြစ်အောင် ခန္ဓာကိုယ်က ကြိုးစားရလေလေပါပဲ။ ဒီတာဝန်ကို ဦးနှောက်ထဲက Hypothalamus ဆိုတဲ့ အစိတ်အပိုင်းတစ်ခုက လုပ်ပေးပါတယ်။ Temv 32.5ံC ကျော် ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ချွေးထွက်လာရ မယ်။ အပူတွေ ထွက်အောင်လုပ်ပေးပြီး Tcore ကို ထိန်းထားနိုင်ရပါမယ်။ အဲဒီ လိုမှ မလုပ်ပေးနိုင်ရင် Tcore အလွန်အ ကျွံတက်လာပြီး ခန္ဓာကိုယ်ရဲ့ Enzymes စနစ်တွေ ပျက်စီးသွားပါလိမ့်မယ်။ နောက် ဆက်တွဲအနေနဲ့ Heat stroke လို့ ခေါ် ကြတဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်ရပါလိမ့် မယ်။

နွရာသီမှာ ပူပြင်းမှုကြောင့်ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာတွေကို သိချင်ပါ တယ် ဆရာ။
နွေရာသီမှာ ပူပြင်းမှုကြောင့်ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာတွေကို
(၁) Heat rash
(၂) Heat crumps
(၃) Heat illness
(၄) Heat stroke ဆိုပြီး အကြမ်းဖျင်း လေးမျိုး ခွဲလို့ရပါတယ်။

အပူကြောင့်ဖြစ်ရတဲ့ ဒီလေးမျိုးနဲ့ ပတ် သက်ပြီး ဆက်လက်ရှင်းပြပေးပါ ဆရာ။
(၁) Heat rash – မြန်မာလို အနီးစပ် ဆုံးတော့ ]]မိတ်}}ပေါက်တယ်လို့ပဲ ဘာ သာပြန်ရမယ်ထင်တယ်။ ချွေးထွက်တဲ့ ဂလင်းတွေ (Glands) ပိတ်ကုန်ပြီး အဖု အပိမ့်တွေ အင်ပျဉ်ထွက်သလို ထွက်လာ တတ်တာမျိုးပါ။
(၂)Heat cramps – ဆိုတာမျိုးကတော့ ပူအိုက်တဲ့ရာသီဥတုမှာ ကိုယ်လက်လှုပ် ရှား ပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါမျိုး မှာ ကြွက်သားတွေ (အထူးသဖြင့် ခြေသ လုံးကြွက်သားတွေ) နာကျင်ကိုက်ခဲတာ မျိုးကို ခေါ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ဓာတ် ဆားတွေကို ပြန်ဖြည့်တဲ့အခါမျိုးမှာ လည်း ဆားဓာတ်ထက် ရေဓာတ်ကို ပို ဖြန့်မိတဲ့အခါ (ဥပမာ – ချွေးထွက်များတဲ့ အခါ ဓာတ်ဆားဖျော်ရည် မသောက်မိ ဘဲ ရေပဲသောက်နေမိတဲ့အခါ) မျိုးတွေ မှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ တွေအထိ Tcore က မတက်သေးဘဲ ပုံမှန်ပဲ ထိန်းသိမ်းထားပါသေးတယ်။
(၃) Heat illness – ဆိုတာမျိုးကတော့ Tcore 37ံC ထက်ကျော်လာပြီး ကြွက် သားတွေ နာကျင်ကိုက်ခဲခြင်း၊ နုံးခွေနေ ခြင်း၊ ခြေမသယ်ချင် လက်မသယ်ချင်ဖြစ် ခြင်း၊ မူးဝေလာတာနဲ့ သတိလစ်တာ တွေပါ တွဲဖြစ်လာတာမျိုးကို ခေါ်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင် အဆိုးဆုံး အခြေအနေဖြစ်တဲ့ Heat stroke ရဖို့ အခွင့်အလမ်း အရမ်းများနေပြီ ဖြစ်တဲ့အ တွက် စနစ်တကျ မြန်မြန်ဆန်ဆန် ကုသ ဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ပတ်ဝန်း ကျင်အပူချိန် (Temv) ကို မြန်မြန်ချ ပေးရပါမယ်။ လေအေးပေးစက် တပ် ထားတဲ့ အခန်းထဲမှာ ထားဖို့လိုပါတယ်။ ရေဖတ်ရွှဲနစ်နေအောင်တိုက်တာ၊ ပန် ကာဖွင့်အခြောက်ခံတာတွေ လုပ်ပြီး အပူ တွေထွက်အောင် လုပ်ပေးရပါမယ်။

ကိုယ်အပူကြီးစေတဲ့ တခြားအကြောင်း တွေကိုလည်း သိချင်ပါတယ် ဆရာ။
တခြား ကိုယ်ပူကြီးစေတဲ့အကြောင်း တွေ (ဥပမာ – ငှက်ဖျား၊ သိုင်းရွိုက်ရောဂါ၊ ရောဂါပိုး သွေးဆိပ်တက်တာ၊ စိတ်ကျန်း မာရေးအတွက်ပေးထားတဲ့ ဆေးတွေ အလွန်အကျွံသောက်သုံးထားမှု ရှိ၊ မရှိ) စတာတွေကိုလည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိ စမ်းသပ်စစ်ဆေး စောင့်ကြည့်ဖို့လိုပါ တယ်။ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးမှုများတဲ့အ တွက် ဓာတ်ဆားဖျော်ရည် တိုက်ပေးရပါ မယ်။ အနည်းဆုံး ဓာတ်ဆားဖျော်ရည် ငါးလီတာ (ရေသန့်ဘူး ငါးလုံး) ဝင် အောင်တိုက်ဖို့ လိုပါမယ်။ ကျွမ်းကျင်သူ ဆရာဝန်၊ ဆရာမက လိုအပ်သလို ဆက် လက် တွက်ချက်ပြီး ပေးရပါမယ်။ သိပ် လိုအပ်ရင် အကြောထဲကနေပါ သွင်းပေး ရတာမျိုးတွေရှိတဲ့အတွက် နီးစပ်ရာကျန်း မာရေးဌာနနဲ့ အမြန်ဆက်သွယ်ပြီး ဆောင် ရွက်ရပါမယ်။

အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအ နေကိုလည်း ရှင်းပြပေးပါ ဆရာ။
Tcore 41ံC ထက်ကျော်သွားပြီဆို ရင်တော့ အသက်အန္တရာယ် ဆုံးရှုံးဖို့ လက်တစ်ကမ်းသာ လိုတော့တဲ့ Heat stroke လို့ ခေါ်တဲ့ အခြေအနေကို ရောက်နေပါပြီ။ ပြောပြခဲ့ပြီးတဲ့ လက္ခဏာ တွေအပြင် လူနာဟာ တစ်ဖန်ပြန်မနိုး တော့တဲ့ Comaလို့ ခေါ်တဲ့ အခြေ အနေနဲ့ ရက်ပေါင်း၊ လပေါင်းများစွာ နေထိုင်သွားရတတ်ပါတယ်။

ဘယ်လိုလူတွေက Heat stroke ဖြစ်နိုင်ခြေများတဲ့ အခြေအနေရှိပါသလဲ ဆရာ။
ဒီလို Heat stroke ဆိုတဲ့ အခြေအ နေမျိုးဟာ အသက်အရွယ်ကြီးရင့်သူ တွေ၊ ဆီးချိုဝေဒနာရှင်တွေ၊ အရက် သောက်သုံးသူတွေ၊ စိတ်ကျန်းမာရေး ဆိုင်ရာဆေးသောက်သုံးနေရသူတွေ၊ ဆီးဆေးသောက်နေရသူတွေနဲ့ အရမ်း ပူတဲ့အချိန်မှာ အဝတ်အစား ထူထူဝတ် ပြီး အားကစားလေ့ကျင့်ခန်းလုပ်မိသူတွေ၊ အရမ်းပူတဲ့အချိန်မှာ အကာအကွယ်မဲ့ အပြင်ထွက်သူတွေမှာ ပိုဖြစ်လေ့ရှိပါ တယ်။

ကုသမှုအပိုင်းကိုလည်း ရှင်းပြပေးပါ ဆရာ။
ကုသမှုအပိုင်းအနေနဲ့ကတော့ အ တွင်းလူနာအဖြစ် အရေးပေါ်ကြပ်မတ် ကုသခန်းလိုမျိုးမှာ စနစ်တကျ ကုသမှု ခံယူဖို့လိုပါတယ်။ Tcore 41ံC ထက် ကျော်နေတာတောင်မှ အချိန်မီကုသ လိုက်နိုင်ရင် ပြန်ကောင်းပါတယ်။ အရေး အကြီးဆုံးကတော့ အချိန်မီဆေးရုံကို ရောက်ဖို့ပါပဲ။

ကာကွယ်မှုအပိုင်းကိုလည်း သိချင်ပါ တယ် ဆရာ။
ဒီတော့ အပူကြောင့် ဖြစ်ပေါ်တတ် တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုလက္ခဏာတွေကို သိရှိနားလည်ထားရပါမယ်။ အခြေခံအား ဖြင့် Common sense လို့ ခေါ်တဲ့ နေပူထဲထွက်ရင် ထီး၊ ဦးထုပ် ဆောင်းရ မယ်ဆိုတာမျိုး၊ အဝတ်အထည် ချည် ထည်လို ပါးပါး ဝတ်ရမယ်ဆိုတာမျိုး၊ လေဝင်လေထွက်ကောင်းအောင် ထား ရမယ်ဆိုတာမျိုး၊ အရိပ်ထဲ နေရမယ်ဆို တာမျိုး၊ ချွေးထွက်များရင် ဓာတ်ဆား သောက်ပေးရမယ် ဆိုတာမျိုး၊ မိတ်ထွက် လာရင် အေးနေအောင် ထားရမယ်ဆို တာမျိုး (ပျစ်ချွဲစေးကပ်တဲ့ cream တွေ မလိမ်းရပါ) ဒီလိုမျိုး Common sense တွေလည်း ရှိနေဖို့လိုပါတယ်။ ကျန်းမာ ရေးဝန်ကြီးဌာနအနေနဲ့လည်း media မျိုးစုံကနေ ပြည်သူလူထု သေသေချာ ချာ နားလည်သဘောပေါက်လာအောင် (တစ်နေ့နှစ်ကြိမ်လောက်၊ သတင်းအပြီး ဖတ်ပြတာမျိုးမဟုတ်ဘဲ) ထဲထဲဝင်ဝင် အသိပညာပေးနေဖို့ လိုအပ်ပါတယ်။

ဆရာ့အနေနဲ့ ဖြည့်စွက်အကြံပြုလိုတာများ ရှိရင်လည်း သိပါရစေ။
အရေးအကြီးဆုံးကတော့ Timely management လို့ ခေါ်တဲ့ အချိန်မီကုထုံး ရနိုင်ဖို့အတွက် နီးစပ်ရာကျွမ်းကျင်သူ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ် သလို ဆက်လက်ဆောင်ရွက်ခြင်းဖြင့် Heat stroke ဖြစ်မှုနှုန်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေ ဖြစ်ပေါ်မှုနှုန်းကို ရာနှုန်းပြည့် လျှော့ချပေးနိုင်ပါလိမ့်မယ်။

ဒေါက်တာဟိန်းရာဇာအောင် (ကထိက/ အထွေထွေရောဂါအထူးကုသမားတော်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *