နွေရာသီအတွက်လိမ္မော်ခွံမှုန့်ဆပ်ပြာ

မိုးရွာလိုက်၊ နေပူလိုက်နဲ့ ဒီလိုရာသီဥတုအခြေအနေမှာ ကျွန်မတို့ဟာ အလုပ်က ပြန်ရောက်ရောက်ချင်း ဘာမှမလုပ်ချင် မကိုင်ချင်တော့လောက် အောင် ပင်ပန်းနွမ်းနယ်ကြရပါတယ်။ အိမ်ပြန်ရောက်လို့ ခဏနားပြီး ရေချိုး တဲ့အခါမှာ အခုဖော်ပြပေးမယ့် လိမ္မော်ခွံမှုန့်ဆပ်ပြာလေးကို အသုံးပြုလိုက် ရင် ပင်ပန်းနွမ်းနယ်သမျှ ပြေပျောက်ပြီး အေးချမ်းလန်းဆန်းစွာ အိပ်ပျော် စေမှာအမှန်ပါ။ ပြီးတော့ လိမ္မော်ခွံမှုန့်က ကြေးချွတ်အာနိသင်လည်း ရှိတဲ့ အတွက် တစ်နေ့တာလုံး ဖုန်မှုန့်၊ အညစ်အကြေးတွေ ကပ်ငြိလာတဲ့အရေပြား ကို သန့်စင်စေတဲ့အစွမ်းလည်းရှိတာကြောင့် ကျွန်မတို့အတွက်တော့ ကောင်းကျိုးတွေ အများကြီးပေးတဲ့ ဆပ်ပြာလေးပေါ့။ ဒီတော့ ဒီလိမ္မော်ခွံမှုန့်ဆပ်ပြာလေးပြုလုပ်နည်းလေးကို ကြည့်လိုက်ရအောင်လား။

လိုအပ်တာတွေက . . .
– ပျားဖယောင်း နှစ်အောင်စ
– Orange Essential Oil ၁၅ စက်
– Lime or Lemon Essential Oil ၁၀ စက်
– လိမ္မော်ခွံမှုန့် ခွက်တစ်ဝက်စာ
– သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
– အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ
– သဘာဝဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ

ပြုလုပ်နည်း
– အိုးတစ်လုံးထဲမှာ သံလွင်ဆီ၊ အုန်းဆီ၊ သဘာဝဟင်းသီးဟင်းရွက် အဆီတွေကို ထည့်ပြီး မီးအေးအေးနဲ့ အပူပေးပါ။
– အဲဒီထဲကို ပျားဖယောင်း နှစ်အောင်စထည့်ပါ။
– သမအောင် မွှေပြီး ပျားဖယောင်းအရည်ပျော်ပြီဆိုရင် အဲဒီထဲကို ကျန်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ Orange Essential Oil ၁၅ စက်၊ Lemon Essential Oil ၁၀ စက်၊ လိမ္မော်ခွံမှုန့် ခွက်တစ်ဝက်စာ ထည့်ကာ သေချာမွှေပါ။
– ပါဝင်ပစ္စည်းအားလုံး ခပ်ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင် မီးဖိုပေါ်ကချပြီး ဆပ်ပြာပြုလုပ် တဲ့ mold ထဲကို ထည့်ကာ အအေးခံပါ။
– ခဲသွားပြီဆိုရင် ဆပ်ပြာတုံးလေးတွေကို အနေတော်လှီးပြီး အသင့် အသုံးပြုလို့ရပါပြီ။

-အခုဆိုရင် နေပူရှိန်ကြောင့် တစ်နေကုန်ပင်ပန်းနွမ်းနယ်သမျှအားလုံးကို ဒီဆပ်ပြာ နံ့လေးရရုံနဲ့တင် လန်းဆန်းသွားစေမှာပါ။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *