နွေရာသီ အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်

နွေရာသီမှာ ရာသီဥတုပူပြင်းတာ ကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အ တွင်းရှိ ရေနဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးမှု ပိုမိုများပြားလာပါတယ်။ အပူဒဏ်ကြောင့် ဖောရောင်တာ၊ မိတ်နဲ့ ယားနာတွေထွက် တာနဲ့ ကြွက်တက်တာ စတဲ့ ရောဂါဝေဒနာ တွေကို ခံစားရနိုင်ပါတယ်။ ရောဂါပိုမိုဆိုး ရွားလာပါက အပူဒဏ်ကြောင့် ပင်ပန်း နွမ်းနယ်တာနဲ့ မူးမေ့တာတွေ ခံစားရနိုင် ပြီး ပိုမိုပြင်းထန်ဆိုးရွားလာပါက အပူဒဏ် ကြောင့် သတိလစ်တဲ့အထိ ဖြစ်ပွားနိုင်ပါ တယ်။
အပူဒဏ်ကြောင့် ခံစားရသော ရောဂါလက္ခဏာများ
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ် ပါက အောက်ပါရောဂါလက္ခဏာတွေ ခံ စားရနိုင်ပါတယ်။
– ပျို့တာ ဒါမှမဟုတ် ဂနာမငြိမ်ဖြစ် တာ
– ကြွက်သားတွေ ကြွက်တက်တာနဲ့ အားပျော့တာ
– ခေါင်းကိုက်တာ
– ရေဆာတာ
– ကိုယ်အပူချိန်မြင့်တက်တာ
– ခေါင်းမူးနောက်တာ
– မူးမိုက်တာ
– နုံးချည့်တာ
– ချွေးအလွန်အကျွံထွက်တာ
ရောဂါပိုမိုပြင်းထန်လာခြင်း
ရောဂါပိုမိုပြင်းထန်ဆိုးရွားလာတာ၊ အပူဒဏ်ကြောင့် သတိလစ်တာ (Heat Stroke) ခံစားရပါက အောက်ပါရောဂါ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
– အရေပြားပူပြီး ခြောက်သွေ့တာ ဒါမှမဟုတ် ချွေးအလွန်အကျွံထွက်တာ
– စိတ်ရှုပ်ထွေးတာ
– သတိလစ်တာ
– တက်တာ
– ခန္ဓာကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်တာတို့ပဲ ဖြစ်ပါတယ်။

အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ
(၁) ကလေးသူငယ်တွေ၊ သက်ကြီးရွယ် အိုတွေနဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေး တိုးရောဂါအခံရှိသူတွေအနေနဲ့ နေ့လယ် နေ့ခင်းအချိန်မှာ အရိပ်ရအေးမြပြီး လေ ဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ နား နေပါ။
(၂) ပူပြင်းတဲ့နေရောင်အောက်မှာ ပင်ပန်း စွာ အလုပ်လုပ်တာနဲ့ ကိုယ်လက်လှုပ်ရှား မှု ပြုလုပ်တာကို ရှောင်ကြဉ်ပါ။
(၃) ပူပြင်းတဲ့နေရောင်အောက်မှာ သွား လာလှုပ်ရှားဖို့၊ အလုပ်လုပ်ဖို့ လိုအပ်လာ ပါက အရိပ်လုံလောက်စွာရနိုင်တဲ့ ထီး၊ ဦး ထုပ်ဆောင်းသွားပါ။ အရိပ်ရ အေးမြတဲ့ နေရာတွေမှာ ခေတ္တအနားယူတာကို မကြာခဏ ပြုလုပ်ပါ။
(၄) အလင်းပြန်တဲ့ အဖြူရောင် (ဒါမှမ ဟုတ်) အရောင်ဖျော့တဲ့ ပွပွချောင်ချောင် ချည်ထည်တွေကို ဝတ်ဆင်ပါ။
(၅) နေပူထဲက ပြန်လာပြီး ချက်ချင်း ရေချိုးတာနဲ့ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်း နား၊ ရေချိုးဆိပ်တွေမှာ အဝတ်လျှော်ဖွပ် တာ၊ ရေချိုးတာတွေကို ရှောင်ကြဉ်ပါ။
(၆) အရက်သေစာ သောက်သုံးတာ ကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရ စေပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစား ရနိုင်တာကြောင့် ရှောင်ကြဉ်ပါ။
(၇) ခန္ဓာကိုယ်အတွင်း ရေနဲ့ ဓာတ်ဆား ဓာတ်တွေ ဆုံးရှုံးမှု မဖြစ်ပေါ်စေဖို့ ရေနဲ့ ဓာတ်ဆားရည်ကို လုံလုံလောက်လောက် သောက်သုံးပါ။
(၈) မိတ်နဲ့ ယားဖုတွေ ထွက်လာပါက ရေ အေးဝတ်ကပ်တာ၊ သနပ်ခါးလိမ်းတာ တွေ ပြုလုပ်ပါ။
အပူဒဏ်အန္တရာယ် ခံစားရသော လူနာကို အရေးပေါ်ပြုစုခြင်း
အပူဒဏ်အန္တရာယ် ခံစားရတဲ့လူနာ ကို တွေ့ရှိပါက အောက်ပါအတိုင်း အရေး ပေါ်ရှေးဦးနည်းအတိုင်း ပြုစုပေးပါ။
(၁) လူနာကို အရိပ်ရအေးမြတဲ့နေရာ ဒါမှမဟုတ် လေပန်ကာရှိတဲ့နေရာ (ဒါမှ မဟုတ်) လေအေးပေးစက်ရှိတဲ့အခန်းကို ရွှေ့ပြောင်းပါ။
(၂) လူနာကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့ အမြန်ဆုံး ပို့ဆောင်ပါ။ အရိပ်ရတဲ့နေ ရာကို ပို့ဆောင်ပါ ဒါမှမဟုတ် အရိပ်ရ အောင် ဆောင်ရွက်ပေးပါ။ ဆေးရုံ၊ ဆေး ခန်းကို ပို့ဆောင်နေစဉ် ဒါမှမဟုတ် ဆ ရာဝန်၊ ကျန်းမာရေးဝန်ထမ်းနဲ့ ပြသဖို့ စောင့်ဆိုင်းနေစဉ်မှာ အောက်ပါအချက် တွေကို ဆောင်ရွက်ပါ။
(၃) လူနာရဲ့ ခြေရင်းဘက်ကို မြှင့်တင်ပေး ပြီး ပက်လက်အနေအထား ထားပါ။
(၄) လူနာရဲ့ အဝတ်အစားတွေကို ချွတ် ပေးပါ။
(၅) လူနာကောင်းစွာ သတိရနေပါက ရေ အေးအေး တိုက်ပေးပါ။
(၆) လူနာရဲ့ ကိုယ်ပေါ်ကို ရေအေးအေး ဖျန်းပေးပါ။
(၇) လူနာရဲ့လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးအေး ဒါမှ မဟုတ် ရေခဲရေ စိမ်ထားတဲ့ အဝတ်တွေ နဲ့ ရေပတ်အုပ်ပေးပါ။
(၈) လေပန်ကာရှိပါက လူနာကို ပန်ကာ လေမှုတ်ပေးပါ ဒါမှမဟုတ် ယပ်ခတ် ပေးပါ။
ခရမ်းလွန်ရောင်ခြည်အန္တရာယ်
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားစွာရှိနေတဲ့ အချိန်တွေမှာ ခရမ်း လွန်ရောင်ခြည်အန္တရာယ် ပိုမိုကျရောက် နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် လတ် တလောထိတွေ့တာကြောင့် နေလောင် တာ၊ အသားအရောင်ညိုမည်းတာတို့ ဖြစ် စေနိုင်ပြီး ထိတွေ့မှုကာလကြာတဲ့အခါ မျက်စိတိမ်စွဲတာ၊ အရွယ်မတိုင်ခင် အရေ ပြားအိုမင်းရင့်ရော်တာ၊ ခုခံအားကျဆင်း တာ၊ အရေပြားကင်ဆာဖြစ်တာ စတဲ့ ဆိုး ကျိုးတွေ ဖြစ်နိုင်ပါတယ်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
– ခရမ်းလွန်ရောင်ခြည် မြင့်မားစွာ ကျ ရောက်နိုင်တဲ့ နံနက် ၁၀ နာရီကနေ ည နေ ၄ နာရီအတွင်း နေရောင်ခြည် တိုက် ရိုက်ထိတွေ့တာကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
– အပြင်ထွက်ဖို့ လိုအပ်ပါက မိမိ အသားကို နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့စေဖို့ မျက်နှာ၊ လည်ပင်းနဲ့ ပခုံး တို့ပါ လုံခြုံတဲ့ ထီး၊ ဦးထုပ် စတာတွေ ဆောင်းသွားပါ။
စာမျက်နှာ (၁၁) သို့ á
– အဝတ်လွတ်ကင်းနေတဲ့ လက်၊ လည်ပင်းနဲ့ ပခုံး စတဲ့နေရာတွေကို သနပ်ခါးထူထူ ဒါမှမဟုတ် Sင်္ဏ ၁၅+ အထက် ပါဝင်တဲ့ နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲ မထွက်ခင် ၁၅ မိနစ် လောက် ကြိုလိမ်းပါ။ နေရောင်ခံလိမ်း ဆေးတစ်ခါလိမ်းပြီး နှစ်နာရီကြာတိုင်း တစ်ခါထပ်လိမ်းပေးပါ။
– ခရမ်းလွန်ရောင်ခြည်က မျက်စိကို လည်း ထိခိုက်စေနိုင်တာကြောင့် ခရမ်း လွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်တဲ့ နေကာမျက် မှန်ကို တပ်ဆင်သင့်ပါတယ်။
– ခရမ်းလွန်ရောင်ခြည် အလွယ်တကူ မဖောက်နိုင်တဲ့ ချည်သားထူထူပွပွ အဝတ်အထည်တွေကို ဝတ်ဆင်ပါ။
– ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါရှိသူ တွေ၊ အရက် အလွန်အကျွံ သောက်သုံးသူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးဘိုးဘွားတွေက ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ပိုမိုခံစားရနိုင်တာကြောင့် အထူး ဂရုပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။
– ကလေးငယ်တွေက လူကြီးတွေထက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ရဲ့ ဆိုးကျိုးတွေကို ပိုမိုထိခိုက်ခံစားရနိုင်တာကြောင့် လူကြီးမိဘတွေအနေနဲ့ –
(၁) အသက်တစ်နှစ်အောက် ကလေးငယ်တွေကို နေပူထဲ ခေါ်ဆောင်တာမျိုး မပြုသင့်ပါ။
(၂) ကလေးတွေကို အရိပ်ထဲမှာသာ ကစားစေပါ။
(၃) ကလေးငယ်တွေအနေနဲ့ အပြင်ထွက်ဖို့ လိုအပ်ပါက အထက်မှာ ရေးခဲ့တဲ့အတိုင်း ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်သွားဖို့ လိုပါတယ်။
ဒေါက်တာစံထား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *