ခြင်တို့ရဲ့ လျှို့ဝှက်ချက်

စိုစွတ်လာတဲ့ မိုးရာသီထဲကို ရောက် လာတာနဲ့ ကျွန်မတို့ သတိထားရမယ့် အန္တရာယ်တွေထဲမှာ ခြင်ဟာ ထိပ်ဆုံးက ပါလာပါတယ်။ ခြင်ကိုက်တာကြောင့် ယားယံပြီး အဖုအပိမ့်ထွက်တာတွေကနေ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား စတာတွေ အထိပါ ဆက်ဖြစ်လာနိုင်ပါတယ်။ က လေးငယ်တွေနဲ့လှုပ်ရှားနိုင်စွမ်းမရှိတဲ့ သူတွေဟာ ခြင်ကြောင့်ဖြစ်တဲ့ အန္တရာယ် တွေကို အများဆုံး ခံစားရတဲ့သူတွေ ဖြစ်ကြပါတယ်။ ခြင်တွေရဲ့Antennae နဲ့ ဦးခေါင်းမှာရှိတဲ့သေးငယ်တဲ့ Rece-ptors လေးတွေဟာ လူတွေဆီကနေ ထွက်တဲ့အနံ့အသက်ကို ပေ ၁၀၀ လောက် အကွာတည်းက ရနိုင်ပါတယ်။ အဲဒီကရ တဲ့အနံ့အသက်တွေပေါ်မှာ မူတည်ပြီး တော့ ခြင်တွေဟာ သူတို့ရဲ့သားကောင် တွေကို ခွဲခြားနိုင်ကြပါတယ်။ ခြင်မတွေ ဟာ သွေးထဲမှာပါတဲ့ ပရိုတင်းတွေကို အသုံးပြုပြီးမှသာ ဥတွေကို ဥချကာ မျိုး ဆက်တွေ ဆက်ပြန့်ပွားပြီး ခြင်သံသရာ ဟာ ဆက်ပြီးတော့ လည်ပတ်နေပါတယ်။ ဒီလို ခြင်နဲ့ လူကြားက ရေရှည် ပတ်သက် မှုတွေကို ဟန့်တား ရပ်တန့်နိုင်ဖို့ ဆိုရင် သူတို့အကြောင်း ကောင်းကောင်းသိဖို့ လည်း လိုပါတယ်။

၁။ ဘီယာကို နှစ်သက်ပါတယ်
ခြင်တစ်ကောင်ကို ဆွဲဆောင်နိုင်တဲ့ အကောင်းဆုံး အဖျော်ယမကာဟာ ဘီယာပါပဲ။ ဂျပန်နိုင်ငံက လေ့လာသူတွေ ကတော့ ဘီယာဟာ ခြင်ကောင်တွေ အများကြီးလာအောင် လုပ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဘီယာအမြှုပ်လေးတွေ ပေါက်ကွဲထွက်လာတဲ့အခါမှာ ထွက်ပေါ် လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေဟာ ခြင်တွေလာအောင် ဆွဲဆောင်နိုင်ပါ တယ်။ အဲဒီကာဗွန်ဒိုင်အောက်ဆိုက် တွေဟာ သွေးနွေးသတ္တဝါတွေ အနား ပတ်ဝန်းကျင်မှာ ရှိတယ်ဆိုတာကို လမ်း ညွှန်ပြနေတဲ့ ဆိုင်းဘုတ်တစ်ခုဖြစ်တာ ကြောင့် ခြင်တွေပိုနှစ်သက်တာ ဖြစ်မယ် လို့ သုတေသီတွေက ဆိုထားကြပါတယ်။

၂။ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့ကို မခံနိုင် ပါဘူး။
ခြင်တစ်ကောင်ဟာ စကားသာပြော တတ်မယ်ဆိုရင် သူအမုန်းဆုံးအရာကို မီးခိုးငွေ့လို့ ပြောမှာ ဖြစ်ပါတယ်။ အခိုး အငွေ့တွေကြားမှာ လူတစ်ယောက်ကို ခြေရာခံဖို့ရာ ခြင်တစ်ကောင်ဟာ မစွမ်း ဆောင်နိုင်သလို သူအသက်ရှင်နိုင်ဖို့ကို အတော့်ကို ရုန်းကန်နေရပါတယ်။ ဒါကြောင့်ပဲ ခြင်တွေကို မောင်းထုတ်ဖို့ သစ်ကိုင်းခြောက်တွေသုံးပြီးတော့ မီးခိုး ငွေ့တွေထွက်အောင် ပြုလုပ်ပေးလေ့ရှိ ကြပါတယ်။ အဲဒီမီးပုံထဲမှာ လာဗင်ဒါ၊ ပရုတ်၊ သံပရာ၊ ပင်စိမ်းတို့လိုအနံ့ပါတဲ့အရာတွေပါ ထပ်ထည့်လိုက်ရင်တော့ ခြင်တွေဟာ အနားကို ကပ်လာနိုင်စွမ်းကို ရှိတော့မှာ မဟုတ်ပါဘူး။

၃။ ခြင်မတွေဟာ ပိုပြီးတော့ အစား ကြူးတတ်ပါတယ်။
ခြင်မတစ်ကောင်ဟာ လူတစ် ယောက်ကို ကိုက်ပြီးတော့သူရဲ့ဗိုက်တွေ ပြည့်တင်းဖောင်းကားသွားတဲ့အထိ သွေး တွေကို စုပ်ယူနိုင်ပါတယ်။ ယေဘုယျ အားဖြင့်တော့ ခြင်မတစ်ကောင်ဟာ သွေး ၀ ဒသမ ၀၀၁ ကနေ ၀ ဒသမ ၀၁ မီလီမီတာလောက်အထိ သွေးကို စုပ်နိုင် ပါတယ်။ တကယ်လို့ သူမ သွေးစုပ်နေတဲ့ အချိန်မှာ တစ်ခုခုက ခြောက်လှန့်မောင်း ထုတ်လိုက်မယ်ဆိုရင်တောင်မှ နောက် တစ်ယောက်ဆီကို ပြောင်းပြီးတော့ သွေး စုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို သွေးတွေ အပြည့်အဝရသွားပြီးရင်တော့ ဥတွေမဥ ခင်စပ်ကြားမှာ ၂ – ၃ ရက်လောက်အထိ နားနေတတ်ပါတယ်။ ပြီးရင်တော့ သူမ ဟာ ထပ်ပြီးတော့ သွေးစုပ်ဖို့ အဆင်သင့် ဖြစ်လာပြီးတော့ လူတွေဆီကို နောက် တစ်ကြိမ် ထပ်ချဉ်းကပ်လာဦးမှာ ဖြစ်ပါ တယ်။

၎။ အို သွေးအမျိုးအစားတွေကို ပို ပြီးတော့ နှစ်သက်ပါတယ်။
ခြင်တွေကို ဆွဲဆောင်နိုင်တဲ့အရာ တွေထဲမှာ အံ့ဩစရာအကောင်းဆုံးက တော့ လူတစ်ယောက်ရဲ့မွေးရာပါ အရာ တစ်ခုဖြစ်တဲ့ သွေးအမျိုးအစားပါပဲ။ ခြင် တစ်ကောင်ဟာ တခြားသွေးအမျိုးအစား တွေထက်အိုသွေးကို ပိုပြီးတော့ နှစ်သက် ပါတယ်။ ၂၀၀၄ ခုနှစ်က The Institute of Pest Control Technology မှာ ပြု လုပ်ခဲ့တဲ့ လေ့လာမှုတွေအရတော့ ခြင် တွေအတွက် အသင့်တော်ဆုံး သွေးအ မျိုးအစားဟာ အိုဖြစ်နေတာကြောင့် ဒီလိုမျိုး ဆွဲဆောင်နိုင်တာလို့ ဆိုထားပါ တယ်။ ဒါပေမဲ့ သူတို့ကတော့ အေသွေး အမျိုးအစားတွေကို သိပ်ပြီးတော့ မနှစ် သက်ကြပါဘူး။

၅။ စေးကပ်နေတဲ့ချွေးတွေကို ပိုနှစ် သက်ပါတယ်။
ခြင်တွေ လူအနားမှာကပ်အောင် ဆွဲခေါ်ပေးတဲ့အရာတွေထဲမှာ ချွေးထွက် တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ဘက်တီးရီး ယားတွေနဲ့လက်တစ်အက်စစ်လိုChemicals တွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မိမိတို့ရဲ့အိမ်အပြင်မှာ လေ့ကျင့်ခန်း လုပ်လေ့လုပ်ထ ရှိတဲ့သူတွေဟာ တခြား သူတွေထက် ခြင်ကိုက်တာကိုခံရပါတယ်။ ခြင်တွေဟာ အဲ့ဒီအရာတွေကို အလွယ် တကူပဲ ခြေရာခံနိုင်ပြီးတော့ လူအနားကို မြန်မြန်ရောက်လာပါတယ်။ အထူးသဖြင့် တော့ အရောင်ရင့်တာတွေဟာ အပူတွေ ကို ပိုထုတ်နိုင်ပြီး ချွေးထွက်စေတာ ကြောင့် ခြင်တွေကို လမ်းပြပေးရာရောက် နေတတ်ပါတယ်။ ဒါကြောင့်ပဲ အပြင်မှာ အားကစားလုပ်တတ်တဲ့သူတွေအဖို့ အရောင်ဖျော့ဖျော့အဝတ်အစားတွေကို ဝတ်ဆင်ထားရင် တခြားသူတွေထက် ခြင်ကိုက်ခံရတဲ့ အန္တရာယ်နည်းတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီလိုပဲ ကျွန်မတို့ ချွေးထွက်တဲ့အချိန်မှာ အရေပြားကနေ ထုတ်ပေးနိုင်တဲ့ဘက်တီးရီးယားတွေ ဟာ ခြင်တွေကို ဆွဲဆောင်နိုင်ပါတယ်။

၆။ ခြင်လုံဆန်ခါတွေဟာ ခြင်တွေ ကိုအပြည့်အဝ မကာကွယ်နိုင်ပါ ဘူး။
ကလေးငယ်တွေ ရှိတဲ့အိမ်အများစု ဟာ ခြင်လုံဆန်ခါတွေကို ပြတင်းပေါက် တွေ၊ အိမ်တံခါးတွေမှာ တပ်ဆင်ပြီးတော့ ခြင်ဝင်တာကို ကာကွယ်ထားတတ်ကြ ပါတယ်။ တကယ်တမ်းတာ့ သူတို့ဟာ ခြင်တွေကို လုံးဝ ဟန့်ထားနိုင်တာမဟုတ် ပါဘူး။ အနည်းငယ်လောက် ပေါက်ပြဲ သွားတဲ့နေရာလေးကနေ ခြင်ကောင်တွေ အများကြီးဝင်လာနိုင်ပါတယ်။ ဒါကြောင့် ပဲ ခြင်လုံဆန်ခါကွက်လေးမှာ နည်းနည်း လေးဟနေတာလေးတစ်ခုကို မြင်တာနဲ့ ချက်ခြင်း ဖာထေးနိုင်ဖို့ ကြိုးစားသင့်သလို ခြင်ဝင်လာနိုင်ခြေရှိတဲ့နေရာတွေကို ပိတ် ထားသင့်ပါတယ်။ ဒါတွေအပြင် ခြင်တွေ ဟာ အပူကို ကြိုက်နှစ်သက်တာကြောင့် အခန်းထဲမှာ အေးနေအောင်လုပ်ထားရင် ခြင်ကိုက်ခံရနိုင်ခြေနည်းသွားပါတယ်။ အဲကွန်းဟာ အကောင်းဆုံး ဆိုပေမယ့် လည်း ပန်ကာလေကလည်း သွေးစုပ်ဖို့ အားယူနေတဲ့ ခြင်တွေကို အနားမကပ်နိုင် အောင် ဟန့်တားပေးနိုင်ပါတယ်။

၇။ ပေါက်ဖွားဖို့ရာ ရေနည်းနည်း သာ လိုအပ်ပါတယ်။
ခြင်တွေပေါက်ဖွားဖို့အတွက် ကြီး မားကျယ်ပြန်တဲ့ ရေအိုးရေအိုင်တွေ မလိုအပ်ပါဘူး။ အိမ်မှာ အလှပန်အိုးထဲက ရေနည်းနည်းလေးမှာ ပေါက်နိုင်သလို ရေဘုံဘိုင်ခေါင်းက တစက်စက်ကျနေ တဲ့ရေကို ခံထားတဲ့ ရေခွက်ထဲမှာလည်း ခြင်တွေအများကြီး ပေါက်ဖွားနိုင်ပါတယ်။ ပန်းခြံထဲက ပန်းအိုးတွေ၊ ရေပုံးရေခွက်၊ တာယာ၊ အရုပ်၊ အမှိုက်ပုံး၊ ရေမြောင်း ငယ်စတဲ့နေရာတွေဟာ ခြင်တွေ အခြေ တည်ရာ နေရာကောင်းတွေပါပဲ။ ခြင်တွေ ရဲ့အရေးကြီးတဲ့ ဖြစ်စဉ်ပြောင်းလဲမှုတွေ ဟာ ရေထဲမှာ ဖြစ်ပွားတတ်တာကြောင့် ခြင်တွေကို နှိမ်နင်းတော့မယ်ဆိုရင် ရေ ကို သတိထားဖို့လိုအပ်ပါတယ်။

၈။ သဘာဝ ခြင်နှင်ဆေးတွေကို ပိုပြီးတော့ ကြောက်ကြပါတယ်။
ခြင်ဆေးခွေ၊ ဖျန်းဆေး၊ ခြင်ပြေးတဲ့ ပလာစတာ စတဲ့ ခြင်ကို နှိမ်နင်းတဲ့အရာ တွေ အများကြီး ရှိပေမယ့် အဲ့ဒီအထဲကမှ အထိရောက်ဆုံးနဲ့ လူတွေကို အန္တရာယ် ပေးတာ အနည်းဆုံးကတော့သဘာဝ ခြင်နှင်ဆေးတွေပါပဲ။ သံပရာ၊ ပင်စိမ်းနဲ့ ယူကလစ်ဆီတွေပါပဲ။ သူတို့ပါဝင်တဲ့ Chemicals တွေဟာ ခြင်တွေရဲ့ဇီဝဖြစ် စဉ်တွေကို ဟန့်တားဖျက်ဆီးကာ အလျင် အမြန်သေစေတတ်ပါတယ်။

၉ ။ သန့်ရှင်းသပ်ရပ်တဲ့ ပန်းခြံတွေ ထဲမှာ ခြင်တွေ မနေနိုင်ပါဘူး။
နောက်ထပ် ခြင်တွေ မခိုကပ်နိုင်တဲ့ နေရာဟာ စနစ်တကျ စိုက်ပျိုးထားတဲ့ ပန်းခြံနဲ့ ပန်းအိုးတွေပါပဲ။ ချုံနွယ်တွေ ပိန်းပိတ်နေပြီး အလင်းရောင် ကောင်း ကောင်းမရတဲ့ ပန်းခြံတွေထဲမှာ ခြင်တွေ ဟာ ထောင်ပေါင်းများစွာ ခိုအောင်းနေ တတ်ပါတယ်။ ဒါပေမဲ့ စနစ်တကျ ရေ လောင်းပေါင်းသင်ပြီးတော့ ရေနုတ် မြောင်းသပ်သပ်ရပ်ရပ်ရှိတဲ့ ပန်းခြံမျိုးမှာ တော့ ခြင်တွေ မနေနိုင်ပါဘူး။ အထူးသ ဖြင့် ပန်းခြံတွေထဲမှာ ကြက်သွန်၊ ငရုတ် တို့လိုအပင်မျိုးလေးတွေညှပ်ပြီးတော့ ထည့်ထားပေးရင် ခြင်တွေ ခိုအောင်းလာ နိုင်ခြေကပိုပြီးတော့ နည်းသွားတတ်ပါ တယ်။

၁၀။ ရေမွှေးတွေကို မနှစ်သက် ပါဘူး။
ဘယ်လို ရေမွှေးအမျိုးအစားတွေ၊ ဘယ်လောက်ကောင်းတဲ့ ရေမွှေးအမျိုးအ စားတွေပဲ ဖြစ်ဖြစ်၊ ခြင်တွေဟာ ခံနိုင်ရည်မ ရှိပါဘူး။ ရေမွှေးမှာ ပါဝင်တဲ့ များပြားလှ တဲ့ Chemicals တွေထဲကမှ ဘယ်တစ်ခု ဟာ ခြင်တွေကိုကာကွယ်နိုင်တယ်လို့ အ တိအကျပြောရတာ ခက်ပေမယ့် ရေမွှေး ဆွတ်ထားတဲ့သူကို ခြင်ကိုက်နိုင်ခြေက အတော့်ကို နည်းပါးပါတယ်။ ဒါဇင်လိုက် ပါဝင်နေတတ်တဲ့ အမွှေးနံ့ပေးတဲ့Chemicals တွေထဲကမှ တစ်ခုနှစ်ခုဟာ ခြင်တွေကို နှင်ထုတ်နိုင်စွမ်းရှိတာကြောင့် ဒီလိုမျိုးတွေ ဖြစ်ရတယ်လို့ လေ့လာသူ တွေက ဆိုထားကြပါတယ်။ တချို့သူတွေ ကတော့ ခြင်တွေဟာ အမွှေးနံ့တွေထက် ကာဗွန်ဒိုင်အောက်ဆိုက်အနံ့ကို ပိုနှစ် သက်တာကြောင့် ရေမွှေးနံ့ရတဲ့သူတွေဆီ ကို မလာနိုင်တာဖြစ်တယ်လို့ သုံးသပ် ထားကြပါတယ်။

၁၁။ ကိုယ်ဝန်ဆောင်သည်တွေကို ပိုကိုက်နိုင်ပါတယ်။
ခြင်တွေ အနားကို မြန်မြန်ရောက် လာစေတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင် သည်တွေလည်း ပါဝင်ပါတယ်။ သူတို့ ဟာ တခြားသူတွေထက် ခြင်ကိုက်ခံရနိုင် ခြေ နှစ်ဆလောက် များနေပါတယ်။ အ ကြောင်းကတော့ သူတို့ဟာ တခြားသူ တွေထက် ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထွက်တာများတာ၊ အပူချိန်မြင့်တာနဲ့ သွေးလှည့်ပတ်စီးဆင်းမှုများနေတာ တွေကြောင့် ဖြစ်ပါတယ်။

၁၂။ ကာဗွန်ဒိုင်အောက်ဆိုက်ကို အနှစ်သက်ဆုံးဖြစ်ပါတယ်။
ခြင်တွေကို ဆွဲဆောင်နိုင်တဲ့ အမြင့် ဆုံး အရာကတော့ ကျွန်မတို့ ရှူထုတ်လိုက် တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပါပဲ။ အသက် ရှူထုတ်လိုက်ချိန်တိုင်းမှာ ထွက်သွားတဲ့ lactic acid, octenol, uric acid and fatty acids တွေဟာ carbon dioxide cocktail အဖြစ်နဲ့တည်ရှိနေပြီးတော့ ခြင် တွေကို လူနံ့ရအောင် လှုံ့ဆော်ပေးနေပါတယ်။

၁၃။ ဆားဓာတ်စားတာများတဲ့ သူ တွေကို ခြင်တွေကို နှစ်သက်ပါ တယ်။
ခြင်တွေ နောက်ထပ် ကြိုက်နှစ် သက်တဲ့အရာတွေကတော့ ဆားဓာတ် တွေပါပဲ။ အထူးသဖြင့်တော့ ပိုတက်စီ ယမ်နဲ့ ဆိုဒီယမ်တွေပါပဲ။ ဒါကြောင့်ပဲ ငှက်ပျောသီး၊ ထောပတ်သီးနဲ့ အသီး ခြောက်စားတာ များတဲ့သူ၊ အငန်စားတာ များတဲ့သူတွေဟာ တခြားသူတွေထက် ခြင်ကိုက်တာ ပိုပြီးတော့ ခံရနိုင်ပါတယ်။

၁၄။ ခြင်တွေဟာ Leggings တွေ ကို ပိုနှစ်သက်ပါတယ်။
အမျိုးသမီးတွေအတွက် ခြင်ကိုက် နိုင်ခြေပိုများစေတဲ့အရာတွေထဲမှာ Leggings တွေကို တစ်စိုက်မတ်မတ် ဝတ်ဆင်တာလည်း ပါဝင်ပါတယ်။ တချို့ သူတွေကတော့ ခြေထောက်အရှည်လိုက် ဖုံးထားပေးတဲ့ တင်းကျပ်တဲ့ ဒီလိုအဝတ် အစားဟာ ခြင်ကိုက်ခံရတာကို ဟန့်တား နိုင်တဲ့ အိုင်ဒီယာကောင်းလို့ ထင်မြင်နေ တတ်ပါတယ်။ တကယ်တမ်းတော့ တင်း ကျပ်နေတဲ့ အဝတ်အစားတွေဟာ ခြင် တစ်ကောင်ရဲ့နှာမောင်းလေးထိုးသွင်းဖို့ အတွက် လွယ်ကူတဲ့အနေအထားကို ဖန်တီးပေးထားတတ်ပါတယ်။ ခြင်တွေ ဟာ ပွပွချောင်ချောင်ဝတ်ထားတဲ့ အဝတ် အစားပေါ်မှာ လာနားပြီး အရေပြားကို ထိ တွေ့ဖို့၊ သွေးစုပ်ဖို့ ခက်ခဲပါတယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *