ပြည်သူတွေ ကောင်းမွန်တဲ့ဆေးတွေ ရရှိနိုင်အောင်

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနအနေနဲ့ လက်ရှိဆောင်ရွက်နေတာတွေ နဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ် တွေကို ပြောပြပေးပါဆရာ။
ကျွန်တော်တို့ရန်ကုန်မြို့ရဲ့ မြို့တွင်း မြို့နယ်တွေမှာ ဆေးဆိုင်တစ်ဆိုင်ရဲ့ အ ရည်အသွေးနဲ့မကိုက်ညီတဲ့ ဆေးဆိုင် တွေကို တွေ့ရပါတယ်။ ပန်းဘဲတန်းတို့၊ ကျောက်တံတားမြို့နယ်တွေမှာဆို လှေ ကားရင်းမှာရောင်းနေတဲ့ ဆေးဆိုင်တွေ ရှိတယ်။ အဲဒါတွေက စည်းမျဉ်းစည်း ကမ်းတွေနဲ့ မကိုက်ညီဘူး။ အဲဒီဆေးဆိုင် တွေက ကာမအားတိုးဆေးတွေ၊ အမျိုး သားဆေးတွေ၊ ဥပဒေအရတားမြစ်ထား တဲ့ ဆေးတွေရနိုင်တယ်။ ပြီးတော့ ၁၀ ပေပတ်လည်လောက်ရှိတဲ့ အခန်းလေး ထဲမှာ ဆေးတွေအများကြီး စုပုံပြီးရောင်း ချနေကြတယ်၊ မိုးရေနဲ့မထိသင့်တဲ့ဆေး တွေက မိုးရေမလုံတာတွေရှိနေတယ်။ နောက်တစ်ခုက ရေခဲစိမ်ဆေးတွေက ရေခဲမစိမ်ဘဲ ရောင်းချနေကြတယ်၊ ဒါတွေ ကို ကျွန်တော်တို့အသင်းအဖွဲ့အနေနဲ့ စစ်ဆေးမှုတွေလုပ်ပြီး ၂၀၂၁ ခုနှစ် လောက်မှာ ဆေးဆိုင်တစ်ဆိုင်ရဲ့စံနှုန်းနဲ့ မကိုက်ညီရင် လိုင်စင်သက်တမ်းတွေ တိုးမပေးဖို့ကို ပြန်လည်သုံးသပ်လုပ် ဆောင်သွားဖို့ရှိတယ်။

ဆေးရောင်းချသူတွေမှာ ဘယ်လိုစည်းကမ်း မကိုက်ညီမှုတွေ တွေ့ရပါသလဲ။
ကျွန်တော်တို့ဆေးဆိုင်တွေကို စစ် ဆေးတဲ့အခါ ဆေးဆိုင်တစ်ဆိုင်မှာ ရေခဲ ဆေးတွေကို အပြင်မှာထားပြီးရောင်းနေ တာကိုတွေ့ရတယ်။ အဲဒါတွေဆိုရင် အ ရေးယူရတယ်။ ပြီးတော့ဆေးကုမ္ပဏီ တွေကိုလည်းပြောရတယ်။ ဘာလို့လဲဆို တော့ ကုမ္ပဏီတွေက ပစ္စည်းတွေတင်မက အဲဒီဆေးဆိုင်က ရေခဲဆေးကို ရေခဲ သေတ္တာနဲ့ထားနိုင်လားဆိုတာကို ကြည့် ဖို့လိုပါတယ်။ ကိုယ်ပစ္စည်းက စနစ်တကျ မထားတဲ့နေရာတွေမှာ သွားပြီးရောင်းနေ ရင် ဆရာဝန်ကသုံးပြီး လူနာတွေတစ်ခုခု ဖြစ်ရင်လည်း မကောင်းဘူးလေ။ ကိုယ့် ပစ္စည်းရောင်းရရုံတင်မဟုတ်ဘဲ ကိုယ် ရောင်းမယ့်ပစ္စည်းကို အရည်အသွေးပြည့် ပြည့်စုံစုံနဲ့ထားနိုင်ရဲ့လားလို့ ပြန်ကြည့်ဖို့ လိုတယ်။ လိုအပ်ရင်လည်း လက်အိတ် တွေနဲ့ကိုင်ဖို့လိုပါတယ်၊ လက်အိတ်ပါတာ က ကိုယ့်ဆီကပိုးတင်မဟုတ်ဘဲ ကိုယ်နဲ့ မတည့်တဲ့ ဆေးတွေရှိနိုင်တာကြောင့် ဖြစ်တယ်။

ထိန်းချုပ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး ဆရာတို့ အနေနဲ့ ဘာတွေလုပ်ဆောင် သွားဖို့ရှိပါ သလဲ။

ထိန်းချုပ်ဆေးဝါးမှာ သာမန်နဲ့ အ ထူးဆိုပြီး နှစ်မျိုးရှိပါတယ်။ သာမန်ထိန်း ချုပ်ဆေးဝါးထိကိုတော့ မြို့နယ်ကပေး ပါတယ်။ အထူးထိန်းချုပ်ဆေးဝါးကိုတော့ အထူးကုဆေးဆိုင်ကြီးတွေရဲ့ ဆေးဆိုင် တွေမှာ နေပြည်တော်ကိုလျှောက်ရပြီး ဗဟိုကနေ ပေးပါတယ်။ ဆရာဝန်ဆေး òန်းစာတွေကို လစဉ်စာရင်းလုပ်ပြီး နေ ပြည်တော်ကို ပို့ရပါတယ်။

သက်တမ်းကုန်ဆေးဝါးတွေနဲ့ပတ်သက်ပြီး ဆရာတို့အနေနဲ့ ဘာတွေလုပ်ဆောင်နေပါ သလဲ။
တချို့ကုမ္ပဏီတွေရဲ့ သက်တမ်း ကုန်သွားတဲ့ဆေးဝါးတွေ၊ ဆေးခန်းတွေ ရဲ့ သက်တမ်းကုန်သွားတဲ့ ဆေးဝါးတွေ ကို စုပြီး သက်ဆိုင်ရာမြို့နယ် တီအမ်အို နဲ့ညှိနှိုင်းပြီး သက်ဆိုင်ရာစည်ပင်တွေက သတ်မှတ်ထားတဲ့နေရာတွေမှာ မြေမြှုပ် ဖျက်ဆီးတာတွေရှိတယ်။ ဆေးဝါးသို လှောင်တဲ့အခါလည်း သူရဲ့ကွန်တိန်နာ ထဲမှာပဲ မပျောက်မပျက်သိမ်းရတယ်။

ဆေးဝါးအသစ်တွေတင်သွင်းလာတဲ့အခါ ဘယ်လိုစစ်ဆေးမှုတွေပြုလုပ်ပါသလဲ ဆရာ။
ကျွန်တော်တို့ ၂၀၁၈ ခုနှစ် ဖေဖော် ဝါရီ လလောက်ကတည်းက ဆေးဝါးအ သစ်တွေကို အင်တာနက်ကနေ လျှောက် လို့ရအောင် စီစဉ်ထားတယ်။ ဆေးဝါးဌာန အနေနဲ့ ပရီမားကက်နဲ့ပူးပေါင်းဆောင် ရွက်နေတာတွေရှိတယ်။ ပရီမားကက်မှာ ဆေးဝါးမှတ်ပုံတင် လျှောက်တယ်။ မှတ်ပုံတင်လျှောက်ထား တဲ့အခါ လျှောက်တဲ့အရာတွေကို စစ်ဆေး ရတယ်။ ဓာတ်ခွဲခန်းပို့ပြီး သက်ဆိုင်ရာ ဆေးဝါးအကြံပေးကုမ္မဏီကို တင်ပြရ တယ်။ ပြီးမှ ကျွန်တော်တို့က အိုဂျီနဲ့ ဆိုင်တဲ့ဆေးကို အိုဂျီပေးသုံးတယ်၊ ကင် ဆာနဲ့ဆိုင်တဲ့ဆေးကို ကင်ဆာဌာနကို ပေးသုံးပြီး အဲဒီကဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေဆီက အကြံဉာဏ်တွေ၊ ပစ္စည်းတကယ်ကောင်းရဲ့လားဆိုတဲ့ သဘောထားမှတ်ချက်ကို ပြန်တောင်းယူ ရပါတယ်။ ပြီးတော့ ဆေးဝါးတင်သွင်း တဲ့အခါ တင်သွင်းလာတဲ့ ကုမ္မဏီတွေရဲ့ သိုလှာင်ရုံတွေကို စစ်ဆေးရတယ်။ ဆေး ဝါးထုတ်လုပ်တဲ့အခါ ဂျီအမ်ပီနဲ့ ညီ မညီ စစ်ဆေးရတယ်။

ပြည်သူတွေအနေနဲ့ ဘယ်လိုဆေးမျိုးကို ယုံ ယုံကြည်ကြည်သုံးစွဲသင့်ပါသလဲဆရာ။
ပြည်ပကနေတင်သွင်းလာတဲ့ တင် သွင်းပစ္စည်းက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အထိ စုစုပေါင်း နှစ်သောင်းကျော်ရှိပါပြီ။ ဆေးတွေကို ပရီမားကက်စစ်ဆေးပြီး ပို့စ်မားကက်နဲ့ ကျန်တိုင်းနဲ့ပြည်နယ်မှာ ရှိတဲ့ အက်ဖ်ဒီအေကနေ လစဉ် ပီအမ် အက်စ်လုပ်ပြီးတော့ ရီဂျက်စလေးရှင်း ရှိတဲ့ဆေးတွေကို နိုင်ငံတော်ရဲ့ ငွေကြေး နဲ့ဝယ်ပြီးတော့ ကျွန်တော်တို့တွေက ပြန်ပြီး စိစစ်နေပါတယ်။ လူထုကိုပြောချင် တာက ရီဂျက်စလေးရှင်းရှိတဲ့ ဆေးကိုပဲ သုံးစေချင်ပါတယ်။ ရီဂျက်စလေးရှင်း မရှိတဲ့ဆေးတွေကို စိစစ်တာမဟုတ် တော့ အရည်အသွေးအာမခံ ဘာမှန်း မသိနိုင်ပါဘူး။ ဈေးကွက်ကနေဝယ်ပြီး စစ်ဆေးထားတဲ့ဆေးတွေကို စစ်ဆေးဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ပြည်တွင်းထုတ် လုပ်တဲ့ ထုတ်ကုန်က ၃၀၀ ကျော်ပါ။ ဆေးဝါးတင်သွင်းတဲ့ ကုမ္မဏီပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ဆေးဝါးစက်ရုံက ယခု လက်ရှိ ၁၃ ရုံရှိပါတယ်။

ရှေ့ဆက်ပြီး ဆရာတို့အနေနဲ့ ဘာတွေလုပ် ဆောင်သွားဖို့ရှိပါသလဲ။
နောက်ပိုင်းမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဆေးဝါးတွေ၊ မှတ်ပုံတင်ပယ်ဖျက် ထားတဲ့ဆေးဝါးတွေ၊ ဆေးဝါးအတုလို့ ကြေငြာထားတဲ့ဆေးဝါးတွေ၊ စပ်ဆေး တွေ၊ ရောနှောဆေးဝါးတွေ၊ မသုံးစွဲတာ ကောင်းပါတယ်။ ခွင့်ပြုချက်တစ်စုံ တစ် ရာမရှိဘဲ လုပ်ဆောင်နေရင် ဆေးဝါး ဥပဒေအရ အရေးယူဆောင်ရွက်လို့ရ တယ်။ မှတ်ပုံတင်ထားတဲ့ဆေးဝါးကို လည်း ခွင့်ပြုထားတဲ့ကုမ္ပဏီကပဲ တင် သွင်းလို့ရတာဖြစ်တယ်။ ဒါကြောင့် အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနအနေနဲ့ ပတ်သက်ပြီး ထုတ်လုပ်တာ တွေက ရောင်းချတာတွေအထိကို ကောင်း မွန်တဲ့ဆေးဝါးရောင်းချမှုကျင့်စဉ်တွေ ဖြစ်လာအောင် လုပ်ဆောင်နေပါတယ်။

ဒေါက်တာမျိုးဇာနည်စော
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး
ဦးစီးဌာန

မေသက်ဇော်
ပြန်လည်ရေးသားသည်။

Post Author: Good Health Journal