ပြုလုပ်သင့်သော နံနက်အိပ်ရာထ အမူအကျင့်များ

ယနေ့ခေတ်လိုမျိုး ကျောင်း၊ အလုပ် ဒါမှမဟုတ် တခြားအကြောင်း ကြောင်းတွေရဲ့ ဖိအားတွေကြောင့် စိတ် ဖိစီးမှုများတဲ့ ဘ၀နေထိုင်မှုပုံစံကို ရရှိ နေကြပါတယ်။ ဒီလိုဖိစီးမှုများတာကြောင့် ညဘက် အိပ်မပျော်တာတွေ၊ အိပ်ရာဝင် နောက်ကျတာတွေ ဖြစ်လာပြီး မနက် ပိုင်းမှာ တော်ရုံနဲ့ အိပ်ရာကမထနိုင်ကြ တော့ပါဘူး။ မနက်အိပ်ရာထခါစမှာ ကြည်ကြည်လင်လင် စွမ်းအင်အပြည့်နဲ့ နိုးထလာနိုင်အောင် ဖော်ပြပါအမူအကျင့် တွေကို နေ့စဉ် မနက်တိုင်း ပြုမူသင့်ပါ တယ်။

မနက်နိုးနိုးချင်း အိပ်ရာမှထပါ
သင်ဟာ နာရီနှိုးစက်မြည်တာ ကြောင့်ပဲဖြစ်ဖြစ်၊ မိမိဘာသာ အလို အလျောက်ပဲဖြစ်ဖြစ် အိပ်ရာက နိုးလာ ရင် အိပ်ရာကထလိုက်ပါ။ နိုးနိုးချင်းအိပ် ရာက မထဘဲ ဟိုဘက်ဒီဘက်လှိမ့်တာ၊ နှပ်နေတာတွေက ပြန်လည်အိပ်ချင်စိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် အိပ် ရာစောစောထတာက တစ်နေ့တာလုံး အတွက် စွမ်းအင်အပြည့်အဝ ရရှိနိုင်ပါ တယ်။

ရေသောက်ပါ
သင့်ခန္ဓာကိုယ်က သင်အိပ်နေစဉ် ခြောက်နာရီ-ရှစ်နာရီလောက် ရေမရရှိ ဘဲ နေရပါတယ်။ သင့်အနေနဲ့ အိပ်ရာထဲ မှာ ကာယလှုပ်ရှားမှုတစ်မျိုးမျိုးကို မပြု လုပ်ပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာ (ဥပမာ အစာခြေတာ၊ အသက်ရှူတာ၊ ပျက်စီးနေတဲ့ဆဲလ်တွေ ကို ပြန်လည်ပြုပြင်တာ)တွေက ညအိပ် ပျော်နေစဉ်မှာလည်း ဆက်လက်လုပ် ဆောင်နေရပါတယ်။ ဒီလုပ်ငန်းဆောင် တာတွေကြောင့် ခန္ဓာကိုယ်က ရေငတ် လာနိုင်ပါတယ်။ ဒါကြောင့် မနက် အိပ်ရာ ထထချင်းမှာ ရေနှစ်ဖန်ခွက်လောက် သောက်ပေးပါ။

အကောင်းမြင်ပါ
မနက်အိပ်ရာထခါစမှာ သင် ပြု လုပ်ထားတဲ့ ကောင်းတာတွေကို တွေးပြီး ပါးစပ်ကနေ ကျယ်ကျယ်လေး ထုတ် ပြောလိုက်ပါ။ သင့်အတွက် စွမ်းအင် အပြည့်အဝ ရရှိနိုင်ပြီး သင့်လုပ်ငန်း တွေကိုလည်း တွင်ကျယ်အောင် ပြုလုပ် နိုင်ပါတယ်။
ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်ပါ
တစ်ညတာ ခြောက်နာရီကနေ ရှစ်နာရီလောက် အိပ်စက်နေချိန်မှာ လှုပ်ရှားမှုမရှိတဲ့အတွက် မနက်အိပ် ရာထခါစမှာ ဆွဲဆန့်လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်း တွေက ရိုးရိုးလမ်းလျှောက်တာလောက်နဲ့ မရရှိနိုင်တဲ့ အဆစ်နဲ့ ခန္ဓာကိုယ်ရဲ့ သန်မာမှုကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။

မနက်စာ စားသုံးပါ
မနက်ပိုင်းအချိန်မှာ အချိန်လုနေ ကြရတာကြောင့် မနက်စာကို သေချာ ပြင်ဆင်ပြီး ချက်ပြုတ်စားသောက်ဖို့ မလွယ်ကူလှပါဘူး။ ဒါကြောင့် စွမ်းအင် အပြည့်အဝရရှိပြီး အလွယ်တကူ စား သောက်နိုင်တဲ့အစားအစာမျိုးကို ရွေး ချယ်ရပါမယ်။ ဥပမာအားဖြင့် စွမ်းအင်ကို ချက်ချင်းရရှိနိုင်ပြီး အလွယ်တကူ သယ် ယူနိုင်တဲ့ ငှက်ပျောသီးလိုမျိုး အစား အစာတွေကို စားသုံးပေးနိုင်ပါတယ်။

သတင်းစာ/ဂျာနယ်တွေကို ဖတ်ပါ
မနက်ပိုင်းဟာ စိတ်အေးချမ်းတဲ့ အချိန်ဖြစ်နေတဲ့အတွက် ဘာအလုပ်မှ မပြုလုပ်ခင်မှာ ဗဟုသုတရရှိအောင် သတင်းစာ၊ ဂျာနယ်တွေကို ဖတ်သင့် ပါတယ်။

တစ်နေ့တာလုံးအတွက် အစီအစဉ်ဆွဲပါ
တစ်နေ့တာလုံး သင်အလုပ်လုပ်ဖို့ အတွက် အစီအစဉ်တွေကို အချိန်ခွဲပြီး ရေးမှတ်ထားပါ။ အလုပ်တစ်ခုပြီးတိုင်း အမှန်ခြစ်လိုက်တာက သင်အလုပ်ပြီး မြောက်ဖို့အတွက် စွမ်းအင်နဲ့ တွန်းအား တွေ ပိုမိုရရှိနိုင်ပါတယ်။

ကျေးဇူးတင်ပါ
သင့်အလုပ်ပြီးမြောက်ဖို့အတွက် ကူညီသူတွေအားလုံးကို ကျေးဇူးတင် စကား ပြောပေးပါ။ ချီးမြှောက်သင့် သူတွေကို ချီးမြှောက်ပေးပါ။ ဒီလိုပြု လုပ်တာက သင့်မှာ မကောင်းမြင်စိတ် ရှိခဲ့ရင်တောင်မှ ဒါတွေက ဖုံးလွှမ်းသွားပါ လိမ့်မယ်။

ပြုံးပါ
ပြုံးတာ၊ ရယ်တာတွေကြောင့် ဦး နှောက်ကနေ စိတ်ပျော်ရွှင်မှုကောင်းမွန် စေတဲ့ ဟော်မုန်း အောက်ဆီတိုစင်တွေ ထွက်ရှိလာနိုင်ပါတယ်။ ပြုံးတာကြောင့် ပျော်ရွှင်မှုပိုမိုရရှိနိုင်ပြီး အကောင်းမြင် စိတ်တွေ ဖြစ်ပေါ်လာကာ တစ်နေ့တာလုံး အလုပ် လုပ်နိုင်ဖို့အတွက် ခွန်အားတွေ ရရှိသွားနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *