ဖြည့်စွက် Supplement တွေမသောက်ခင် ဘာကြောင့် ဆရာဝန်နဲ့တိုင်ပင်သင့်ပါသလဲ

Supplements လို့ဆိုလိုက်ရင် တချို့ကတော့ ဖြည့်စွက်စားသောက်ရတဲ့ အစားအသောက်တွေလို့သာ ထင်ကြပါလိမ့်မယ်။ သူ့အထဲမှာတော့ အပင်အနှံတွေကနေရတဲ့ တိုက်ရိုက်စားသောက်လို့ရတဲ့ အစားအစာတွေ၊ အပင်အနှံတွေကနေတိုက်ရိုက် ဖော်စပ်ထားတဲ့ ဆေးဝါးတွေ၊ အားဆေးတွေ စတာတွေအကုန်လုံး ပါဝင်ကြပါတယ်။ သူတို့ဟာ ကျွန်မတို့အနားပတ်ဝန်းကျင်မှာ နာမည်ပေါင်းမျိုးစုံ၊ ပုံစံမျိုးစံနဲ့ ရှိနေတတ်ပါတယ်။ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတဲ့အချိန်မှာ ထုတ်လုပ်သူ၊ တစ်ဆင့်ပြန်လည် ရောင်းချလိုသူတွေဟာ ထိရောက်တဲ့ ကြော်ငြာပုံစံအမျိုးမျိုးနဲ့ သူတို့ကို အလွယ်တကူရောင်းချတာမျိုးတွေပါ ရှိလာကြပါတယ်။ ဒီလိုမျိုးလက်တစ်ကမ်းအကွာမှာရှိနေတဲ့ Supplements တွေဟာ ကျွန်မတို့ လိုအပ်တဲ့ အာနိသင်တွေ အကုန်ပေးနိုင်မှာမဟုတ်သလို သူတို့အကုန်လုံးဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကနေ ခွင့်ပြုချက်ရယူထားပြီးတွေ မဟုတ်နိုင်ဘူးဆိုတာကိုကျွန်မတို့ သတိချပ်ဖို့လိုအပ်ပါတယ်။ ဒါတွေအပြင် သူတို့ကိုအလွယ်တကူ၊ မိမိတို့သဘောကျ သလောက်မသုံးသင့်တဲ့ နောက်ထပ်အကြောင်းပြချက်တွေ ကျန်နေပါသေးတယ်။

၁။ ဆရာဝန်ဟာ သင့်တော်တဲ့အရာကို ညွှန် ကြားပါလိမ့်မယ်။
မိမိကိုယ်မိမိ ရောဂါရှာဖွေတာဟာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက် ဟာ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မျိုးမှာ ကိုယ်ဝန်ဆောင်အားဆေးမျိုးကို လိုအပ် နေတာမှန်ပေမယ့် လူတိုင်းကတော့ဗီတာ မင်ဒီ၊ ဗီတာမင် ဘီ ၁၂ စတာတွေပါဝင် တဲ့ အားဆေးတွေကိုလိုအပ်နေတာမျိုး မဟုတ်ပါဘူး။ သူရဲ့နာမည်ကိုက ဖြည့် စွက် (Supplement) ဖြစ်တာကြောင့် လိုအပ်တဲ့သူမှသာ လိုအပ်တဲ့အရာကို ဖြည့်စွက်သင့်ပါတယ်။ ဒါကြောင့် ဘယ် လိုလူမျိုး၊ ဘယ်လောက်သောက်သင့် တယ်၊ သူရဲ့နေ့စဉ် စားသောက်တာတွေ မှာ ဘာတွေပါဝင်သင့်တယ်ဆိုတာကို နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေ ဆုံးဖြတ်ပေးတာကသာပိုပြီးတော့ ထိ ရောက်ပါတယ်။ သွေးစစ်ဆေးတဲ့ ကိစ္စ မျိုးကို ဆရာဝန်ကသာ အကောင်းဆုံးဆုံး ဖြတ်ပေးနိုင်သလို ဘယ်လိုအားဆေးမျိုး၊ ဘယ်လို ဖြည့်စွက်ဆေးမျိုး သောက်သင့် တယ်ဆိုတဲ့ကိစ္စကို ဆရာဝန်ကိုသာ ဆုံးဖြတ်စေသင့်ပါတယ်။

၂။ ဖြည့်စွက်အားဆေးတွေမှာ သက်သေပြ လို့မရသေးတဲ့အချက်တွေ ရှိနေပါသေးတယ်။

တချို့သော Supplements တွေ ဟာဘယ်လို အာနိသင်မျိုးပေးတယ် ဆိုတာကို အခိုင်အမာပြောဖို့ ခက်ခဲသလို ဘယ်လိုလူတွေ သောက်သင့်တယ်ဆို တာကို ပြောဖို့လည်းမလွယ်ကူပါဘူး။ Label မှာညွှန်းဆိုထားတဲ့ အချက်အလက် တွေဟာ သက်သေမခိုင်လုံသလို သက် ရောက်မှုကို မြင်ဖို့ကလည်း အတော့်ကို ခက်ခဲပါတယ်။ ဥပမာအားဖြင့်တော့ ဦး နှောက်ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို အား ပေးတယ်၊ ကိုယ်ခံစွမ်းအားကိုတက်စေ တယ်ဆိုတဲ့ အချက်မျိုးတွေပါပဲ။ ဒီလိုမျိုး အာနိသင်တွေဟာ တကယ့်ကိုရနိုင်တယ် ဆိုသော်လည်းမိမိတို့ရဲ့ အနေအထားပေါ် မူတည်ပြီးတော့ သက်ရောက်မှုတွေဟာ ကွာခြားနေတတ်ပါတယ်။ အဲဒီလိုဖော်ပြ ချက်တွေကို ဆရာဝန်နဲ့ ကျန်းမာရေးဝန် ထမ်းတွေဟာ စိစစ်ပေးပြီး သင့်တော်တာ ကိုရွေးပေးနိုင်ပါတယ်။ အာဟာရပညာ ရှင်တွေ၊စနစ်တကျ လေ့လာသင်ယူထား တဲ့ ပညာရှင်တွေ၊ အာဟာရနဲ့ပတ်သက်ပြီး အထူးပြုလေ့လာနေကြတဲ့ ဆရာဝန်တွေ ကသာ ကျွန်မတို့အတွက် ဖြည့်စွက်စာ ရွေးချယ်တဲ့နေရာမှာ အထောက်အကူအ များကြီး ပြုပေးနိုင်ပါတယ်။

၃။ ဆရာဝန်ဟာ မိသားစုရာဇဝင်နဲ့ပတ်သက် ပြီးတော့ အသေးစိတ် မေးမြန်းနိုင်ပါတယ်။

မိမိမှာဘာဖြစ်နေတယ်ဆိုတာကို ရေရေရာရာမသိရဘဲ၊ ဆရာဝန်နဲ့ မတိုင် ပင်ဘဲသင့်တော်မယ်ထင်တဲ့ အားဆေး တွေ သောက်တာဟာကောင်းမွန်တဲ့ အပြုအမူတော့မဟုတ်ပါဘူး။ ဥပမာဆိုရ ရင် အမျိုးသမီးတစ်ယောက်ဟာ အလွယ် တကူမောပန်းနေတတ်တဲ့ အချိန်မျိုးမှာမိတ်ဆွေတစ်ယောက်ယောက်ရဲ့ ညွှန် ကြားမှုနဲ့ပဲဖြစ်ဖြစ်၊ သူမရဲ့ဗဟုသုတအရ ပဲဖြစ်ဖြစ် သံဓာတ်ပါတဲ့ အားဆေးမျိုးကို သောက်ဖို့ ဆုံးဖြတ်မိတတ်ပါတယ်။ သူမ အနေနဲ့ သံဓာတ်စုပ်ယူမှုနဲ့ ပတ်သက်တဲ့ မျိုးရိုးရာဇဝင်ရှိကောင်း ရှိနေနိုင်သော် လည်းတိတိကျကျမသိဘဲနဲ့ အလွယ် တကူ ဝယ်လို့ရတဲ့ အားဆေးမျိုးကို သောက်မိတတ်ပါတယ်။ အကျိုးဆက် အနေနဲ့ မလိုအပ်ဘဲ ခန္ဓာကိုယ်မှာ သံ ဓာတ်တွေ စုပုံသွားပြီး တခြားအင်္ဂါအစိတ် အပိုင်းတွေ ပျက်စီးတာ၊ မူလရောဂါအ ခြေအနေမျိုးကို မကုသလိုက်နိုင်တာမျိုး တွေ ဆက်ဖြစ်ပေါ်လာစေတတ်ပါတယ်။

၎။ Supplements တွေဟာဆေးတွေရဲ့ အာနိသင်ကိုလျော့ကျသွားစေနိုင်ပါတယ်။

Boston University မှ အာဟာရ ပညာရှင် ပရော်ဖက်ဆာတစ်ယောက်က တော့ Supplements တွေဟာ ကျန်း မာရေးအတွက် မဖြစ်မနေ သောက်နေ ရတဲ့ဆေးတွေရဲ့ အာနိသင်ကို ပြောင်း လဲမှုတွေဖြစ်စေတာကြောင့် သတိထားရ မယ်လို့ အတိအလင်းကိုကြေငြာချက်ထုတ်ခဲ့ပါတယ်။ တချို့ Supplements တွေဟာဆေးတွေရဲ့ အာနိသင်ကို လျော့ နည်းစေတတ်ပါတယ်။ ကိုယ်ဝန်တား ဆေးတွေ၊ နှလုံးရောဂါနဲ့ ပတ်သက်ပြီး တော့ သုံးနေရတဲ့ဆေးတွေ၊ ဟော်မုန်းနဲ့ ပတ်သက်ပြီး ဖြစ်ပွားတဲ့ရောဂါတွေကို ကုသဖို့အတွက် သောက်နေရတဲ့ ဆေး တွေရဲ့ အာနိသင်ကို သိသိသာသာကြီး လျော့ပါးစေတတ်ပါတယ်။ ဒါတွေအပြင်Vitamin K1 ပါဝင်တဲ့ ဆေးတွေဟာ သွေးကျဲဆေးတွေရဲ့ အာနိသင်ကိုပြောင်း လဲပေးနိုင်ပါတယ်။ ဒါကြောင့်ပဲရောဂါ တစ်ခုခုကြောင့် ဆေးသောက်နေတဲ့သူ တွေအဖို့ရာ Supplements တွေကို အသုံးပြုတော့မယ်ဆိုရင် မိမိရဲ့ ဆရာဝန် ကို အသေးစိတ်အချက်အလက်တွေကိုပြောပြပေးဖို့ ပိုလိုအပ်ပါတယ်။

၅။ ပါဝင်ပစ္စည်းတွေရဲ့ သက်ရောက်မှုဟာ ခန့်မှန်းရခက်ပါတယ်။
တချို့ Supplements တွေမှာ ပါဝင်တဲ့ပစ္စည်းတွေဟာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။ ပါဝင် ပစ္စည်းတွေရဲ့ နာမည်တွေဟာ ရှုပ်ထွေး နေပြီးတော့ အလွယ်တကူနားလည်ဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့်ပဲ သာမန်လောက်သာ ဖတ်လိုက်တဲ့သူအဖို့ ဒီပါဝင်ပစ္စည်းဟာ ဘာလဲဆိုတာကို ရုတ်တရက်ကြီး သဘောပေါက်ဖို့ ခက် သွားပြီးမိမိနဲ့ သင့်တော်မှု ရှိ၊ မရှိဆိုတာပါ ရှုပ်ထွေးသွားတတ်ပါတယ်။ တချို့ အန္တရာယ်ဖြစ်စေတဲ့ Compounds တွေဟာ Supplements ထဲမှာ ပါဝင်တဲ့ အခေါက်တွေ၊ အရွက်တွေထဲမှာ ပါဝင် နေပါတယ်။

၆။ ဓာတ်ပြုမှုတွေဟာ ပြင်းထန်တတ်ပါ တယ်။
တချို့သူတွေမှာတောင် နာတာရှည် ရောဂါကြောင့်မဟုတ်ဘဲ၊ လတ်တလောခံ စားနေရတဲ့ အခြေအနေတွေ သက်သာ ဖို့အတွက် ဆေးဝါးတွေကိုသုံးစွဲရပါတယ်။ အဲ့ဒီလိုလူတွေအဖို့လည်း Supplem-ents တွေကိုစနစ်တကျ သောက်ဖို့ရာ လိုအပ်ပါတယ်။ ဥပမာပိုးသတ်ဆေးလို ဆေးမျိုးဟာ ရေရှည်စွဲသောက်ရတဲ့ ဆေးမျိုးမဟုတ်သည့်တိုင် သူနဲ့ တွဲဖက် သောက်လိုက်တဲ့ဆေးတွေ၊ Supplements တွေကြောင့် အာနိသင်ပေးတဲ့ ပုံတွေ ပြောင်းလဲသွားတတ်ပါတယ်။ အဲ့ဒီလိုပဲ Magnesium ပါဝင်တဲ့ Supplements  တွေနဲ့ သွေးပေါင်ကျဆေးတွေ တွဲသုံးမိတဲ့အခါမျိုးမှာဆိုရင် သွေးပေါင် ကျတဲ့ အာနိသင်တွေ ပိုကောင်းသွားပြီး တော့ ခေါင်းမူးတာ၊ ဖြူဖျော့လာတာမျိုး တွေအထိ ဖြစ်တတ်ပါသေးတယ်။ ဒါ ကြောင့်ပဲရှောင်တခင် ဝေဒနာတစ်ခုခုကို ခံစားနေရတဲ့အချိန်မှာတောင်မှ Supplements တွေကိုသတိထားသုံးစွဲဖို့လိုအပ်ပါတယ်။

၇။ ခွဲစိတ်မှု မလုပ်ခင်မှာမဖြစ်မနေသတိထားဖို့ လိုအပ်ပါတယ်။
သိပ်မကြာသေးခင်အချိန်မှာ အ သေးစားခွဲစိတ်မှုလေးကအစ ခွဲခန်းထဲ ဝင်ရမယ့် အကြောင်းရင်းတစ်ခုခုရှိနေပါ သလား၊ ဒီလိုအခြေအနေမျိုးမှာဆိုရင် တော့ မိမိအသုံးပြုနေတဲ့ Supplements တွေအကြောင်းကို ဆရာဝန်ကို အပွင့် လင်းဆုံးပြောပြဖို့ လိုအပ်ပါပြီ။ Supplements အတွက် ထုတ်ထားတဲ့ အစား အသောက်တွေ၊ ဆေးဝါးတွေမှာ ပါဝင်တဲ့ တချို့ ပစ္စည်းတွေဟာ ခွဲစိတ်မှုလုပ်တဲ့ အချိန်မှာသွေးမတိတ်စေတဲ့ ပြဿနာမျိုး ကို ဖြစ်ပေါ်စေတတ်ပါတယ်။ အထူး သဖြင့် Supplements တွေထဲမှာ Gingko Biloba, Milk Thistle   နဲ့ Turmeric ဆိုတဲ့ ပါဝင်ပစ္စည်းမျိုးကို မြင် တာနဲ့ ပိုသတိထားရပါတော့မယ်။ မခွဲ စိတ်ခင်မှာ ဆရာဝန်ကို ကြိုပြောပြထား ရင်တော့ ဆေးဖြတ်လိုက်တာနဲ့ ခွဲစိတ်မှု ပြုလုပ်တာ ကြားထဲမှာဘယ်လောက်ကြာ ကြာ ခွာထားသင့်တယ်ဆိုတာကို ရှင်း ရှင်းလင်းလင်း သိသွားပါလိမ့်မယ်။

၈။ အရေးပေါ်ခန်းကိုလည်းရောက်သွားစေ တတ်ပါတယ်။
New England Journal of Medicine မှာတော့ အရေးပေါ်ဌာနကို ရောက်လာသူတွေထဲက ၃၀ ရာခိုင်နှုန်း လောက်ဟာလည်း ဖြည့်စွက်အားဆေး တွေကို အလွန်အကြူးသုံးစွဲမိရင်းကနေ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြောင့်လို့ ဖော်ပြထားပါတယ်။ တကယ် လို့ ဆရာဝန်ကို မိမိသုံးထားမိသမျှ ပြောပြမယ်ဆိုရင်တော့ သူဟာဘယ်အရာ က ဒီလိုမျိုးအန္တရာယ်တွေကို ကြုံတွေ့စေ တယ်၊ ဘယ်အရာကို ရှောင်ရမယ်ဆိုတာ ကို ညွှန်ကြားပေးနိုင်ပါတယ်။ အဲဒီလိုတိုင် ပင်ဆွေးနွေးတာဟာ နောက်ထပ် ကြုံ တွေ့လာနိုင်မယ့် ပြဿနာတွေကို ရှောင် ရှားနိုင်သလို မှန်ကန်ထိရောက်တဲ့ Supplements တွေ ရွေးချယ်နိုင်အောင်လည်း ညွှန်ပြပေးရာရောက်ပါတယ်။

အချုပ်ဆိုရရင်တော့ ဘယ်လို Supplements မျိုးဟာမဆို ကျွန်မတို့မှာ ပြောင်းလဲမှုတွေ ဖြစ်စေတတ်တယ်ဆို တာပါပဲ။ သူတို့ဟာ မသေချာတဲ့ အန္တရာယ်ပေါင်းများစွာကို သယ်ဆောင် လာတတ်ပါတယ်။ တချို့ Supplements တွေမှာဆိုရင် ဘယ်လိုအချိန်ခြားပြီးတော့ သောက်ရမယ်ဆိုတာကို စနစ်တကျ ကြပ်မတ်ထားတာမျိုး မရှိတာတွေလည်း ဖြစ်နိုင်တယ်လို့ U.S Food & Drug Administration ကတောင်မှ ကြေညာ ထားပါတယ်။ ဒါကြောင့်ပဲ SSupplement တွေကို ဝယ်တဲ့အခါမှာ ဘယ်လိုဆိုးကျိုး မျိုးမှ မခံစားရဘဲ ဝယ်နိုင်ဖို့က အရေးကြီး လာပါတယ်။ တကယ်လို့ အထဲမှာ ပါဝင် တဲ့ပစ္စည်းတွေအပေါ်မှာ သံသယရှိမယ် ဆိုရင် တတ်ကျွမ်းတဲ့သူကိုတိုင်ပင်ပြီးမှသာ ဝယ်ယူသင့်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal