ဖြူဝင်းလှပသောအသားအရေအတွက်နည်းလမ်းကောင်းများ

အသားဖြူသူ အနောက်တိုင်းသားတွေက အသားညိုချင်ကြပြီး အသားညိုသူတွေက ဖြူဝင်းတဲ့အသားအရေကို ပိုင်ဆိုင်လို ကြပြန်ပါတယ်။ အသားအရေကို ဘေးဥပဒ်မဖြစ်စေဘဲ ဖြူဝင်းလှပစေတဲ့ သဘာဝနည်းလမ်းကောင်းတွေများစွာရှိ ပါတယ်။ လွယ်ကူတယ်၊ ငွေကုန်ကြေးကျလည်း သက်သာ တယ်၊ တကယ်လည်း ထိရောက်တယ်ဆိုတော့ ဒီနေ့ပဲ စမ်းကြည့်ကြရအောင် . . .

သံပရာရည်
သံပရာရည်က အသားအရေအ တွက် အသုံးများပြီး မပါမဖြစ်လို့တောင် ပြောရမလိုပါ။ သံပရာရည်ထဲက စစ်ထ ရစ်အက်စစ်က အရေပြားကို အရောင် ချွတ်ပြီး ကြေးချွတ်ဖယ်ရှားပေးပါတယ်။သံပရာသီးကိုအရည်ညှစ်ပြီး ဂွမ်းစနဲ့ တို့ ယူကာ အရေပြားပေါ် တိုက်ရိုက်လိမ်းပါ။ ခဏနေမှ ရေနဲ့သန့်စင်ပါ။

နွားနို့
ရေနွေးနွေးထဲကို နွားနို့တစ်ခွက်နဲ့ သံပရာသီး နှစ်လုံး အရည်ညှစ်ထည့်ပါ။ ပြီးနောက် အသားဖြူလိုတဲ့နေရာကိုလိမ်း ပါ။ တစ်နာရီလောက်ထားပြီးမှ ရေနဲ့သန့် စင်ပါ။

ပျားရည်
အသားဖြူလိုတယ်ဆိုရင် သံပရာ သီး၊ ပျားရည်၊ ရှားစောင်းလက်ပပ်တို့ကို အတူရောသုံးနိုင်ပါတယ်။ မျက်နှာပေါ် လိမ်းပြီး နာရီဝက်လောက်ထားပါ။ ပြီးမှ ရေနဲ့သန့်စင်ပေးပါ။ ၃-၄ ပတ်လောက် ပြုလုပ်ပေးမယ်ဆိုရင် ဖြူဝင်းလာတာကို သိသိသာသာ တွေ့ရမှာပါ။

ဒိန်ချဉ်
ဒိန်ချဉ်ထဲမှာ နွားနို့လိုပဲ အသားဖြူ စေတဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။ ပျား ရည်က အစိုဓာတ်ကို ထိန်းပေးပြီး ဘက် တီးရီးယားပိုးသေစေတဲ့အာနိသင်လည်း ရှိပါတယ်။ ပျားရည်နဲ့ ဒိန်ချဉ်ကို ရောပြီး မျက်နှာပေါ် ၅ မိနစ်ကြာ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေနွေးနွေးနဲ့ မျက်နှာ သစ်ပါ။

သင်္ဘောသီး
ဈေးထဲမှာအလွယ်တကူ ဝယ်နိုင်တဲ့ သင်္ဘောသီးက အသားအရေဖြူဝင်းစေဖို့ ကူညီနိုင်ပါတယ်။ သင်္ဘောသီးထဲက ပက် ပိန်းအင်ဇိုင်းက အသားအရေကို ဖြူဝင်း စေတာပါ။ ဝက်ခြံတွေ သက်သာစေပြီး သဘာဝကြေးချွတ်အာနိသင်လည်း ရှိပါ တယ်။ သင်္ဘောသီးမှည့်ကို ကြိတ်ခြေပြီး မျက်နှာပေါ်လိမ်းပါ။ မိနစ် ၂၀ ထားပြီးမှ ရေနွေးနွေးနဲ့သန့်စင်ပါ။ တစ်နေ့ နှစ်ကြိမ် နဲ့ ရက်သတ္တပတ် အနည်းငယ်လောက် ပြုလုပ်မယ်ဆိုရင် ဖြူဝင်းတဲ့အသားအ ရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ထဲမှာ ဗီတာမင် အေ၊ စီနဲ့ အီးတွေ ပါဝင်ပါတယ်။ ဒီဗီတာ မင်တွေက သဘာဝကြေးချွတ်အာနိသင် ရှိပြီးဓာတ်တိုးပစ္စည်းတွေကြောင့် အသား အရေကို မထိခိုက်အောင်လည်း ကာ ကွယ်ပေးပါတယ်။ ရှားစောင်းလက်ပပ် လက်ဖက်စားဇွန်းတစ်ဇွန်းကို သံပရာ ရည်ဆတူရောပြီး မျက်နှာပေါ် လိမ်းပေး ပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ရေနဲ့သန့် စင်ပေးပါ။

နနွင်း
နနွင်းမှာ ကြေးချွတ်အာနိသင်အပြင် ဗီတာမင် စီကြောင့် အသားအရေကို ဖြူ စင်ဝင်းပစေပါတယ်။ ဘယ်လိုအရေပြား မျိုးမဆို လိမ်းနိုင်ပါတယ်။ နနွင်း လက် ဖက်စားဇွန်းတစ်ဝက်ကို ရှားစောင်းလက် ပပ်လက်ဖက်စားဇွန်း နှစ်ဇွန်းစာနဲ့ရောပြီး လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ရေနဲ့ သန့်စင်ပေးပါ။ တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပါ။
နနွင်းကို ဒိန်ချဉ်နဲ့ ရောပြီးလည်း အ သုံးပြုနိုင်ပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ လက်တစ်အက်စစ်က အသားအရေကို ဖြူဝင်းစေပါတယ်။ နနွင်း လက်ဖက်စား ဇွန်းတစ်ဇွန်းကို ဒိန်ချဉ်နဲ့ ရောပြီး ခပ်ပျစ် ပျစ်ရအောင် ပြုလုပ်ပါ။ တစ်နေ့ နှစ်ကြိမ် နဲ့ ရက်သတ္တပတ် အနည်းငယ်လောက် လိမ်းပေးမယ်ဆိုရင် ဖြူစင်ဝင်းပတဲ့ အ သားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

လိမ္မော်သီး
လိမ္မော်သီးကသံပရာသီးလိုပဲ ဗီတာ မင်စီနဲ့ လက်တစ်အက်စစ်တွေ ကြွယ်ဝပါ တယ်။ သဘာဝကြေးချွတ်အာနိသင်နဲ့ အသားအရေကိုဖြူစင်ဝင်းပစေတဲ့ အာနိ သင်တွေ ရှိပါတယ်။ လိမ္မော်သီးထဲမှာပါ ဝင်တာတွေက နေရောင်ခြည်ကြောင့် အ ရေပြားပျက်စီးတာကို မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။ လိမ္မော်ခွံကို အ ခြောက်ခံ အမှုန့်ကြိတ်ပြီး သံပရာရည် အ နည်းငယ်နဲ့ ခပ်ပျစ်ပျစ်ရအောင် လုပ်ပါ။ မျက်နှာပေါ် လိမ်းကာ မိနစ် ၃၀ လောက် ထားပြီးမှ ရေနွေးနွေးနဲ့ သန့်စင်ပါ။ တစ် ပတ် နှစ်ကြိမ်လောက် ပြုလုပ်ပေးပါ။

အာလူးအခွံ
မီးဖိုချောင်မှာ ဟင်းချက်တဲ့အခါ နွှာ လိုက်တဲ့ အာလူးအခွံကို လွှင့်မပစ်ဘဲ အ သားအရေ ဖြူဝင်းစေဖို့ အသုံးပြုနိုင်ပါ တယ်။ အာလူးအခွံက နာတာရှည် အရေ ပြားပြဿနာတွေကိုတောင် ဖြေရှင်းနိုင် စွမ်း ရှိပါတယ်။ အာလူးအခွံထဲမှာ ဗီတာ မင်ြ၆ ပါဝင်လို့ အရေပြားကို ကြေးချွတ် ပေးပြီး ဖြူဝင်းစေပါတယ်။ အာလူးအခွံရဲ့ အတွင်းဘက်ကိုအသုံးပြုရမှာဖြစ်ပါတယ်။ သုံးရတာ အဆင်မပြေပါက Blညေိနမ ထဲထည့်၊ ကြိတ်ခြေပြီး သံပရာရည် အ နည်းငယ်ရောကာ လိမ်းပေးနိုင်ပါတယ်။ ခဏလောက်ထားပြီးမှ ရေနဲ့သန့်စင် ပေးပါ။

ဂျုံမှုန့်
ဂျုံမှုန့်ကအသားအရေအတွက် အာ ဟာရဖြည့်ပေးပါတယ်။ ဂျုံမှုန့်ကို ရေအ နည်းငယ်နဲ့ရောကာ ခပ်ပျစ်ပျစ် ပြုလုပ် ပါ။ မျက်နှာပေါ်လိမ်းပြီး ခြောက်အောင် ထားပါ။ ပြီးမှ ရေနွေးနွေးနဲ့ သန့်စင်ပါ။

သခွားသီး
သခွားသီးကို အကွင်းလိုက်လှီးပြီး အသားအရေ ဖြူဝင်းစေဖို့ အသုံးပြုနိုင်ပါ တယ်။ သခွားသီးထဲက ပါဝင်ပစ္စည်းတွေ က နာတာရှည်အရေပြားပြဿနာတွေကို တောင် ဖြေရှင်းနိုင်ပါတယ်။ ကော်လာဂျင် တွေ တိုးပွားစေလို့အသားအရေကို တင်း ရင်းစေပါတယ်။ အရေပြားကို အေးစေပြီး ဘယ်လိုအရေပြားပိုင်ရှင်မျိုးမဆို အသုံး ပြုနိုင်ပါတယ်။

အသားဖြူစေတဲ့ နည်းလမ်းတွေကို တစ်နေ့ တစ်ရက်၊ တစ်ကြိမ်တည်း ပြုလုပ်ရုံနဲ့တော့ ထူးခြားလာမှာ မဟုတ်ပါ ဘူး။ ရက်သတ္တပတ် အနည်းငယ်ကြာ အောင် ထပ်ခါထပ်ခါ ပြုလုပ်ပေးဖို့ လို အပ်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal