မြန်မာနိုင်ငံမှာ မြွေကိုက်ခံရတဲ့လူနာတွေ ဘာကြောင့် အသေအပျောက်များရလဲ

ကျမတို့နိုင်ငံဟာ မြန်မာ၊ ယိုးဒယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘဂ်လားဒေ့ရှ်၊ အင်ဒိုနီးရှားဆိုတဲ့ ကမ္ဘာမှာ မြွေကိုက်ခံရ နှုန်းအမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံလေးတွေဟာ ဝေးလံခေါင်သီတဲ့ နေရာတွေ၊ ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေး တဲ့ဒေသတွေ အလွန်များပြားတဲ့အတွက် မြွေကိုက်ခံရတဲ့လူဦးရေကို အတိအကျ မသိရသလို လူမသိ၊ သူမသိ အသက်ဆုံး ရှုံးသွားသူတွေလည်း မရေမတွက်နိုင် လောက်အောင်ပါပဲ။

များသောအားဖြင့် –

  • လူနာကို ဆေးရုံရှိရာ ခေါ်လာဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတာတွေရယ်၊
  • ဆေးရုံရောက် လာပြန်တော့လည်း နယ်ဆေးရုံငယ်လေးတွေမှာ ဆေးဝါး ပစ္စည်း အပြည့်အစုံ မရှိတာတွေရယ်၊
  • ရှိတဲ့ ဖြေဆေးတွေကလည်း အရည်သွေး မကောင်းတာတွေ
  • ဆေးပြတ်လပ်နေတာ တွေရယ်
  • ရှေးဦးသူနာပြုနည်းတွေ လွဲမှားတာတွေရယ်ကြောင့် သေဆုံးကြရပါတယ်။

 

မြွေကိုက်ခံရတဲ့ လူနာတစ်ယောက် ကောင်းစွာ အသက်ရှင်ဖို့အတွက်ဆိုရင် ပထမဆုံးအရေးကြီးတာက First Aid Treatment ခေါ် အကိုက်ခံရကာစမှ ပြုစုတဲ့ပုံပေါ် မူတည်ပါတယ်။


– လူနာကို လှုပ်လှုပ်ရှားတွေ မလုပ်စေဘဲ ငြိမ်ငြိမ်လေးထားရပါမယ်။ ဒါမှသာ အဆိပ်တွေ ပြန့်နှံ့နှုန်းနှေးမှာ ဖြစ်ပါတယ်။


– ပြီးရင် ဒဏ်ရာကို ခြောက်သွေ့သန့် စင်တဲ့ အ၀တ်နဲ့ အုပ်ထားပါ။


– ကိုက်ခံရတဲ့ဒဏ်ရာကို နှလုံးထက် နိမ့်အောင် ထားရပါမယ်။


– ကိုက်ခံရတဲ့ အစိတ်အပိုင်းကို ( ဥပမာ- ခြေထောက်၊ လက်) ကို မလှုပ်ရှားနိုင်အောင် သစ်သားပြား တစ်ခုခုနဲ့ တွဲလျက် စည်းပေးထားပါ။


– နီးစပ်ရာ ဆေးရုံကို အမြန်ဆုံး ပို့ပါ။

ကျမတို့ဆီကို ရောက်လာတိုင်း အမြဲ ပြောနေရတဲ့ အလွဲမှားတစ်ခုက ရှိသေး တယ်။ ဒဏ်ရာကို (Tourniquet) ကျပ်စည်းထားတာပါ။ လုံးဝရှောင်ကြဉ်ရ မယ့် အချက်ပါပဲ။


– ဒဏ်ရာကို ဓားနဲ့လှီးတာ၊ အဆိပ်ကို စုပ်ထုတ်တာ၊ ကျပ်စည်းတာ၊ ရေခဲကပ် တာ၊ ရေဆေးတာတို့ လုံးဝ မလုပ်ရပါဘူး။ တိုင်းရင်းဆေးတွေ၊ ဆေးရွက်တွေ ထောင်းထည့်တာမျိုးတွေကလည်း ကုသတဲ့နေရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။


– ပိုပြီးအရေးကြီးတာကတော့ ဆေးရုံ ဆေးခန်းကမဟုတ်ဘဲ ပြင်ပတစ်နေရာ ရာကနေရတဲ့ မြွေဆိပ်ဖြေဆေးဆိုတာ တွေကို မယုံကြည်ကြဖို့ပါပဲ။

#ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *