ကျမတို့နိုင်ငံဟာ မြန်မာ၊ ယိုးဒယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘဂ်လားဒေ့ရှ်၊ အင်ဒိုနီးရှားဆိုတဲ့ ကမ္ဘာမှာ မြွေကိုက်ခံရ နှုန်းအမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံလေးတွေဟာ ဝေးလံခေါင်သီတဲ့ နေရာတွေ၊ ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေး တဲ့ဒေသတွေ အလွန်များပြားတဲ့အတွက် မြွေကိုက်ခံရတဲ့လူဦးရေကို အတိအကျ မသိရသလို လူမသိ၊ သူမသိ အသက်ဆုံး ရှုံးသွားသူတွေလည်း မရေမတွက်နိုင် လောက်အောင်ပါပဲ။
များသောအားဖြင့် –
- လူနာကို ဆေးရုံရှိရာ ခေါ်လာဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတာတွေရယ်၊
- ဆေးရုံရောက် လာပြန်တော့လည်း နယ်ဆေးရုံငယ်လေးတွေမှာ ဆေးဝါး ပစ္စည်း အပြည့်အစုံ မရှိတာတွေရယ်၊
- ရှိတဲ့ ဖြေဆေးတွေကလည်း အရည်သွေး မကောင်းတာတွေ
- ဆေးပြတ်လပ်နေတာ တွေရယ်
- ရှေးဦးသူနာပြုနည်းတွေ လွဲမှားတာတွေရယ်ကြောင့် သေဆုံးကြရပါတယ်။
မြွေကိုက်ခံရတဲ့ လူနာတစ်ယောက် ကောင်းစွာ အသက်ရှင်ဖို့အတွက်ဆိုရင် ပထမဆုံးအရေးကြီးတာက First Aid Treatment ခေါ် အကိုက်ခံရကာစမှ ပြုစုတဲ့ပုံပေါ် မူတည်ပါတယ်။
– လူနာကို လှုပ်လှုပ်ရှားတွေ မလုပ်စေဘဲ ငြိမ်ငြိမ်လေးထားရပါမယ်။ ဒါမှသာ အဆိပ်တွေ ပြန့်နှံ့နှုန်းနှေးမှာ ဖြစ်ပါတယ်။
– ပြီးရင် ဒဏ်ရာကို ခြောက်သွေ့သန့် စင်တဲ့ အ၀တ်နဲ့ အုပ်ထားပါ။
– ကိုက်ခံရတဲ့ဒဏ်ရာကို နှလုံးထက် နိမ့်အောင် ထားရပါမယ်။
– ကိုက်ခံရတဲ့ အစိတ်အပိုင်းကို ( ဥပမာ- ခြေထောက်၊ လက်) ကို မလှုပ်ရှားနိုင်အောင် သစ်သားပြား တစ်ခုခုနဲ့ တွဲလျက် စည်းပေးထားပါ။
– နီးစပ်ရာ ဆေးရုံကို အမြန်ဆုံး ပို့ပါ။
ကျမတို့ဆီကို ရောက်လာတိုင်း အမြဲ ပြောနေရတဲ့ အလွဲမှားတစ်ခုက ရှိသေး တယ်။ ဒဏ်ရာကို (Tourniquet) ကျပ်စည်းထားတာပါ။ လုံးဝရှောင်ကြဉ်ရ မယ့် အချက်ပါပဲ။
– ဒဏ်ရာကို ဓားနဲ့လှီးတာ၊ အဆိပ်ကို စုပ်ထုတ်တာ၊ ကျပ်စည်းတာ၊ ရေခဲကပ် တာ၊ ရေဆေးတာတို့ လုံးဝ မလုပ်ရပါဘူး။ တိုင်းရင်းဆေးတွေ၊ ဆေးရွက်တွေ ထောင်းထည့်တာမျိုးတွေကလည်း ကုသတဲ့နေရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။
– ပိုပြီးအရေးကြီးတာကတော့ ဆေးရုံ ဆေးခန်းကမဟုတ်ဘဲ ပြင်ပတစ်နေရာ ရာကနေရတဲ့ မြွေဆိပ်ဖြေဆေးဆိုတာ တွေကို မယုံကြည်ကြဖို့ပါပဲ။
#ဒေါက်တာစိမ့်