မြန်မြန်ဆန်ဆန်အိုမင်းစေမယ့်စားစရာတွေကဘာလဲ

စားစရာတွေကလည်း အိုမင်းခြင်းဖြစ်စဉ်နဲ့ ဆက်စပ်နေ တာကို လူအများသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ သတိမထားမိတဲ့အခါ စားမိတာရှိသလို၊ ကြိုက်လို့စားနေမိတာလည်း ရှိကြတာပါပဲ။ အရွယ်တင်နုပျိုချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြပေး ထားတဲ့စားစရာတွေကို တတ်နိုင်သလောက်ရှောင်ဖို့ အကြံပြု ချင်ပါတယ်။

(၁) သကြား

သကြားဆိုတာ အိုမင်းရင့်ရော်တာဖြစ်စေတဲ့ နံပါတ်တစ် စားစရာပါ။ အချိုကို လူအတော်များများ ကြိုက်ကြပါတယ်။ ဒါပေမဲ့ အချိုစာတွေက ဝလာစေရုံတင်မကပါဘူး၊ အရေပြား ရဲ့ ကော်လာဂျင်ထုတ်လုပ်တာကို လျော့ကျစေတာ၊ အရေး ကြောင်းတွေဖြစ်စေတာ၊ အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားကို လျော့စေတာတွေဖြစ်စေလို့ သကြားကို အတတ်နိုင်ဆုံးရှောင်ပါ။

(၂) အရက်

အသည်းကျန်းမာရေးက ကောင်းနေတယ်ဆိုရင် ခန္ဓာ ကိုယ်တွင်း အဆိပ်အတောက်ဖြစ်စေတဲ့ တော့ဆင်တွေကို စွန့် ထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အရက်သေစာက အသည်းကျန်း မာရေးကို ထိခိုက်စေတဲ့အခါ တော့ဆင်တွေ ကောင်းကောင်း မစွန့်ထုတ်နိုင်စေပါဘူး။ ဒီအခါတော့ဆင်တွေက အိုမင်းတဲ့ဖြစ် စဉ်ကို မြန်စေပါတယ်။ နောက်ပြီး အရက်သောက်တာက အိပ် ရေးပျက်တာ၊ ရေဓာတ်ခန်းခြောက်တာတွေနဲ့ ဆက်စပ်နေလို့ အရေးကြောင်းတွေ ဖြစ်လာစေပါတယ်။

(၃) အငန်စာ

ဆားအစားများတာက အိုမင်းရင့်ရော်ခြင်းဖြစ်စဉ် မြန်စေ တာကို သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ပီဇာ၊ အာလူးကြော်ထုပ်၊ အသင့်အစားအစာ စတာတွေကလည်း ဆားပါဝင်တာများတဲ့ စားစရာတွေဖြစ်ပါတယ်။

(၄) ပြုပြင်ထားသောအသား

ပြုပြင်ထားတဲ့အသားဆိုတာ ဝက်အူချောင်း၊ ဘေကွန်၊ Sကျေagနျ အမျိုးမျိုးပါဝင်ပါတယ်။ ဒီအသားတွေမှာ ဆာလ် ဖိုက်နဲ့ တာရှည်ခံဆေးတွေပါဝင်တာမို့ ခန္ဓာကိုယ်တွင်း ရောင် ရမ်းတဲ့ဖြစ်စဉ်ကို အားပေးပြီး မြန်မြန်အိုမင်းရင့်ရော်စေပါတယ်။

(၅) Trans Fat

Trans Fat
ဆိုတဲ့အဆီက အသင့်အစားအစာတွေ၊ ဆီ ကြော်မုန့်တွေ၊ အေးခဲထားတဲ့ စားစရာတွေ၊ ကိတ်မုန့်၊ ဘီစကစ်၊ ကွတ်ကီးစတာတွေမှာ ပါဝင်တာများပါတယ်။ သူက မကောင်းတဲ့ ကိုလက်စထရော (LDL) ကို များစေပြီး ကောင်းတဲ့ကိုလက် စထရော (HDL) ကို နည်းစေပါတယ်။ Trans Fat
တွေက လည်း ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုဖြစ်စေပြီး အိုမင်းရင့်ရော်စေ ပါတယ်။

Darliko

Post Author: Good Health Journal