ဝက်ခြံတွေ ဒိုးလိုက်တော့

မျက်နှာပြင်ပေါ်မှာ ၀က်ခြံထွက်တာကို ဘယ်သူမှ မနှစ်သက်ကြပါဘူး။ ဂရုတစိုက် စောင့်ရှောက်နေတဲ့ကြားထဲက ထွက်လာတတ်တာ ၀က်ခြံတွေပါပဲ။ ၀က်ခြံမထွက်အောင် ဂရုစိုက်ဖို့
ဘာတွေလိုက်နာရမလဲ . . .

♦ မျက်နှာကို သန့်အောင်ထားဖို့ အ ရေးကြီးပါတယ်။ မျက်နှာကို နံနက် တစ်ခါ၊ ညအိပ်ရာဝင်ခါနီး တစ်ခါ သေချာသန့်စင်ပါ။ တစ်နေကုန် အ ပြင်ထွက်နေရရင် ပိုပြီး သေချာသန့် စင်ပေးဖို့လိုပါတယ်။ ဓာတုပစ္စည်း အပြင်းစားတွေပါတဲ့ မျက်နှာသစ် ဆေးတွေတော့ ရှောင်ပါ။ ၀က်ခြံ တွေ ပိုဆိုးစေတတ်ပါတယ်။

♦ သင့်မျက်နှာနဲ့ ထိစေတတ်တဲ့ အရာ တွေသန့်ရှင်းနေပါစေ။ ခေါင်းအုံးအ စွပ်ကိုလည်းပုံမှန်လျှော်ဖွပ်ပါ။ မသန့် ရှင်းတဲ့လက်နဲ့ မျက်နှာကို ခဏခဏ ပွတ်သပ်တာမလုပ်ပါနဲ့။ အထူးသ ဖြင့် ဖုန်းမျက်နှာပြင်ကိုကိုင်ပြီး မျက် နှာကို ပြန်မထိပါနဲ့။ ဖုန်းမျက်နှာပြင် က ဘက်တီးရီးယားပိုးတွေ ပေါက် ဖွားတာများလေ့ရှိတာကြောင့် ဖုန်းစ ခရင်နဲ့ မျက်နှာအရေပြား ထိတဲ့နေ ရာမှာ ၀က်ခြံပေါက်တတ်ပါတယ်။ ဆံပင်စေးနေတဲ့အခါ မျက်နှာနဲ့ထိ တဲ့အခါလည်း ၀က်ခြံထွက်စေတတ် လို့ ဆံပင်စေးကပ်နေရင် ချည်နှောင် ထားပါ။

♦ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း non-­comedogenic လို့ခေါ်တဲ့ ချွေး ပေါက်တွေ မပိတ်စေတဲ့ မိတ်ကပ်၊ အဆီမပါတဲ့မိတ်ကပ်ကိုရွေးလိမ်းပါ။ မိတ်ကပ်လိမ်းတဲ့ ဘရပ်ရှ်တွေကိုနှစ် ပတ်တစ်ခါ သန့်စင်ပြီး ဖော့တုံးတွေ ကို မိတ်ကပ်တစ်ခါလိမ်းပြီးတိုင်း သန့်စင်အောင်ထားပါ။

♦ စိတ်ဖိစီးမှုမရှိအောင်နေပါ။ စိတ်ဖိ စီးမှုများတာကလည်း ၀က်ခြံထွက် စေတတ်တာကြောင့် တတ်နိုင်သ လောက် စိတ်ဖိစီးမှုနည်းအောင် နေထိုင်ပါ။ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ စာဖတ်တာ၊ အနား ယူတာတွေလုပ်ပါ။

♦ အချိုတွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အစပ် စာတွေကို လျှော့စားပါ။ သူတို့က ရောင်ရမ်းခြင်းဖြစ်စဉ်ကို အားပေး တာကြောင့် ၀က်ခြံပိုဆိုးစေတတ်ပါ တယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီး အနှံများများစားပါ။

♦ နေရောင်အောက်ကို နံနက် ၁၀ နာ ရီကနေ နေ့လယ် ၂ နာရီအတွင်း မထွက်ပါနဲ့။ နေရောင်မပြင်းတဲ့ အချိန် အပြင်ထွက်ရင်လည်း နေ လောင်ကာခရင်မ်လိမ်းပြီးမှ ထွက် ပါ။

◘Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *