၁၂ မိနစ်အတွင်းမျက်နှာပေါ်မှ အရေးကြောင်းများလျော့ကျသွားနိုင်ရန်

မျက်နှာအတွက် လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် ကြွက်သားတွေကို လေ့ကျင့်ပေးတာက မျက်နှာပေါ်က အရေပြား ပိုပြီးကျုံ့ နိုင်ဆန့်နိုင်အားကောင်းလာပြီး တင်းတင်းရင်းရင်းရှိစေနိုင်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုနဲ့ အညစ်အကြေးစွန့်ထုတ်တဲ့ လုပ်ငန်းတွေလည်း ပိုမိုကောင်းမွန်နိုင်တဲ့အတွက် မျက်နှာဖောသွပ်မှုကင်းစင်ကာ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အလှတွေ ပိုပြီး ပေါ်လွင်လာနိုင်ပါတယ်။

ဆရာဝန်တွေက အသက် ၄၀-၆၅ နှစ်အတွင်းရှိတဲ့ အမျိုးသမီးပေါင်း ၁၆ ယောက်ကို ရက်သတ္တပတ် ၂၀ ကြာ လေ့ လာမှု ပြုလုပ်ခဲ့ပါတယ်။ လေ့လာမှုပြုလုပ် စဉ်မှာပါဝင်သူတွေကို နဖူး၊ မျက်ခုံး၊ မျက် လုံး၊ ပါးစပ်နဲ့ လည်ပင်းကြွက်သားတွေ အတွက် လေ့ကျင့်ခန်းပြုလုပ်စေခဲ့ရာ အဲဒီနေရာတွေက အရေးကြောင်းတွေ သိသိသာသာလျော့ကျသွားတာကို တွေ့ ရှိခဲ့ပါတယ်။
မျက်နှာလေ့ကျင့်ခန်းမပြုလုပ်ခင် မှာ သင့်လက်ကိုအသုံးပြုပြီး ဦးစွာသွေးပူ လေ့ကျင့်ခန်းကို စတင်ပြုလုပ်ရပါမယ်။ မျက်နှာကို ပြုံးထားပြီး နဖူးမတွန့်စေဘဲ မျက်ခွံကိုဖျစ်ညှစ်ထားတဲ့ လေ့ကျင့်ခန်း ကို ၁၀ ကြိမ်ပြုလုပ်ရပါမယ်။ ပြီးရင် မျက် နှာကို ရေနွေးနွေးလေးစိမ်ထားတဲ့ မျက် နှာသုတ်ပဝါနဲ့ ညင်သာစွာ ပွတ်တိုက်ပေး ပါ။ ပြီးရင် အောက်ပါ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၁)
အံ့အားသင့်ဟန်လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက နဖူးပြင်ပေါ်က ကြွက်သားတွေကို တင်းမာမှုရရှိစေပါ တယ်။
– သင့်လက်နှစ်ဖက်ကို ပုံမှာပြထား တဲ့အတိုင်း နဖူးပေါ်မှာ တင်ထားပါ။
– သင် အံ့အားသင့်တဲ့အခါမှာ ဖြစ်တဲ့ ပုံစံအတိုင်း မျက်ခွံကို လက်နဲ့ ဆွဲ ပင့်လိုက်ပါ။
– နဖူးပေါ်မှာ အရေးကြောင်း မထင် လာအောင် သတိထားရပါမယ်။
– ၁၀ ကြိမ်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)
မျက်လုံးရွှေ့လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက မျက်လုံးတစ်ဝိုက် အရေးကြောင်းတွေ မပေါ်ပေါက်အောင် ကာကွယ်ပေးပါတယ်။
– သင့်မျက်လုံးကို ညာဘက်ထောင့် ကနေ ဘယ်ဘက်ထောင့်ကို ရွှေ့ ကာ ကြည့်ပါ။
– ပြီးရင် ဘယ်ဘက်မှ ညာဘက်၊ အ ပေါ်မှအောက်၊ အောက်မှ အပေါ်သို့ ရွှေ့ကာ ကြည့်ပါ။
– သင့်မျက်လုံးသာ ရွေ့လျားရမှာဖြစ် ပြီး မေးစေ့က လိုက်ရွှေ့ရမှာမဟုတ် ပါဘူး။
– လားရာဘက်တစ်ခုစီအတွက် ငါး ကြိမ်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃)
“O” လေ့ကျင့်ခန်း
နှာခေါင်းနားတစ်ဝိုက်က အရေး ကြောင်းတွေ ကင်းစင်သွားနိုင်ပါတယ်။
– သင့်ပါးစပ်ကို ]ဥ} စာလုံးပုံသဏ္ဌာန် ပြုလုပ်ပြီး ]အို}လို့ အကျယ်ကြီး အော်လိုက်ပါ။
– ၁၀ ကြိမ်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)
အပြုံးလေ့ကျင့်ခန်း
ပါးရိုးသန်မာစေတဲ့လေ့ကျင့်ခန်းပါ။
– အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း ကို ဆွဲစေ့လိုက်ပါ။
– သင့်လက်နှစ်ချောင်းကို နှုတ်ခမ်း ထောင့်တစ်ဖက်စီမှာ တင်ပြီးအသာ အယာဖိပေးပါ။
– အဲဒီလက်နှစ်ဖက်နဲ့ပဲ သင့်နှုတ်ခမ်း ကို နားရွက်ဘက်ဆီရောက်အောင် ဆွဲလိုက်ပါ။
– မူလနေရာပြန်ထားပါ။
– ၁၀ ကြိမ်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၅)
လျှာထုတ်လေ့ကျင့်ခန်း
လည်ပင်းကြွက်သားတွေ သန်မာ စေပြီး မေးစေ့နှစ်ထပ်ဖြစ်တာကို လျော့ ကျစေတဲ့ လေ့ကျင့်ခန်းပါ။
– လျှာထုတ်ပါ။
– ဦးခေါင်းအနည်းငယ်မော့ပြီး ညာ ဘက်သို့ လှည့်ပါ။
– မေးစေ့ကို မçတင်ပြီး ၁၀ မိနစ်ခန့် ထားပါ။
– ပြီးရင် မူလနေရာပြန်ထားပါ။
– တခြားတစ်ဖက်သို့ ပြောင်းလှည့်ပါ။
– တစ်ဖက်စီအတွက်ငါးကြိမ်စီလုပ်ပါ။

လေ့ကျင့်ခန်း (၆)
အဘွားအိုပုံစံလေ့ကျင့်ခန်း
နှုတ်ခမ်းနဲ့ နှာခေါင်းကြားရှိ အရေး ကြောင်းတွေ ပျောက်ကင်းနိုင်ပါတယ်။
– ပါးစပ်ကို ခပ်ဟဟဖွင့်ပါ။
– နှုတ်ခမ်းကို သွားနောက်ဘက်ရောက် အောင် ကုတ်သွင်းပါ။
– ၁၀ စက္ကန့်ခန့်ထားပါ။
– ၁၅ ကြိမ်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၇)
ရော်ဘာလေ့ကျင့်ခန်း
နဖူးပေါ်က ကန့်လန့်ဖြတ် အရေး ကြောင်းတွေကင်းစင်နိုင်တဲ့ လေ့ကျင့် ခန်းပါ။
– လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အ တိုင်း နဖူးပေါ်တင်ထားပါ။
– လက်ကို အသုံးပြုပြီး ဦးခေါင်းကို အနည်းငယ်မော့လိုက်ပါ။
– အောက်ဘက်ကို ကြည့်ပြီး ပါးစပ် က အိုပုံသဏ္ဌာန်ပြုလုပ်ပါ။
– ၁၀ စက္ကန့်ခန့်ထားပါ။
– ဒီလေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း နဖူးပေါ်မှာ တင်းအားရရှိသလိုခံစား ရပါလိမ့်မယ်။
– အကြိမ် ၂၀ ပြုလုပ်ပါ။

 Tips!
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း အရေပြားကို အတင်းအကျပ် ဖိဆွဲတာမျိုး မလုပ်ဘဲ အသာအယာပဲ ဖိအားပေးပါ။
အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ဖို့ လည်း မမေ့ပါနဲ့။

ဒေါက်တာခင်မိုးမိုး 

Post Author: Good Health Journal