၄၀ ကျော်အရွယ်ရောက်မှ စိတ်ဓာတ်တွေ ကျနေပြီလား

အမေရိကန်မှာ အမျိုးသမီးတွေက အသက် ၄၀ ဝန်းကျင်နဲ့ အမျိုးသားတွေ က အသက် ၅၀ ဝန်းကျင်လောက်မှာ စိတ်ဓာတ်ကျဝေဒနာကို အများဆုံး ခံစားရ တတ်တယ်လို့ လေ့လာသူပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

(၁) လုပ်ဆောင်စရာများ များလွန်းခြင်း

အသက် ၄၀ အရွယ်ဆိုတာ မိသားစုနဲ့ ဘ၀ကို ဖြတ်သန်းနေချိန်ပါ။ ဒီအရွယ်မှာ သင့်မိဘနှစ်ပါး၊ သင့်ဇနီး၊ သားသမီးတွေနဲ့ မိသားစုသိုက်သိုက် ဝန်းဝန်းရှိတယ်ဆိုပေမယ့် တစ်ဦးချင်း စီရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ သင့်မှာတာဝန် တွေများပြားလွန်းပါတယ်။ ဒီတာဝန် တွေကို မလစ်ဟင်းအောင် ထမ်းဆောင် ရသလို မိသားစုဝင်တွေရဲ့ တစ်ဦးချင်း ခံစားချက်တွေကို မျှဝေခံစားပေးတာ တွေက သင့်စိတ်မှာ တဖြည်းဖြည်းချင်း ဝန်ပိလာစေပါတယ်။ ဒါတွေဟာ စိတ်ဓာတ်ကျဆင်းမှုကို ၅၀ ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

ဖြေရှင်းပါ
မိသားစုဝင်တွေရဲ့ အရေးကိစ္စတွေ ကို ဂရုစိုက်သလို သင့်ကိုယ်သင်လည်း ဂရုစိုက်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းပုံ မှန်လုပ်ပါ။ အနားယူပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားသုံးပါ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ ဆုံပါ။

(၂) ဗီတာမင်ဘီတွဲချို့တဲ့ခြင်း
သင်ဟာ သင့်ကိုယ်သင်အပြစ်ရှိ တယ်၊ အပြစ်တွေလုပ်မိတယ်လို့ ထင်မြင် နေတာ၊ မေ့လျော့လွန်းတာ၊ စိတ်ဓာတ်ကျ ဆင်းနေတာတွေဟာ ခန္ဓာကိုယ်မှာ ဗီတာ မင် ဘီတွဲချို့တဲ့မှုနဲ့ ဆက်စပ်နေပါတယ်။ အသက်ကြီးလာလေလေ ဗီတာမင် ဘီ တွဲ ချို့တဲ့မှုပိုလာပြီး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ပိုမိုခံစားရလေလေပါ။ အသက်ကြီးလာတဲ့အခါ အစားအစာမှာပါ တဲ့ ဗီတာမင်ဘီတွဲကို အူနံရံက စုပ်ယူ နိုင်မှု လျော့နည်းသွားတတ်ပါတယ်။

ဖြေရှင်းပါ
သင့်အူနံရံက ဗီတာမင်ဘီတွဲစုပ်ယူ မှု ကောင်းစေဖို့ သင့်အသက်က ၅၀နှစ် အောက်ဆိုရင် ငါး၊ အသား၊ ကြက်သား၊ ချိစ်နဲ့ ဥအမျိုးမျိုးကိုစားပါ။ အသက် ၅၀ ကျော်ဆိုရင်တော့ ဗီတာမင် ဘီတွဲဖြည့် စွက်ထားတဲ့ အစားအစာတွေနဲ့ ဖြည့်စွက် စာတွေကို စားပါ။

(၃) စိတ်ဆန္ဒများပြောင်းလဲခြင်း
အသက် ၄၀ အရွယ်အမျိုးသားတွေ ရဲ့ ခန္ဓာကိုယ်က ကျားဟော်မုန်းတက်စရို စတီရုန်း ထုတ်လုပ်မှုလျော့နည်းလာပါ တယ်။ အမျိုးသားတွေမှာ တက်စရိုစတီ ရုန်း လျော့နည်းပါက လိင်စိတ်ဆန္ဒတွေ လျော့နည်းလာတာ၊ ပန်းသေပန်းညှိုးတာ နဲ့ စိတ်ဓာတ်ကျဆင်းတာတွေ ခံစားရ တတ်ပါတယ်။

ဖြေရှင်းပါ
အိမ်ထောင်ဖက်နဲ့ ကြည်ကြည်နူးနူး ပြောဆိုဆက်ဆံတာ၊ နှစ်ယောက်တည်း အပန်းဖြေခရီးထွက်တာ၊ ချစ်သူဘ၀ တုန်းက အမှတ်တရရှိခဲ့တဲ့နေရာတွေကို သွားတာမျိုးတွေ လုပ်ပါ။

(၄) သိုင်းရွိုက်အကျိတ်လုပ်ဆောင်မှု ပြောင်း လဲခြင်း
စိတ်ဓာတ်ကျဆင်းတာက သိုင်း ရွိုက်အကျိတ်ရဲ့ လုပ်ဆောင်မှု မူမမှန် တာရဲ့ လက္ခဏာတစ်ရပ်လို့လည်း ဆိုနိုင် ပါတယ်။ သိုင်းရွိုက်အကျိတ်လုပ်ဆောင် မှုများခဲ့ရင် နှလုံးခုန်မြန်တာ၊ ခြေလက် တုန်တာ၊ မောပန်းတာတွေ ဖြစ်လွယ်ပါ တယ်။ သိုင်းရွိုက်အကျိတ်လုပ်ဆောင်မှု နည်းရင်တော့ ဝမ်းချုပ်တာနဲ့ မောပန်း တာတွေ ဖြစ်လွယ်ပါတယ်။ အသက်ကြီး သူတွေမှာ အစာအိမ်နဲ့အူလမ်းကြောင်း၊ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းတွေ ကို ထိခိုက်နိုင်တာကြောင့် ကုသဖို့ လို အပ်ပါတယ်။

ဖြေရှင်းပါ
သင်ရဲ့ မိဘမောင်နှမအတွင်းမှာ သိုင်းရွိုက်အကျိတ်ရောဂါတွေ ခံစားဖူး သူရှိပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

(၆) သွေးမဆုံးမီ အကြိုကာလနှင့် သွေးဆုံး ခြင်း
အသက် ၄၀ ကျော်အရွယ်ဟာ အမျိုးသမီးတွေအတွက် သွေးမဆုံးမီ အကြိုကာလဖြစ်တာကြောင့် ခန္ဓာကိုယ် မှာဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါ် တတ်ပါတယ်။ ပူလိုက်ချမ်းလိုက်ဖြစ်တာ၊ ညဘက်ကောင်းကောင်းအိပ်မပျော်တာ၊ ချွေးစေးတွေထွက်တာ၊ စိတ်ဓာတ်ကျ ဖူးဖြစ်ရင် စိတ်ကယောက်ကယက်ဖြစ် တာတွေ ခံစားရနိုင်ပါတယ်။

ဖြေရှင်းပါ
စိတ်တည်ငြိမ်အောင် ယောဂကျင့် တာ၊ တရားထိုင်တာတွေ လုပ်ပါ။ သူငယ် ချင်းတွေနဲ့ အပြင်ထွက်လည်ပတ်တာ၊ လေ့ကျင့်ခန်း အတူလုပ်တာတွေက လည်း စိတ်ဓာတ်ကျတာကို သက်သာစေ ပါတယ်။ မသက်သာခဲ့ရင် ဆရာဝန်နဲ့ပြသ တိုင်ပင်ပါ။

(၅) အဆစ်များနာကျင်ခြင်း
အရိုးအဆစ်ရောင်ရမ်းနာကျင်တာ၊ လေးဖက်နာရောဂါကြောင့် အရိုးအဆစ် တွေ နာကျင်ကိုက်ခဲနေတာ စတဲ့ နာတာ ရှည်နာကျင်တဲ့ဝေဒနာတစ်ခုခုကို ခံစား နေရသူတွေဟာ စိတ်ဓာတ်ကျဆင်းတာ ကို ခံစားကြရပါတယ်။ နာတာရှည်နာကျင် မှုဝေဒနာခံစားနေရသူတွေဟာ တခြားသူ တွေထက် စိတ်ဓာတ်ကျဝေဒနာနဲ့ စိုးရိမ် ပူပန်တဲ့ဝေဒနာခံစားရနိုင်ခြေသုံးဆ ပိုမို နိုင်ပြီး စိတ်ဓာတ်ကျနေပါကလည်း နာ ကျင်မှုကို ပိုမိုခံစားရနိုင်ပါတယ်။

ဖြေရှင်းပါ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင် စားသောက်မှုရှိပါစေ။ ဆရာဝန်နဲ့ တိုင် ပင်ပြီး သင့်တော်တဲ့လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *