အရပ်မြင့်တဲ့အမျိုးသားနဲ့ အမျိုးသမီးတွေက နှလုံးပြဿနာဖြစ်နိုင်တဲ့ သွေးပြန်ကြောထဲမှာ သွေးခဲမှုတွေဖြစ်နိုင်ခြေ ပိုများတယ်လို့ လူပေါင်း နှစ်သိန်းခုနစ်သောင်းကို လေ့လာမှု အပြီးမှာ ဆွီဒင်နိုင်ငံ လန်းဒ်တက္ကသိုလ်မှ သုတေသီတွေက ဖော် ထုတ်လိုက်ပါတယ်။
အရပ်ရှည်သူတွေက နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်နိုင် ခြေ ပိုမိုမြင့်မားတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အရပ် ရှည်တဲ့အတွက် ခြေထောက်မှသွေးပြန်ကြောတွေ ရှည်နေတာ ဖြစ်ပြီး ခြေထောက်သွေးပြန်ကြောအတွင်း ကမ္ဘာမြေကြီးရဲ့ဖိအား ပိုမိုသက်ရောက်နိုင်တဲ့အတွက် သွေးစီးဆင်းနှုန်းနှေးကွေးသွား တာ၊ ယာယီရပ်တန့်သွားတာတွေ ဖြစ်ပြီး သွေးပြန်ကြောအတွင်း သွေးခဲသွားတာကြောင့် နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်ခံ ရတာတွေဖြစ်တယ်လို့ ရှင်းပြပါတယ်။
ဆွီဒင်မှာ သုတေသီတွေက အသက် ၃၀ နဲ့ ၄၃ ကြား အမျိုး သားနဲ့ အမျိုးသမီးကြီး အုပ်စုနှစ်ခုခွဲပြီး လေ့လာခဲ့ရာ အရပ်ငါး ပေသုံးလက်မထက်ပုတဲ့ အမျိုးသားတွေက အရပ်ခြောက်ပေ နှစ်လက်မထက်ရှည်တဲ့အမျိုးသားတွေထက် သွေးပြန်ကြော အတွင်း သွေးခဲနိုင်ခြေ ၆၅ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့ရှိ ခဲ့ပါတယ်။ အရပ် ငါးပေတစ်လက်မထက်ပုတဲ့အမျိုးသမီးတွေ က အရပ်ခြောက်ပေအထက်ရှည်တဲ့ အမျိုးသမီးတွေထက် သွေး ခဲနိုင်ခြေ ၆၉ ရာ ခိုင်နှုန်း လျော့နည်းကြပါတယ်။
လေယာဉ်အကြာကြီး စီးရသူ ဒါမှမဟုတ် အိပ်ရာထဲမှာ အနေ များသူလိုမျိုး နာရီပေါင်းများစွာ လှုပ်လှုပ်ရှားရှား မရှိသူတွေ၊ ကိုယ် ဝန်ဆောင်အမျိုးသမီးတွေ၊ ပဋိဇီဝဆေးဝါးမှီဝဲသူတွေကလည်း သွေးပြန်ကြောအတွင်း သွေးခဲနိုင်ခြေမြင့်မားနိုင်ပါတယ်။
ရွှေမိုး