ကြက်သားကိုသာ စားပေးပါက ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းနိုင်

အမဲသား၊ သိုးသား၊ ဝက်သား စတဲ့အနီရောင်အသားတွေကို မစားတော့ဘဲ ကြက်သားကိုပဲ စားပေးရင် ရင်သားအကျိတ်ဖြစ် နိုင်ခြေနည်းတယ်လို့ အမေရိကန်လေ့လာချက်က ဆိုပါတယ်။ အနီရောင်အသားကိုပဲအစားများတဲ့လူတွေဟာ အနီရောင်အ သားအစားနည်းတဲ့လူတွေနဲ့ယှဉ်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများတာပါ။ ဒါပေမဲ့ ကြက်သားပဲ အဓိကထား စားတဲ့လူတွေကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းပါတယ်။ အမျိုးသမီးပေါင်း ၄၂၀၀၀ ကျော်ကို အမေရိကန်သုတေသီ တွေက ခုနစ်နှစ်ခွဲကြာလေ့လာအပြီးမှာမှ အခုလေ့လာချက်ကို ထုတ်ပြန်လိုက်တာပါ။ ]အနီရောင်အသားမှာ ကင်ဆာဖြစ်စေတဲ့ အရာတွေ ပါဝင်နိုင်တယ်]လို့ သုတေသီ ဒေါက်တာဒယ်ဆန်ဒ် လာက ဆိုပါတယ်။ ]ကြက်သားကိုပဲ အဓိကစားပေးရင် ရင် သားကင်ဆာဖြစ်နိုင်ခြေနည်းပြီး အနီရောင်အသားကို အဓိက ထားစားရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေများတယ်ဆိုတဲ့ အချက် ကို ကျွန်တော်တို့လေ့လာချက်က ထပ်ပြီးအားဖြည့်ပေးလိုက် တာပါပဲ] လို့ သူက ဆက်ပြောပါတယ်။

(DM, 8.8.19) ချယ်ရီ

Post Author: Good Health Journal