ကြက်ဥက ကိုလက်စထရော တက် စေတယ်ဆိုပြီး မစားရဲကြပါဘူး။ ဒါပေမဲ့ ပြည့်ဝဆီတွေ ပါဝင်တဲ့ စားစရာတွေနဲ့ ယှဉ်ရင်တော့ ကြက်ဥကပေးတဲ့ ကိုလက် စထရောက မပြောပလောက်တော့ပါဘူး။ ကျန်းမာရေးကောင်းတဲ့သူတစ်ယောက်အ တွက် တစ်ပတ်ကို ကြက်ဥခုနစ်လုံးထိ ဘေးကင်းကင်းစားနိုင်ပါတယ်။ ကြက်ဥနဲ့ တွဲဖက်ပြီး ဆားပါဝင်မှုများတဲ့အသား၊ ကြက်ဥချောင်း၊ ဝက်ပေါင်ခြောက် စတာ တွေစားရင်သာ နှလုံးရောဂါဖြစ်စေမှုနဲ့ ဆက်စပ်နေတာပါ။
ဘာကျန်းမာရေးကောင်းကျိုး တွေပေးလဲ
ကြက်ဥကို အသင့်အတင့် စားသုံး ပေးတာက မျက်စိကျန်းမာရေးကောင်းမွန် စေတာ၊ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာ တွေကောင်းမွန်စေတာ၊ ကြွက်သားတွေ ဖွံ့ဖြိုးစေတာ၊ နှလုံးသွေးကြောစနစ်ကျန်း မာရေးကောင်းစေတာ စတဲ့ ကောင်းကျိုး တွေရရှိစေပါတယ်။
သုတေသနတွေကဘာပြောလဲ
ဆီးချိုရှိတဲ့ သူတွေအတွက်ကတော့ တစ်ပတ်ကို ကြက်ဥခုနစ်လုံး စားရင်တောင် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေ တယ်လို့ သုတေသနတချို့မှာ ဖော်ပြထား ပါတယ်။ ကြက်ဥစားတာက နှလုံးရောဂါ ဖြစ်စေမှုနဲ့ ဆက်စပ်မှုမရှိဘူးဆိုတဲ့ သုတေ သနတွေလည်း ထွက်ရှိနေတာကြောင့် ဘယ်ဟာအမှန်လဲဆိုတာ အတည်ပြုနိုင်ဖို့ လိုနေပါသေးတယ်။
ဘယ်လောက်ပမာဏစားရမလဲ
အမေရိကန်လူမျိုးတွေရဲ့ Dietary Guidelines အရ တစ်နေ့ကို ကိုလက်စ ထရော ၁၀၀ ကနေ ၃၀၀ မီလီဂရမ် ပဲစား ဖို့ပြောထားပါတယ်။ ကြက်ဥအကြီး တစ် လုံးမှာ ကိုလက်စထရော ၁၈၆ မီလီဂရမ် အထိပါဝင်နိုင်ပါတယ်။ ဒါကြောင့် ကို လက်စထရောတက်မှာလည်း ကြောက် တယ်၊ ကြက်ဥလည်းကြိုက်တယ်ဆိုရင် ကြက်ဥ အနှစ်ကိုဖယ်ပြီး စားပါ။ ကြက်ဥ အကာမှာကိုလက်စထရောလုံးဝ မပါဝင်ပါ ဘူး။
ထူးဒါလီကိုကို (MPharm)