ကြက်ကြော်နှင့် ရေခဲမုန့်တို့သည် အရွယ်မတိုင်မီသေဆုံးခြင်းနှင့်ဆက်စပ်နေ

ကြက်ကြော်၊ ရေခဲမုန့်တို့လိုမျိုး အ ဆင့်ဆင့်ပြုပြင်ပြောင်းလဲထားတဲ့အစားအစာတွေဟာ အရွယ်မတိုင်မီ သေဆုံး တာ၊ ကျန်းမာရေးညံ့ဖျင်းတာတို့နဲ့ဆက်စပ်နေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ အဲဒီအစားအစာတွေ ကို လူတွေစားတဲ့ပမာဏဟာလည်း ပိုပို ပြီးများလာနေတယ်လို့ ပြင်သစ်နဲ့စပိန်မှ သုတေသီတွေက ဆိုပါတယ်။ အဲဒါတွေ စားရင် ကျန်းမာရေးထိခိုက်နိုင်တယ်လို့ ဒီလေ့လာချက်ရလဒ်က အတိအကျ သက်သေမပြနိုင်ပေမယ့် အဲဒီအစားအ စာတွေကြောင့် အစားအစာအလွန်အ ကြူးစားမိတာမျိုးဖြစ်သွားနိုင်တယ်ဆို တဲ့စမ်းသပ်ချက်တွေနဲ့တော့ နီးစပ်နေပါ တယ်။ လေ့လာချက်ရလဒ်ကို အလေး ထားပြီး သတိထားစားကြဖို့ ပညာရှင် တွေက တိုက်တွန်းပေမယ့် အဲဒီရလဒ် အတိုင်း ဟုတ်၊ မဟုတ် သေသေချာချာ ဆက်လေ့လာကြဖို့ကိုလည်း ပညာရှင် တွေက သုတေသီတွေကို တိုက်တွန်း လိုက်ပါတယ်။ အသီးအရွက်၊ အသား၊ နွားနို့၊ အစေ့အဆန်၊ ကြက်ဥ၊ ဆန်၊ ပဲ စတာတွေဟာ ပြုပြင်ပြောင်းလဲမထားတဲ့ အစားအစာတွေဖြစ်ပြီး စားသုံးသင့်ပါ တယ်။ အဆင့်ဆင့်ပြုပြင်ပြောင်းလဲထားတဲ့အစားအစာတွေဆိုတာကတော့ အ သင့်စားအစားအစာတွေပါ။ ကြက်ကြော်၊ ရေခဲမုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ကိတ်မုန့်၊ပေါင်မုန့်၊ အချိုရည်၊ ပီဇာ၊ ချောကလက်၊ အသင့်ဖျော် ဟင်းရည်အဲဒါတွေက အ ဆင့်ဆင့်ပြုပြင်ပြောင်းလဲထားတဲ့အစားအစာပါ။ အဲဒါတွေမှာ အာဟာရ၊ အမျှင် ဓာတ်တွေမပါတော့ စားလည်း ဗိုက်မ ပြည့်သလိုခံစားရပြီး ထပ်ထပ်စားမိပါ မယ်။ ဒါဆို အဝလွန်လာပါလိမ့်မယ်။

(BBC, 6.6.19) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *