ကြိုးမဲ့ဘရာစီယာသို့မဟုတ်ကပ်ခွာဘရာစီယာ၏ကျန်းမာရေးအကျိုးအပြစ်များ

ဘရာစီယာဆိုတာက အဝတ်အထည်တစ်မျိုးတောင် မဟုတ်ပါဘူး။ သူက အမျိုးသမီးတွေရဲ့ အဝတ်ဗီဒိုအတွင်းမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုပါ။ ဘရာစီယာကို ဝယ်ဝတ်တဲ့အခါမှာ အရွေးမှားခဲ့ရင် သင့်အလှအပတွေကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။

မှန်ကန်တဲ့ဘရာစီယာဆိုတာ သင့် ရင်သားကိုကောင်းမွန်စွာ အထောက်အပံ့ ပေးနိုင်ပြီး ပုံမပျက်ဖြစ်စေတာ၊ ခန္ဓာကိုယ် အတွင်း ဘာအမှတ်အရာမှ ထင်မကျန် ရစ်ခဲ့ဘဲ သင့်ကို သက်သောင့်သက်သာ ရှိနေရပါမယ်။ ညပါတီပွဲတွေတက်ဖို့ လည်ဟိုက်အင်္ကျီ ဒါမှမဟုတ် နောက် ကျောပြောင်အင်္ကျီတွေ ဝတ်တဲ့အခါမှာ သင်ရဲ့အတွင်းခံဘရာစီယာနဲ့ သူ့ကြိုး တွေ ပေါ်လွင်နေရင် စတိုင်ကျလှပမှာ မဟုတ်ပါဘူး။ ဒီလိုအခါမျိုးမှာ ကပ်ခွာ ဘရာစီယာလိုမျိုးကို ဝတ်ဆင်ရပါမယ်။ ဒီဘရာစီယာတွေက အရေပြားနဲ့ကပ်နေ ပြီး ပုံမှန်ဘရာစီယာတွေကနေရရှိတဲ့အကျိုးကျေးဇူးအားလုံးကို ရရှိနိုင်ပါတယ်။

ကပ်ခွာဘရာစီယာဆိုတာ

===============

ကပ်ခွာဘရာစီယာဆိုတာက ဘာ ကြိုး၊ ဘာချိတ်မှ မရှိဘဲ ရင်သားပေါ်မှာ ကပ်နေနိုင်တဲ့ ဘရာစီယာအမျိုးအစားပါ။ ဒီဘရာတွေက များသောအားဖြင့် ဆီလီ ကွန်၊ ပေါ်လီယူရသိန်းတွေနဲ့ ပြုလုပ်ထား ပြီး အသားနဲ့ကပ်ရမယ့်နေရာတွေမှာ ဆေးကပ်ခွာလိုမျိုးတွေကို အသုံးပြုထား ပါတယ်။ ပခုံးနဲ့ နောက်ကျောတွေကို ပေါ် လွင်စေချင်တဲ့အဝတ်အစားတွေဝတ်ရင် ဒီဘရာစီယာအမျိုးအစားက အသင့် တော်ဆုံးပါ။

ကပ်ခွာဘရာစီယာ၏ အကျိုး ကျေးဇူးများ

========================

– ကပ်ခွာဘရာစီယာတွေက ပုံမှန်ဘ ရာစီယာဝတ်သလိုမျိုး သင့်ကို နာကျင်စေ မှာ မဟုတ်ပါဘူး။ ရိုးရိုးဘရာစီယာတွေ ကြိုးတင်းတာကြောင့် နာကျင်တာ၊ ချိတ် ပြုတ်တာကြောင့် စူးတာ၊ ဝိုင်ယာတွေ ပျော့နေတာကြောင့် ရင်သားပုံပျက်တာ လိုမျိုး ပြဿနာတွေလည်း မရှိပါဘူး။
– ဒီဘရာစီယာတွေက ဘယ်အဝတ် အစားတွေနဲ့မဆို လိုက်ဖက်ပါတယ်။
– သင်နဲ့ size မတော်တဲ့ ပုံမှန်ဘရာ စီယာဝတ်တဲ့အခါမှာ ရင်သားနာကျင်တာ နဲ့ ခါးနာတဲ့ဝေဒနာတွေခံစားရနိုင်ပေမယ့် ကပ်ခွာဘရာက ပိုပြီးပျော့ပျောင်းကာကွေး နိုင်ဆန့်နိုင်အားလည်း ပိုမိုကောင်းမွန်တာ ကြောင့် ဒီပြဿနာတွေမဖြစ်နိုင်ပါဘူး။
– တင်းကျပ်တဲ့ ဘရာစီယာတွေ ကြောင့် ရင်သားမှာရှိတဲ့ ပြန်ရည်ကျိတ် တွေ(အဆိပ်အတောက်စွန့်ပစ်တဲ့) ပိတ် ဆို့မှု ဖြစ်နိုင်ပြီး ကင်ဆာရောဂါဖြစ်တဲ့အ ထိတောင် ဒုက္ခပေးနိုင်ပေမယ့် ကပ်ခွာ ဘရာစီယာတွေကတော့ ကျုံ့နိုင်ဆန့်နိုင် အား ပိုမိုကောင်းမွန်ပြီး ဒီပြဿနာတွေ မဖြစ်နိုင်ပါဘူး။
– ပုံမှန်ဘရာစီယာတွေ ဝတ်တာက ရင်သားကြွက်သားတွေ အလုပ်မလုပ် တော့တဲ့အတွက် အချိန်ကြာလာတဲ့အခါ မှာ သူတို့ရဲ့ သန်မာမှုတွေ ပျောက်ဆုံး သွားပြီး ရင်သားတွဲကျလာနိုင်ပါတယ်။ ကပ်ခွာဘရာစီယာတွေကတော့ ပုံမှန်အ တိုင်း ကြွက်သားတွေ အလုပ်လုပ်နိုင်တဲ့ အတွက် သဘာဝအတိုင်း တင်းတင်းရင်း ရင်းရှိနိုင်ပါတယ်။
ကပ်ခွာဘရာစီယာကြောင့်ဖြစ်နိုင် သော ကျန်းမာရေးပြဿနာများ
ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုး ကျိုး ဒွန်တွဲလျက်ရှိပါတယ်။ ဒီလိုပါပဲ၊ ကပ်ခွာဘရာစီယာအသုံးပြုတာကြောင့် ဖြစ်နိုင်တဲ့ အောက်ပါပြဿနာလေးတွေ ရှိပါတယ်။
– သင်ဝတ်ထားတဲ့ကပ်ခွာဘရာစီယာ မှာ အသုံးပြုထားတဲ့ စီလီကွန်အမျိုးအစား မကောင်းရင် ဓာတ်မတည့်မှုဖြစ်လာပြီး အရေပြားမှာ အဖုအပိမ့်နဲ့ ယားနာဖုတွေ ပေါက်လာနိုင်ပါတယ်။
– စီလီကွန်အသုံးပြုထားတာကြောင့် လေဝင်လေထွက်မကောင်းပါဘူး။ ဒါ ကြောင့် ဒီဘရာစီယာအမျိုးအစားကို တစ်ချိန်လုံး ဝတ်မထားသင့်ပါဘူး။ လို အပ်မှသာ ဝတ်ဆင်သင့်ပါတယ်။
– ကပ်ခွာဘရာစီယာခွက်ထဲမှာ ကျန် ရစ်ခဲ့တဲ့ ဖုန်မှုန့်နဲ့ ချွေးတွေက ဘက်တီး ရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံး အခြေအနေဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ် အောင် ဘရာစီယာကို ပုံမှန်လျှော်ဖွပ်ပေးပါ။
ကပ်ခွာဘရာစီယာတွေကို သူတို့ရဲ့ ကပ်စေနိုင်တဲ့ ဂုဏ်သတ္တိမပျောက်ဆုံးခင် အထိ အကြိမ်အနည်းငယ်အသုံးပြုနိုင်ပါ တယ်။ ဒီဘရာစီယာတွေက ဈေးလည်း သိပ်မကြီးတာကြောင့် အသားနဲ့ ကပ်တဲ့ ဂုဏ်သတ္တိပြယ်သွားရင် အသစ်သာ ဝယ် သုံးလိုက်ပါ။

လှပတ္တမြား

Post Author: Good Health Journal