ကြွက်သားနာကျင်မှုကို အမြန်ကုစားရအောင်

ကြွက်သားတွေ နာကျင်တာကို တစ် ချိန်မဟုတ် တစ်ချိန်တော့ ခံစားဖူးကြမှာ ပါ။ အလွန်အကျွံအားစိုက်လုပ်တာ၊ မ တော်တဆ ထိခိုက်မိတာ ဒါမှမဟုတ် တချို့ဆေးဝါးတွေ သောက်သုံးနေရတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အ ကိုက်အခဲပျောက်ဆေးသောက်သုံးတာ ကြောင့်သက်သာနိုင်ပါတယ်။ ဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ အောက်ပါ အလွယ်နည်းလမ်းတွေကို ပြုလုပ်နိုင်ပါ တယ်။

ရေပူ၊ ရေအေး ချိုးပေးခြင်း
ရေပူချိုးတာ ဒါမှမဟုတ် ရေအေး ချိုးပေးတာကြောင့် ကြွက်သားတွေ ပြေ လျော့စေပြီး နာကျင်တာကို သက်သာစေ ပါတယ်။ ကြွက်သားတွေရဲ့ တင်းအားကို လျော့နည်းစေတာကြောင့် သက်သောင့် သက်သာဖြစ်သွားစေပါတယ်။ ရေနွေး အိတ် ဒါမှမဟုတ် ရေခဲအိတ်ကို နာကျင် တဲ့နေရာပေါ် မိနစ် ၂၀ ကြာအောင် ကပ် ပေးတာကြောင့်လည်း ရောင်ရမ်းမှုတွေ လျော့နည်းသွားစေလို့ နာကျင်မှုတွေ သက်သာစေပါတယ်။

ချယ်ရီသီးဖျော်ရည်
ချယ်ရီသီးမှာ အင်တီအောက်ဆီး ဒင့်တွေ များစွာပါဝင်တာကြောင့် တခြား အာနိသင်တွေအပြင် ကြွက်သားနာကျင် မှုကို သက်သာစေတဲ့ အာနိသင်ကိုလည်း ရရှိစေပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့ အခါမျိုးတွေမှာ ချယ်ရီသီးဖျော်ရည် တစ် ခွက်လောက်တော့ သောက်သုံးသင့်ပါ တယ်။

ကော်ဖီ
လေ့လာမှုတွေအရ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားနာကျင်တာ အတွက် ကော်ဖီနှစ်ခွက်သောက်တာ ကြောင့် နာကျင်မှုကို သက်သာစေတယ် လို့ တွေ့ရပါတယ်။ ဒါပေမဲ့ အဆင်သင့် ထုတ်လုပ်ထားတဲ့ ဖျော်ရည်တွေက နာကျင်မှုကို သက်သာစေတဲ့ ဗိနညသျငညန ရဲ့ လုပ်ဆောင်မှုကို တားမြစ်ပါတယ်။ ဒီလိုတားမြစ်တာကြောင့် ကြွက်သားတွေ ကျုံ့ဆန့်မှု၊ တောင့်တင်းမှုတွေဖြစ်ပြီး နာကျင်မှုတွေကို ပိုမိုခံစားရစေပါတယ်။

ငရုတ်သီး
ငရုတ်သီးထဲမှာပါဝင်တဲ့ Capsaicin က ကြွက်သားနဲ့ အရိုးအဆစ်တွေ နာ ကျင်တာကို သက်သာစေပါတယ်။ လိမ်း ဆေးအတော်များများမှာ ဒီဒြပ်ပေါင်းကို ထည့်သွင်းပြုလုပ်ထားတတ်ပါတယ်။ နာ ကျင်တဲ့နေရာပေါ် ပွတ်လိမ်းထားပေးပါ နာကျင်မှုတွေ သက်သာသွားစေပါတယ်။ ဆေးလိမ်းပြီးတဲ့အခါ လက်ကို သေချာစွာ ဆေးကြောဖို့ လိုပါတယ်။ လက်မဆေးဘဲ မျက်လုံးနဲ့ နှာခေါင်းတွေကို ပွတ်မိပါက ပူလောင်မှုကို ခံစားရနိုင်ပါတယ်။

မရှိမဖြစ်အဆီ
မရှိမဖြစ်အဆီတွေက ကြွက်သားနာ ကျင်မှုတွေကို သက်သာစေပါတယ်။ ကြွက်တက်တာအတွက် စပါးလင်ဆီနဲ့ ငရုတ်ကောင်းဆီတွေကို ပေါင်းစပ်ပြီး အသုံးပြုနိုင်ပါတယ်။ ကြွက်သားတွေ တောင့်တင်းပြီး နာကျင်တာအတွက် ချမို မိုင်းအဆီနဲ့ ပင်စိမ်းအဆီတွေကို ပေါင်း စပ်အသုံးပြုနိုင်ပါတယ်။ အဆိုပါအဆီ တွေ ရှာဖွေရခက်ပါက အုန်းဆီ ဒါမှမ ဟုတ် ဗာဒံစေ့ဆီတွေကို နာကျင်တဲ့နေရာ ပေါ် ပွတ်လိမ်းပေးနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *