နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေကိုဘယ်လိုစောင့်ကြည့်နေလဲ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုရိုနာဗိုင်း ရပ်စ်သံသယရှိသူ ဘယ်နှယောက်ရှိနေပြီလဲ ဆရာ။
အခုလက်ရှိကတော့ စင်ကာပူကနေ ပြန်လာတဲ့အမျိုးသမီးငယ်တစ်ဦးကို ဝေ ဘာဂီဆေးရုံမှာ စောင့်ကြည့်တာတွေ ဆောင်ရွက်နေပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စင်ကာပူနိုင်ငံမှာ မြန်မာ အမျိုးသမီးငယ်အလုပ်လုပ်နေတဲ့ အိမ် ရှင်အဘိုးအိုက ချောင်းဆိုးတော့ မြန်မာ အမျိုးသမီးငယ်ကို မြန်မာပြည်ကို ပြန် လွှတ်လိုက်ပါတယ်။ အဲဒီအမျိုးသမီးငယ် က မြန်မာပြည်ကိုပြန်ရောက်တော့ တောင် ဒဂုံမှာ တည်းခိုပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ ၈ နာရီ ၅၅ မိနစ်လောက်မှာ စင် ကာပူကျန်းမာရေးဝန်ကြီးဌာနရဲ့ Inter-national Health Regulations Net-work ကနေ ကျန်းမာရေးဝန်ကြီးဌာန CEU့ ကို အီးမေးလ်ကနေတစ်ဆင့် သ တင်းလှမ်းပို့ပေးပါတယ်။ သတင်းရရချင်း မှာပဲ ကတ်တွေကို ပြန်ရှာပြီး တွေ့တဲ့အခါ မှာ တယ်လီဖုန်းနံပါတ်ကိုဆက်ပြီး ဖုန်း ကိုင်တဲ့အခါ အဲဒီအမျိုးသမီးငယ်လေးက ခရီးစဉ်မှာပါလာတာဟုတ်တယ်။ သူမရဲ့ နယ်အိမ်ကိုပြန်ဖို့အတွက်လည်း လုပ်နေ ပြီလို့သိရတော့ ကျန်းမာရေးဝန်ကြီးဌာန က တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ အထွေထွေအုပ်ချုပ်ရေးမှူး တွေ၊ ရဲတွေ သွားကြည့်ပြီးတော့ သူမနဲ့ ဆွေးနွေးတာတွေ ဆောင်ရွက်ပြီး ဝေဘာ ဂီဆေးရုံမှာစောင့်ကြည့်ဖို့အတွက် ထား လိုက်တယ်။ ဘာလို့လဲဆိုတော့ သူမ စောင့်ရှောက်ခဲ့တဲ့ အဘိုးအိုဟာ စင်ကာပူ နိုင်ငံရဲ့ ၄၁ ဦးမြောက် ရောဂါလက္ခဏာ ရှိသူဖြစ်တာကြောင့် ဖြစ်ပါတယ်။ ပြီး တော့ သူမနဲ့အနီးကပ်ရှိခဲ့သူ ၁၂ ဦးကို လည်း ပြင်ပလူတွေနဲ့ ဆက်သွယ်တာတွေ မလုပ်ဘဲ သီးသန့်နေထိုင်ဖို့အတွက် အ သိပေးတာတွေလုပ်ဆောင်ခဲ့ပါတယ်။
ဝေဘာဂီဆေးရုံမှာဆိုရင် အဲဒီလို စောင့်ကြည့်ဖို့ထားတဲ့ အဖွဲ့နှစ်ဖွဲ့ရှိပါ တယ်။ တစ်ဖွဲ့က စင်ကာပူကလာတဲ့ အ မျိုးသမီးငယ်ဖြစ်ပြီးတော့ နောက်တစ်ဖွဲ့ ကတော့ ဝူဟန်ကနေပြန်လာတဲ့ ကျောင်း သားငါးယောက်ပါဝင်တဲ့ အဖွဲ့ဖြစ်ပါ တယ်။ ရန်ကင်းကလေးဆေးရုံမှာလည်း PUI အနေနဲ့ စောင့်ကြည့်နေတာ နှစ် ယောက်ရှိပြီး သူတို့လည်း အခြေအနေ ကောင်းနေပါတယ်။ ယနေ့အချိန်အထိ တော့ လူနာမရှိသေးပါဘူး။ သံသယအ တွက် စောင့်ကြည့်နေတာတွေပဲ ရှိပါ တယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လေဆိပ်၊ ရေဆိပ်တွေမှာ အထူး စောင့်ကြည့်တာတွေ ဆောင်ရွက်နေပြီး စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်။ ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ် စပြီးဖြစ်ပြီ ဆိုကတည်းက မြန်မာနိုင်ငံက ကျန်းမာ ရေးဝန်ကြီးဌာနအနေနဲ့ အထူးစစ်ဆေး တာတွေ၊ ဆေးရုံနဲ့ပတ်သက်တဲ့အရာတွေ၊ ဆေးရုံတွေအနေနဲ့ လိုက်နာရမယ့်အ ချက်တွေ၊ ဝန်ထမ်းတွေအနေနဲ့ လိုက် နာရမယ့်အချက်တွေကို စနစ်တကျ လုပ် ဆောင်နေပါတယ်။

နှာခေါင်းစည်းတွေတပ်တာကကော ဘယ်လောက် အထိ အကျိုးသက်ရောက်မှုရှိပါသလဲ။
ကိုရိုနာဗိုင်းရပ်စ် စပြီးဖြစ်ပြီဆိုက တည်းက နှာခေါင်းစည်းတွေတပ်ဆင်တာ များလာတော့ ဈေးကွက်ထဲမှာ ပြတ်တဲ့အ ထိ ဖြစ်လာတယ်။ ဈေးတွေလည်း အဆ မတန်တက်လာတယ်။ ဈေးကွက်ထဲ ပြတ်တဲ့အထိဖြစ်လာတော့ နှာခေါင်းစည်း အုပ်မထားရင် မလုံခြုံဘူးလို့ ပြည်သူလူ ထုက ထင်လာကြတယ်။ နှာခေါင်းစည်း မှာ Surgical Mask နဲ့ Medical Mask ဆိုပြီး နှစ်မျိုးရှိပါတယ်။ နှာခေါင်းစည်း ကို ဘယ်အချိန်မှာ တပ်ရမလဲဆိုရင် ကိုယ့်မှာ နှာစေး၊ ချောင်းဆိုးဖြစ်နေတဲ့အ ချိန်မှာ တခြားသူကို ကူးစက်တာမျိုး မ ဖြစ်ရလေအောင် နှာခေါင်းစည်း တပ် ထားသင့်ပါတယ်။ ဆရာဝန်တွေအနေနဲ့ လည်း လူနာနဲ့ ထိတွေ့တဲ့အခါမှာ နှာ ခေါင်းစည်း တပ်ထားသင့်ပါတယ်။ ပုံမှန် ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ လူထူ ထပ်တဲ့နေရာကိုလည်း မသွားဖြစ်ဘူး၊ နှာ စေးချောင်းဆိုး ဖြစ်နေတဲ့သူနဲ့လည်း ထိ တွေ့တာမျိုး ဖြစ်မနေဘူးဆိုရင် နှာခေါင်း စည်းတပ်ဆင်စရာမလိုပါဘူး။ တပ်ဆင် တဲ့အခါမှာလည်း တပ်ဆင်ထားတဲ့ပုံစံက စနစ်တကျဖြစ်နေဖို့ အရေးကြီးပါတယ်။ ပြီးတော့နှာခေါင်းစည်းကို လက်နဲ့ ခဏ ခဏကိုင်တာမျိုး မလုပ်ဖို့နဲ့ နှာခေါင်းရော၊ ပါးစပ်ပါလုံခြုံအောင် တပ်ဆင်ဖို့ အရေး ကြီးပါတယ်။ ဖြုတ်တဲ့အခါမှာလည်း ကြိုး ကနေကိုင်ဖြုတ်ပြီး အမှိုက်ပုံးထဲကို စနစ် တကျ စွန့်ပစ်ဖို့နဲ့ လက်ကိုစင်ကြယ်အောင် ဆေးဖို့ အရေးကြီးပါတယ်။ Medical Mask ကိုတော့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လူနာတွေနဲ့ထိတွေ့နေရတဲ့အ ချိန်မှာ တပ်ဆင်ထားဖို့အရေးကြီးပါတယ်။ ဘာကိုကိုင်ကိုင် ပြီးရင် လက်ကို စနစ်တ ကျဆေးဖို့လည်း အရေးကြီးပါတယ်။ နှာ ခေါင်းတွေ၊ ပါးစပ်တွေကို ခဏခဏ မ ကိုင်သင့်ပါဘူး။ ဒါတွေအပြင် တစ်ကိုယ် ရေသန့်ရှင်းရေး၊ အိပ်ရေး၀၀အိပ်ဖို့နဲ့ ကိုယ်ခံအားကောင်းအောင် အစားအ သောက်များများစားဖို့လည်း လိုအပ်ပါ တယ်။ လူစုလူဝေးရှိတဲ့နေရာတွေ မ သွားဖို့နဲ့ နှာစေး၊ ချောင်းဆိုးသူတွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ဖို့နဲ့ လက် ကိုင်ပဝါတွေ ဆောင်ထားဖို့ လိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အတွက် စောင့်ကြည့်တာတွေ ဆောင်ရွက်နိုင်ဖို့ ဝေဘာဂီဆေးရုံအပြင် တခြားဘယ်ဆေးရုံတွေကို လျာထားတာတွေ ရှိသလဲ။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေ၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းလုပ်ကိုင်နေ သူတွေကိုလည်း ခေါ်ယူအသိပေးပြီးဖြစ် ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားတွေကနေ ကျန်းမာရေးနဲ့ပတ်သက်ပြီး သံသယဖြစ် ဖွယ်လူနာတွေ့ရှိခဲ့ရင် မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ တိုင်းကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာန၊ ကုသရေးဦးစီး ဌာနတွေကို သတင်းပေးပို့နိုင်ပါတယ်။ ရောဂါကာကွယ်နှိမ်နင်းရေးအတွက်လည်း ဆေးရုံတွေအနေနဲ့ ဆောင်ရွက်ထားပြီးပါ ပြီ။ ဆေးရုံတိုင်းမှာလည်း အနည်းဆုံး ခု တင်လေးလုံးစီထားနိုင်အောင်အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဝေဘာဂီဆေး ရုံမှာဆိုရင်လည်း အဆောင်သစ်နှစ်ဆောင် ဆောက်လုပ်နေတာက ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပြီးစီးမှာဖြစ်ပြီး အဲဒါတွေ မှာလည်း လိုအပ်ရင် အခန်းတွေပြင်ဆင် သွားမှာဖြစ်ပါတယ်။ ဥပမာ လှိုင်သာယာ ဆေးရုံဆိုရင် ခုတင် ၆ လုံးလောက် ထားနိုင်ဖို့အထိ ပြင်ဆင်ထားပြီးပါပြီ။ ဆေးရုံတွေကိုလည်း ပြင်ဆင်ထားတဲ့ အ ခြေအနေတွေ၊ လိုအပ်တာတွေကို စစ် ဆေးဆောင်ရွက်နေပါတယ်။ လိုအပ် ချက်ရှိတဲ့ ဆေးရုံအတွက်လည်း ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနကို တင်ပြ ပြီးတော့ လုပ်ဆောင်နိုင်အောင် ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ အခုလက်ရှိက တော့ မြန်မာနိုင်ငံမှာ ရောဂါဖြစ်တဲ့လူနာ မတွေ့သေးပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ တော့ ဒီရောဂါက မြန်မာနိုင်ငံမှာလည်း ဖြစ်လာနိုင်ခြေရှိတာကြောင့် ဖြစ်လာခဲ့ရင် ဆေးရုံတိုင်းက လက်ခံကုသနိုင်ရပါမယ်။

တရုတ်လူမျိုးတွေနဲ့ဆက်စပ်ပြီး အလုပ်လုပ် ကိုင်နေရသူတွေကိုကော ဘယ်လိုပညာပေးတာ တွေ ဆောင်ရွက်သွားမှာလဲ။
စက်ရုံ၊ အလုပ်ရုံတွေမှာ တရုတ်အ မျိုးသားတွေအနေနဲ့ လာရောက်ပြီးအ လုပ်လုပ်ကိုင်ကြတာတွေရှိတယ်။ တရုတ် နှစ်ကူးကိုရောက်တော့ သူတို့တွေကပြန် သွားကြပြီးတော့ သူတို့မြန်မာပြည်ကိုပြန် လာတော့ မြန်မာအလုပ်သမားတွေက အ လုပ်မဆင်းတာတွေရှိလာတယ်။ နောက် ပိုင်းမှာ ဒီထက်လည်း ဆိုးလာနိုင်ပါတယ်။ ဒါတွေက မဖြစ်သင့်တာကြောင့် စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်တွေက တာဝန်ရှိသူ တွေကိုဖိတ်ပြီးတော့ ကျန်းမာရေးဝန် ထမ်းတွေက ဟောပြောမယ့်အစီအစဉ် တွေကို လုပ်မှာဖြစ်ပါတယ်။ ဒါတွေလုပ် ဆောင်တာက စက်ရုံပိုင်ရှင်တွေရော၊ စက်ရုံအလုပ်သမားတွေရော ပညာပေး အစီအစဉ်တစ်ခုအနေနဲ့ ဆောင်ရွက်ရ တာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာထွန်းမြင့်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန

Post Author: Good Health Journal