နို့မှုန့်ကြောင့် စပိန်ကလေး ၁၆ ဦး တစ်ကိုယ်လုံးတွင် အမွေးအမှင်များ ပေါက်လာ

နို့မှုန့်မှာပါတဲ့ ဓာတ်တစ်မျိုးကြောင့် စပိန်မှာ ကလေး ၁၆ ယောက် တစ်ကိုယ်လုံးမှာ အမွေးအမှင်တွေ ပေါက်လာပါတယ်။ ထိပ်ပြောင်တာ ကို ကုတဲ့နေရာမှာသုံးတဲ့ minoxidil ဓာတ်က နို့မှုန့်မှာပါနေတာကြောင့် ကလေးတွေ တစ်ကိုယ်လုံးမှာ အမွေးတွေ ထွက်ကုန်တာပါ။ ဒါကြောင့် Farma-Quimica Sur SL ဆိုတဲ့ ဆေးကုမ္ပဏီကထုတ်တဲ့ နို့မှုန့်တွေ ကို ဈေးကွက်ကနေ ပြန်သိမ်းဖို့ စပိန်ကျန်းမာရေးဌာနက ညွှန်ကြား လိုက်ပါပြီ။ ကလေးတွေသောက်တဲ့ နို့မှုန့်ထဲမှာ စားချဥ့်ပြန်တာနဲ့ အစာ မကြေတာကို သက်သာစေတဲ့ Omeprazole ဓာတ်လည်းပါပါသေး တယ်။ ကလေးတွေက အဲဒါကို ဆက်မသောက်တော့တာကြောင့် အ မွေးထွက်တာလည်း သက်သာသွားပြီလို့ ကျန်းမာရေးဌာနက ဆိုပါ တယ်။ ကိုယ့်ကလေးကို တိုက်မိတဲ့နို့မှုန့်တွေထဲမှာ အဲဒီနို့မှုန့်ပါသလား လို့ မိဘတွေသတိထားကြည့်ပြီး လိုအပ်ရင် ကလေးကို နီးစပ်ရာဆေးရုံ မှာသွားပြဖို့ ဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။ ဆေးကုမ္ပဏီ လည်းလိုင်စင်ရုပ်သိမ်းခံလိုက်ရပါပြီ။

(DM, Metro,29.8.19 ချယ်ရီ

Post Author: Good Health Journal