နှင်းခူရောဂါရှိသူတွေ ဘာတွေသတိထားသင့်သလဲ

နှင်းခူရောဂါက ပျောက်ကင်းဖို့ အ ချိန်ကြာတတ်တာကြောင့် မပျောက်ကင်း နိုင်ဘူးလို့ အယူမှားတတ်ကြပါတယ်။ သင့်မှာ နှင်းခူရောဂါရှိနေတယ်ဆိုရင် တော့ အောက်ပါအချက်တွေကို လိုက်နာ ဖို့ လိုပါတယ်။

မကုတ်ဖဲ့ပါနှင့်
အရေပြားယားယံတိုင်းမှာ ကုတ် တာ၊ ဖဲ့တာ၊ ပွတ်တာတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်ပါက အရေပြားယားယံတာနဲ့ ရောင်ရမ်းမှုကို ပိုဖြစ်စေတာကြောင့်ပါ။ ကုတ်ဖဲ့တာကြောင့် အရေပြားပွန်းပဲ့သွား ပါက ပိုးဝင်တာတွေပါ ဖြစ်နိုင်ပါတယ်။ အရေပြားယားယံတာကို သက်သာအောင် အအေးဓာတ်ပါတဲ့ အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် အရေပြားအေးစေတဲ့ ဂျယ်လ် တွေ လိမ်းပေးနိုင်ပါတယ်။ ကလေးငယ် တွေရဲ့ လက်သည်း၊ ခြေသည်းတွေကို မကုတ်ခြစ်နိုင်အောင် တိုတိုညှပ်ထားပေး ပါ။ အိပ်နေစဉ်မှာ ကုတ်ခြစ်တတ်သူဖြစ် ပါက ညအိပ်တဲ့အခါ လက်အိတ်စွပ်ပြီး အိပ်စက်ဖို့ ပြောပါ။

ပွပွချောင်ချောင် အဝတ်အစားများ ဝတ်ဆင်ပါ
နှင်းခူရောဂါရှိသူ တစ်ယောက်အ နေနဲ့ အဝတ်အစား ဝတ်ဆင်ရာမှာ လေ ဝင်လေထွက်ကောင်းပြီး ပွပွချောင်ချောင် ချုပ်ထားတဲ့ ချည်သားအဝတ်အထည် တွေကိုသာ ဝတ်ဆင်ပါ။ နိုင်လွန်တွေ၊ ပိုး ထည်တွေထက် ချည်သားက သက် သောင့်သက်သာရှိပြီး ယားယံမှု မဖြစ် အောင် ကာကွယ်နိုင်တာကြောင့်ပါ။ အ ဝတ်အစားအသစ်ဝယ်လာပါက အရင်ဆုံး လျှော်ဖွပ်ပြီးမှ ဝတ်ဆင်ပါ။ အဝတ်အ ထည်မှာ ကပ်ငြိနေနိုင်တဲ့ ဓာတုပစ္စည်း၊ အမွှေးရနံ့နဲ့ အမှုန်အမွှားတွေ ကင်းစင် သွားအောင် လျှော်ဖွပ်ပြီးမှ ဝတ်ဆင်တာ က အကောင်းဆုံးပါ။ လျှော်ဖွပ်ရာမှာ လည်း ဆပ်ပြာကုန်စင်အောင် လျှော်ဖွပ်ဖို့ လိုပါတယ်။

အစိုဓာတ် ထိန်းပေးပါ
နှင်းခူမှာ အများဆုံးတွေ့ရတတ်တဲ့ ခြောက်သွေ့ပြီး ယားယံတတ်တဲ့ Atopic Dermititis ကို အစိုဓာတ်ထိန်းပေးဖို့က အဓိကပါ။ ခရင်မ်ပုံစံ၊ လိမ်းဆေးပုံစံ ထုတ်လုပ်ထားတဲ့ အစိုဓာတ်ထိန်းပေး တာတွေက လိုးရှင်းပုံစံထုတ်လုပ်ထားတာ တွေထက် အရေပြားမှာ အစိုဓာတ်ကို ပိုမို ထိန်းထားပေးနိုင်ပါတယ်။ ရေချိုးပြီးချိန် မှာ ရေနံဂျယ်လီပါဝင်တဲ့ အစိုဓာတ်ထိန်း ခရင်မ် ဒါမှမဟုတ် လိမ်းဆေးတွေ လိမ်း ပေးပါ။ အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် လိမ်းဆေးမှာ မွှေးရနံ့မပါဝင်တာ၊ အယ်လ် ကိုဟောမပါဝင်တာတွေ ဖြစ်ရပါမယ်။ ရေချိုးပြီးချိန်အပါအဝင် တစ်နေ့ကို သုံး၊ လေးကြိမ် လိမ်းပေးပါ။ လက်ဆေးပြီး တိုင်းမှာလည်း အစိုဓာတ်ထိန်းခရင်မ် လိမ်း ဖို့မမေ့ပါနဲ့။

ဓာတ်မတည့်မှုများကို ရှောင်ရှားပါ
ဓာတ်မတည့်မှုကြောင့် နှင်းခူရောဂါ ဖြစ်ပေမယ့် သင့်မှာဖြစ်နေတဲ့ နှင်းခူက ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ နှင်းခူရော ဂါ မဟုတ်ပေမယ့်လည်း ဓာတ်မတည့်စေ တဲ့ အရာတွေနဲ့ ထိတွေ့မိပါက နှင်းခူရော ဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ နှင်းခူရှိသူတွေမှာ ဓာတ်မတည့်မှု အများ ဆုံးဖြစ်စေတာတွေက ဥအမျိုးမျိုး၊ နို့ ထွက်ပစ္စည်း၊ ဂျုံ၊ အက်စစ်ဓာတ် အနည်း ငယ်ပါတဲ့ ခရမ်းချဉ်သီးတွေပါ။ ဖုန်မှုန့်၊ မှိုတွေ၊ တိရစ္ဆာန်အညစ်အကြေးတွေ၊ ပန်း ဝတ်မှုန်တွေက နှင်းခူလက္ခဏာတွေကို ပြန်လည်ထကြွလာစေပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေနဲ့ ထိ တွေ့မှုနည်းနိုင်သမျှနည်းအောင်၊ ဖြစ် နိုင်ရင် မထိတွေ့မိအောင် ရှောင်ရှားနိုင် ဖို့လိုပါတယ်။

ရေချိုးပေးပါ
ရေချိုးပေးတာက နှင်းခူရောဂါအ တွက် အရေးကြီးဆုံးပါ။ အရေပြားသန့် ရှင်းရေးလုပ်ရာမှာ မပူလွန်းတဲ့ ကြက်သီး နွေးရေနဲ့ နေ့စဉ် ရေချိုးပေးပါ။ ရေချိုးပေး တာက အရေပြားကိုသန့်စင်ပြီး အစိုဓာတ် ရရှိစေပါတယ်။ ဒါပေမဲ့ ရေကြာကြာချိုး တာက အသားအရေကို ခြောက်သွေ့စေ တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ကြေးချွတ်အားပြင်းသော ဆပ်ပြာကို ရှောင်ပါ
ပိုးမွှားတွေကြောင့်ဖြစ်တဲ့ နှင်းခူရော ဂါအတွက် ဆပ်ပြာအသုံးပြုပြီး ရေချိုးနိုင် ပါတယ်။ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာ တွေက အသားအရေကို ခြောက်သွေ့စေ တာကြောင့် ဆပ်ပြာကို ရွေးချယ်အသုံးပြု တတ်ဖို့လိုပါတယ်။ အသားအရေခြောက် သွေ့သူ (For Dry Skin) တွေအတွက် ထုတ်လုပ်ထားတဲ့ ဆပ်ပြာအမျိုးအစားကို ရွေးချယ်ဝယ်ယူပြီး အသုံးပြုပါ။

အရေပြားကိုပွတ်တိုက်ခြင်းမှ ရှောင်ပါ
အရေပြားကို ပွတ်တိုက်ပြီး ကြေး ချွတ်တာမျိုးကို ရှောင်ပါ။ ရေချိုးပြီးတဲ့အ ခါ အရေပြားကို တဘက်နဲ့ ပွတ်တိုက်ပြီး ရေသုတ်တာမျိုး မလုပ်ဘဲ တို့တို့ပြီး သုတ်ပါ။ အရေပြားမှာ အစိုဓာတ်မကုန်ခင် မှာပဲ အစိုဓာတ် ထိန်းခရင်မ်ကို အချိန်သုံး မိနစ်ကြာအောင် လိမ်းပေးပါ။

နှင်းခူကုသရာတွင် အသုံးပြုသော လိမ်းဆေး များ
ကော်တီဇုန်းခရင်မ် ဒါမှမဟုတ် လိမ်းဆေးတွေကို နှင်းခူကုသရာမှာ အများဆုံး အသုံးပြုတတ်ကြပါတယ်။ ဟိုက်ဒရိုကော်တီဇုန်းပါဝင်တဲ့ ဆေးတွေ က ရောင်ရမ်းမှုကို လျော့နည်းစေပါတယ်။ ဆရာဝန်တွေက ဒီဆေးတွေထက် အနည်း ငယ်ပြင်းအားများတဲ့ တချို့ဆေးတွေကို òန်ကြားတတ်ပါတယ်။ ဆေးကတ္တရာနဲ့ အန်သရာလင်ပါဝင်တဲ့ လိမ်းဆေးတွေ ကိုလည်း òန်ကြားနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal