အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ V C Gandhi & M A Vora ဆေးရုံမှာ အသက်နှစ်ဆယ်အရွယ်အမျိုးသမီးလေးရဲ့ဝမ်းဗိုက် ထဲက အလေးချိန်နှစ်ပေါင်ရှိတဲ့ ဆံပင်အလုံးကို ခွဲထုတ်ဖယ် ရှားခဲ့ရတယ်လို့သိရပါတယ်။ ဒီအမျိုးသမီးက Rapunzel syndrome လို့ခေါ်တဲ့ ဆံပင်ကိုဝါးစားနေတတ်တဲ့အခြေအနေ ဖြစ်နေခဲ့တာကြောင့် ကာလကြာရှည်လာတာနဲ့အမျှ ဝမ်းဗိုက်ထဲ မှာ ဆံပင်တွေ စုထွေးလုံးခဲလာခဲ့တာဖြစ်ပြီး အစာစားချင်စိတ် မရှိတာ၊ အမြဲလိုလိုအော့အန်တာနဲ့ ဝမ်းဗိုက်နာကျင်တာတွေ ဖြစ်လာခဲ့တာပါ။
လူနာအမျိုးသမီးမှာ အစာစားသောက်မှု ပုံစံ ချို့ယွင်းလာခဲ့ပြီး မခွဲစိတ်ခင်တိုင်းတာတဲ့မှတ်တမ်းတွေအ ရ ကိုယ်အလေးချိန်စုစုပေါင်း ၆၆ ပေါင်သာရှိတော့တယ်လို့ ခွဲ စိတ်ဆရာဝန်ဖြစ်တဲ့ဒေါက်တာဘာရတ်ကာမတ်က ပြောကြား ခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်တွေ၊ ချို့ယွင်းချက်တွေ ဖြစ်နေတဲ့လူငယ်တွေမှာ ဆံပင်ကိုစားတဲ့အလေ့အကျင့်ဖြစ် လေ့ရှိပြီး ဆံပင်အလုံးနဲ့ အူသိမ်ထဲကိုသွားနေတဲ့ ဆံပင်အမြီး တန်းကို ဖယ်ရှားခဲ့ရတာလို့သိရပါတယ်။ ခွဲစိတ်ဖယ်ရှားခဲ့တဲ့ ဒီ ဆံပင်လုံးက အရှည် ၁၀ လက်မရှိပြီး အကျယ် ၄ ဒသမ ၇ လက်မရှိခဲ့တယ်လို့ ဒေါက်တာဘာရတ်က ဆိုပါတယ်။
(DM, ၁၄.၉.၁၇) သံသာ