နှစ်ခြိုက်စွာအိပ်ပျော်စေဖို့အိပ်ခန်းတွင်း ဘယ်လိုအပင်တွေ စိုက်ပျိုးထားသင့်လဲ

အိမ်တွင်းမှာ သစ်ပင်စိုက်ပျိုးထား တာက အိမ်ရဲ့အလှအပကို ဖြည့်စွက်ပေး တဲ့အပြင် အောက်ဆီဂျင်ပြည့်ဝတဲ့ လေ ထုပတ်ဝန်းကျင်ကိုလည်း ရရှိစေပါတယ်။ အိပ်စက်ချိန်မှာ ခန္ဓာကိုယ် အပြည့်အဝ အနားရစေဖို့ သင့်အိပ်ခန်းတွင်းမှာ စိုက် ပျိုးထားသင့်တဲ့ ပန်းပင်တွေရှိပါတယ်။

(၁) စံပယ်ပင်
စံပယ်ပန်းကအိပ်စက်မှုကို အကူအ ညီပေးတယ်လို့ သုတေသနတွေမှာ တွေ့ ရှိရပါတယ်။ စိုးရိမ်သောကဖြစ်တာ၊ စိတ် အားငယ်တာတွေကို လျော့နည်းစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ စံပယ်ပင်ကို အိပ်ခန်းတွင်း စိုက်ပျိုးထား တာကြောင့် အောက်ဆီဂျင်ပြည့်ဝတဲ့ လေထုကို ရရှိစေတဲ့အပြင် နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်စေပါတယ်။

(၂) ဇီဇဝါပင်
ဇီဇဝါပန်းရနံ့က အိပ်ဆေးတွေလိုပဲ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဂျာမန်လေ့လာသူတွေက ကြွက်တွေကို စမ်းသပ်ခဲ့ရာမှာ ဇီဇဝါပန်းက အိပ်ဆေး တွေနဲ့ တူညီတဲ့ အာနိသင်တွေ ရရှိတာကို တွေ့ရပါတယ်။ ဇီဇဝါပန်းရနံ့က လူတွေ မှာလည်း ခန္ဓာကိုယ် အနားရစေပြီး နှစ် နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီနိုင် တယ်လို့ သုတေသီတွေက ဆိုပါတယ်။

(၃) လာဗံဒါပင်
လာဗံဒါပန်းမှာ အမျိုးသားတွေအ တွက်သဘာဝအိမ်သုံးဆေးအဖြစ် အသုံး ပြုနိုင်တဲ့ အာနိသင်တွေ များစွာရှိပါတယ်။ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အဝတ်အ ထည်လျှော်ဖွပ်ရာမှာ အသုံးပြုတဲ့ ရနံ့ဆီ စတာတွေထဲမှာလည်း ထည့်သွင်းအသုံး ပြုပါတယ်။ လာဗံဒါရနံ့ကို အိပ်မပျော် တာနဲ့စိုးရိမ်သောကဖြစ်တာတွေကို သက် သာစေဖို့ အသုံးပြုနိုင်ပါတယ်။ လာဗံဒါ ပင်ကို အိပ်ခန်းတွင်းမှာ စိုက်ပျိုးထားတာ ကြောင့် စိတ်ဓာတ်နူးညံ့ပျော့ပျောင်းပြီး ခန္ဓာကိုယ်အနားရကာ အိပ်ချင်တဲ့စိတ် ဖြစ်ပေါ်လာတယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(၄) ကင်းပုံသီးပင်
ကင်းပုံပင်က နွယ်ပင်အမျိုးအစား ဖြစ်ပြီး လေထုကို သန့်စင်စေတဲ့ အပင် တွေထဲမှာ ထိပ်တန်းက ပါဝင်ပါတယ်။ အခန်းအပူချိန်မှာရှင်သန်နိုင်ပြီး နေ ရောင်ခြည် အနည်းငယ်ထိတွေ့ရုံလောက် နဲ့ ရှင်သန်ပါတယ်။ ဒါ့အပြင် အိပ်စက်မှု ကောင်းမွန်စေလို့ အိပ်ခန်းတွင်း စိုက်ပျိုး သင့်ပါတယ်။

(၅) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်က ရောင်ရမ်းမှု တွေကို လျော့နည်းစေပြီး အရေပြားပေါ် က အနာနဲ့ အပူတွေကို သက်သာစေ ပါတယ်။ ရှားစောင်းလက်ပပ်ပင်က လေ ထုညစ်ညမ်းမှုနဲ့ အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးပြီး လေထုကို သန့်စင်စေ ပါတယ်။ အခန်းတွင်းမှာ ရှားစောင်းလက် ပပ်ပင် စိုက်ပျိုးထားတာကြောင့် အခန်း တွင်း ဓာတုဗေဒပစ္စည်းတွေနဲ့ ညစ်ညမ်းမှု မရှိအောင် ကာကွယ်ပေးပါတယ်။ အခန်း တွင်းမှာ အဆိပ်ဖြစ်လောက်အောင် လေ ထုညစ်ညမ်းမှုတွေဖြစ်ပေါ်ပါက ရှားစောင်း လက်ပပ်အရွက်မှာ အညိုရောင်အစက် တွေ ပေါ်လာတတ်ပါတယ်။ အဲဒီလို ပေါ် လာပါက အိမ်တွင်း၊ အခန်းတွင်း လေထု သန့်ရှင်းမှုကို ချက်ချင်းလုပ်ဆောင်ဖို့ လို အပ်ပါတယ်။

(၆) ရွှေလာငွေလာဂမုန်း
ရွှေလာငွေလာဂမုန်းကို မြန်မာတွေ က လာဘ်ရွှင်တယ်ဆိုပြီး ဧည့်ခန်းထဲမှာ၊ ခြံဝန်းထဲမှာစိုက်ပျိုးတတ်ကြပါတယ်။ ရွှေ လာငွေလာဂမုန်းက လေထုသန့်ရှင်းစေ ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ကူညီ ပေးပါတယ်။ နွယ်တက်တတ်ပြီး အခန်း အပူချိန်မှာ ရှင်သန်နိုင်ပါတယ်။

(၇) ဧည့်လာဂမုန်း
ဧည့်လာဂမုန်းက အခန်းတွင်း အောက်ဆီဂျင်ကောင်းစွာ ရရှိစေလို့ လေ ထုသန့်စင်စေပါတယ်။ စိတ်ကြည်လင်စေ ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေလို့ စိတ်နဲ့ခန္ဓာကိုယ် အနားရစေပါတယ်။

(၈) နှင်းဆီပင်
နှင်းဆီပွင့်ဖတ်တွေက ကျန်းမာရေး အတွက်သာမက အလှအပအတွက် လည်း များစွာ အသုံးဝင်ပါတယ်။ နှင်းဆီ ပန်းရနံ့က စိုးရိမ်သောကတွေ ကင်းဝေး စေပြီး စိတ်အေးချမ်းမှု ရရှိစေပါတယ်။ အိပ်ခန်းတွင်း နှင်းဆီပင် စိုက်ပျိုးထားတာ ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal