နှလုံးတွင်ပြဿနာရှိနေသောသတိပေးလက္ခဏာရပ်များ

ရင်ဘတ်အောင့်တာ၊ မသက်မသာ တင်းကျပ်ကျပ်ခံစားနေရတာက နှလုံး ရောဂါရဲ့ သိသာတဲ့လက္ခဏာရပ်တွေပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဒီလိုသိသာတဲ့ လက္ခဏာရပ်တွေ မပြတာမျိုးလည်း ဖြစ် နိုင်ပါတယ်။ တချို့တွေမှာ ဒီလိုလက္ခဏာ တွေက စိုးရိမ်သောကဖြစ်တာ၊ စားချဥ့် ပြန်တာ၊ ရင်ညွန့်ရိုးနုတွေ ရောင်ရမ်းတာ စတာတွေကြောင့်လည်း ခံစားရနိုင်ပါ တယ်။ တချို့တွေမှာတော့ ရင်ဘတ် အောင့်တာအပြင် မောပန်းနွမ်းနယ်နေ တာ၊ ချာချာလည်မူးတာ၊ ချွေးထွက်တာ တွေပါ ခံစားရနိုင်ပါတယ်။

အလွန်အမင်းနွမ်းနယ်နေခြင်း
စိတ်ဖိစီးမှုတွေ များတာ၊ အိပ်ပျက် များတာတွေကြောင့် အလွန်အမင်း နွမ်း နယ်ပြီး မလှုပ်ချင် မကိုင်ချင်လောက် အောင် ဖြစ်တတ်ပါတယ်။ နောက်တစ်ခု က အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေ နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။
နှလုံးရောဂါ အထူးကုကြီးတွေရဲ့ အဆိုအရ အလွန်အမင်း မောပန်းနွမ်း နယ်တာက နှလုံးရဲ့ စွမ်းဆောင်ရည် ကျ ဆင်းတာကြောင့်လို့ သိရပါတယ်။ နှလုံး ရဲ့စွမ်းဆောင်ရည် ကျဆင်းတဲ့အခါ ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေဆီကို သွေး ကောင်းစွာမထောက်ပံ့နိုင်ပါဘူး။ အ သက်ရှင်သန်ဖို့ အရေးကြီးတဲ့ကိုယ်တွင်း အင်္ဂါတွေဆီ သွေးရောက်ရှိမှု နည်းတဲ့ အခါ အောက်ဆီဂျင်ရရှိမှုလည်း နည်း သွားတာကြောင့် အနည်းငယ်လောက် လှုပ်ရှားလိုက်ရင်တောင် မောပန်းနွမ်း နယ်နေတတ်ပါတယ်။

ချောင်းဆိုးခြင်း
အသက်ရှူလမ်းကြောင်း အပေါ် ပိုင်းကို ပိုးမွှားတွေ ဝင်ရောက်တဲ့အခါမျိုး မှာချောင်းဆိုးတတ်ပါတယ်။ ကံမကောင်း စွာပဲ ချောင်းဆိုးတာက နှလုံးရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါသေး တယ်။ အထူးသဖြင့် ချောင်းဆိုးတဲ့အခါ ထွက်တဲ့ သလိပ်က ပန်းရောင်ဖြစ်နေရင် သွေးပါတာကြောင့်ပါ။ နှလုံးရဲ့စွမ်းဆောင် ရည် မကောင်းတဲ့အခါမျိုးမှာ အဆုတ်မှာ အရည်တွေ စုနေတာကြောင့် ချောင်းဆိုး တဲ့လက္ခဏာမျိုးဖြစ်လာတာပါ။ ချောင်း ဆိုးတာအပြင် အသက်ရှူမြန်တာ၊ နှလုံး ခုန် မမှန်တာ စတဲ့လက္ခဏာမျိုးတွေနဲ့ လည်း တွဲနေတတ်ပါတယ်။

ခြေချင်းဝတ်ရောင်ခြင်း
နှလုံးစွမ်းဆောင်ရည် ကျဆင်းတဲ့အ ခါမျိုးမှာ ခန္ဓာကိုယ်ရဲ့အစွန်အဖျားပိုင်းက သွေးတွေ နှလုံးဆီ ပြန်လည်ရောက်ရှိဖို့ နှေးသွားတာကြောင့် ခြေချင်းဝတ်မှာ အ ရည်တွေ စုလာပြီး ရောင်ရမ်းတာတွေ ဖြစ်လာပါတယ်။ မတ်တတ်ရပ်တာ၊ ထိုင် တာကြာတဲ့ အခါမျိုးတွေမှာ၊ အဝတ်အ စား ကျပ်ကျပ်တွေ ဝတ်ဆင်တဲ့အခါမျိုးမှာ၊ တချို့ အဝလွန်နေသူတွေမှာလည်း ခြေ ချင်းဝတ်တွေ ရောင်နိုင်ပါတယ်။

အစာမကြေခြင်း
အစားများသွားတဲ့အခါ ဒါမှမဟုတ် မတည့်တဲ့ အစာတွေ စားမိလိုက်တဲ့အခါ မျိုးတွေမှာ အစာမကြေတာမျိုး ဖြစ်တတ် ကြပါတယ်။ နှလုံးတိုက်ခိုက်ခံရတဲ့အခါ မျိုးမှာလည်း အစာမကြေဖြစ်ပြီး တချို့ တွေမှာ အန်တာမျိုးတွေအထိ ဖြစ်တတ် ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တာတွေ့ရပါတယ်။

လည်ပင်းနဲ့ မေးရိုးနာကျင်ခြင်း
လည်ပင်းနဲ့ မေးရိုးက သာမန်အား ဖြင့်ကြည့်မယ်ဆိုရင်တော့ နှလုံးနဲ့မဆက် စပ်ဘူးလို့ ထင်နိုင်ပါတယ်။
ဒါပေမဲ့ နှလုံးတိုက်ခိုက်ခံရတဲ့အခါ နာကျင်မှုက လည်ပင်းနဲ့ မေးရိုးအထိ ပျံ့ နှံ့သွားတတ်ပါတယ်။ ဒီလိုနာကျင်မှုမျိုး ခံစားရရင်တော့ အရေးပေါ်ကားခေါ်ပြီး ဆေးရုံကို ပြေးသင့်ပါတယ်။

ချွေးပြန်ခြင်း
ရာသီဥတုက ချွေးထွက်လောက် အောင် ပူအိုက်နေတာမျိုး မဟုတ်ဘဲ ချွေး တွေပြန်နေတာမျိုးက နှလုံးပြဿနာ တစ် ရပ်ရပ်ကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသ ဖြင့် ခန္ဓာကိုယ်က အေးပြီး ချွေးစေးတွေ ထွက်နေတတ်တာမျိုးပါ။ ဒါ့အပြင် တခြား လက္ခဏာတွေလည်း ရှိနေပြီဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးရောက် အောင်သွားသင့်ပါတယ်။

Tips

ဒီလိုလက္ခဏာမျိုးတွေသင့်မှာရှိ နေပြီဆိုရင် ဆရာဝန်ထံ မမေ့မလျှော့ ပြောပြသင့်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *