နှလုံးရောဂါဖြစ်ပွားစေနိုင်တဲ့လေ့အထတွေသင့်မှာရှိနေလား.

အမေရိကန်မှာ နှလုံးရောဂါက အမျိုးသားရော အမျိုးသမီးပါ နံပါတ် ၁ သေဆုံးမှုများတဲ့ ရောဂါတစ်ခုပါ။ နှလုံး ကိုထောက်ပံ့နေတဲ့ သွေးကြောတွေကျဉ်း သွားတဲ့အခါ သွေးစီးဆင်းမှု၊ အောက်ဆီ ဂျင်နဲ့ အာဟာရဓာတ်တွေသယ်ပို့မှုကို ထိ ခိုက်စေပါတယ်။ ကိုလက်စထရောအဆီ တွေ၊ အဆီခဲတွေ သွေးကြောနံရံမှာ စုပုံ ရာကနေ နှလုံးသွေးကြောကျဉ်းတာ ဖြစ် လာပါတယ်။ ဆေးလိပ်သောက်တာ၊ စိတ် ဖိစီးမှုအလွန်အကျွံများတာ၊ အလွန်အေး လွန်းတဲ့ဒေသမှာနေထိုင်တာတွေက နှလုံး သွေးကြောရောဂါတွေကို ဖြစ်ပွားစေပြီး ရုတ်တရက် နှလုံးသွေးကြောကျဉ်းကာ အသက်အန္တရာယ်ကိုဖြစ်စေနိုင်ပါတယ်။

ဖြစ်ပွားနိုင်ခြေများသော အချက်များ
နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ် ပွားနိုင်ခြေများတဲ့ အချက်တွေက စီးက ရက်သောက်တာ၊ သွေးဖိအားများတာ၊ သွေးတွင်းကိုလက်စထရောများတာ၊ ဆီးချိုသွေးချိုရှိတာ၊ အဝလွန်တာ၊ ကိုယ် လက်လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံရှိ တာနဲ့ အာဟာရချို့တဲ့တာတွေက အဓိက ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

ပုံပြောင်းအဆီ စားသုံးခြင်း
ပုံပြောင်းဆီတွေ စားသုံးမှုက သွေး တွင်းမကောင်းတဲ့အဆီတွေကို များစေပြီး နှလုံးသွေးကြောရောဂါတွေကို ပိုမိုဖြစ် ပွားစေပါတယ်။ မာဂျရင်းစားမယ့်အစား အိုမီဂါ-၃ အဆီကိုစားပါ။ နှလုံးသွေး ကြော ကျန်းမာရေးကို များစွာအထောက် အကူပြုပါတယ်။

အရက် အလွန်အကျွံသောက်သုံးခြင်း
အရက် အလွန်အကျွံ သောက်သုံး တာကြောင့် သွေးဖိအား တက်စေပြီး ရင် သားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်မား စေပါတယ်။ သွေးမဆုံးခင်မှာ အကြောင်း အမျိုးမျိုးကြောင့် သားအိမ်ထုတ်လိုက်ရ လို့ပုံမှန်ရာသီသွေးမဆင်းသူတွေမှာလည်း နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ ပိုများ စေပါတယ်။

ဗီတာမင်နှင့်သတ္တုဓာတ်များ ချို့တဲ့ခြင်း
ဖောလိတ်၊ ဗီတာမင်ြ၆ နဲ့ အင်တီ အောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် န စတာ တွေ ခန္ဓာကိုယ်မှာ လုံလောက်ပါက ဟိုမို စစ္စတင်းပမာဏကိုပုံမှန်ဖြစ်အောင် ထိန်း ပေးပါတယ်။ ခန္ဓာကိုယ်မှာ ဟိုမိုစစ္စတင်း ဓာတ်များပါက သွေးတွင်း ကိုလက်စထ ရောပမာဏ မြင့်မားပြီး နှလုံးသွေးကြော ရောဂါဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါ တယ်။

စိတ်ဖိစီးမှု များခြင်း
စိတ်ဖိစီးမှုများတာက သွေးတွင်း ကို လက်စထရောပမာဏကို မြင့်မားစေပြီး နှလုံးသွေးကြောရောဂါဖြစ်ပွားမှုနဲ့ ဆက် စပ်နေပါတယ်။ တရားထိုင်တာ၊ ယောဂ ကျင့်တာ၊ အသက်ရှူ လေ့ကျင့်ခန်းလုပ် တာ၊ စိတ်ဖိစီးမှု လျှော့ချနိုင်တဲ့ နည်းလမ်း တွေ ကျင့်သုံးတာ စတာတွေ ပြုလုပ်ပြီး နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ တရားထိုင်တာက လေ့ကျင့်ခန်းလုပ်တာထက် နှလုံးသွေး ကြောတွေရဲ့ ကျန်းမာရေးကို ပိုမိုအ ထောက်အကူဖြစ်စေပါတယ်။ တရားထိုင် တာကိုပုံမှန်ပြုလုပ်သူတွေဟာ သွေးတွင်း ကိုလက်စထရော လျော့နည်းပြီး နှလုံး သွေးကြောကျဉ်းတာ သက်သာစေပါ တယ်။ အပ်စိုက်ကုထုံးက နှလုံးကြွက် သားတွေကို အနားရစေပြီး သွေးစီးဆင်း မှုကို ကောင်းမွန်စေပါတယ်။

ဖြည့်စွက်သောက်သုံးမှု မရှိခြင်း
ဘယ်ရီသီး၊ နနွင်း၊ ချင်း(ဂျင်း)၊ ဂင် ဂို၊ ကြက် သွန်ဖြူ၊ ကြက်သွန်နီ စတာတွေ ကို စားသုံးပေးပါ နှလုံးသွေးကြောရောဂါ တွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါ တယ်။ ဗီတာမင်B12၊ ဖောလစ်အက်စစ်၊ ဗီတာမင် B6 အယ်လ်- ကာနီတင်း၊ ကိုအင်ဇိုင်း Q10၊ ဗီတာမင် E၊ မဂ္ဂနီဆီ ယမ်၊ နိုင်ရာစင် စတာတွေကို ဖြည့်စွက် သောက်သုံးပါ။ တစ်နေ့ကို ငါးကြီးဆီ ၆ ဂရမ်ရရှိအောင် အဆီများတဲ့ ငါးကို စားသုံးတာ၊ ငါးကြီးဆီ ဖြည့်စွက်သောက် သုံးတာတွေ လုပ်ပေးပါ။ ပဲပိစပ်နဲ့ လုပ် ထားတဲ့ ပဲနို့ရည် သောက်သုံးတာ ဒါမှမ ဟုတ် ပဲပိစပ်ထဲမှာ ပါဝင်တဲ့ အိုက်စိုဖလေ ဘုန်းဓာတ်ကို ဖြည့်စွက်သောက်သုံးတာ တွေ လုပ်ပေးပါ။

သွေးဖိအား ပုံမှန်အတိုင်းအတာအတွင်း မရှိခြင်း
အမေရိကန်နိုင်ငံမှာ လူပေါင်း သန်း ၅၀ ကျော်ဟာ သွေးဖိအားမြင့်မားနေပြီး သွေးတိုးရောဂါခံစားနေရပါတယ်။ ဒါဟာ နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။ သွေးဖိအားလျော့နည်း အောင် ဆရာဝန်ပြသပြီး စနစ်တကျ ကုသမှုခံယူတာက နှလုံးသွေးကြောရော ဂါတွေ မဖြစ်ပွားအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

သွေးတွင်းသကြားဓာတ် များခြင်း
ဆီးချိုသွေးချို ရောဂါရှိသူတွေအနေ နဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ် အောင် ထိန်းသိမ်းထားနိုင်ပါက နှလုံး သွေးကြောရောဂါမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါက နှလုံး ကို ထိခိုက်ပျက်စီးစေပြီး နှလုံးတိုက်ခိုက် ခံရတာနဲ့ အသက်အန္တရာယ်ကို ဒုက္ခပေး တတ်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal