နှလုံးသွေးကြောကျဉ်းရောဂါမဖြစ်အောင် ကာကွယ်လို့ရလား

နှလုံးသွေးကြောကျဉ်း/ပိတ်တဲ့အခါ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်ပါမလဲ ဆရာ။
နှလုံး သွေးကြောကျဉ်း/ပိတ်တဲ့အ ခါ ရင်ဘတ်အောင့်တာ၊ ဆုပ်ဆွဲသလို ခံစားရတာ၊ ရင်ဘတ်ထဲမှာ မအီမသာဖြစ် တာ၊ လေးလံတာ၊ ဇောချွေးပြန်တာ၊ အသက်ရှူကျပ် မောလာတာ/ရှူမ၀တာ၊ အင်အားမရှိ၊ နုန်းချည့်သွားတာ၊ အစာမ ကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ပျို့အန် တာနဲ့ တုပ်ကွေးမိသကဲ့သို့ ခံစားရတာ (အထူးသဖြင့် အမျိုးသမီးများတွင်) စ တာတွေ ဖြစ်နိုင်ပါတယ်။
ရင်ဘတ်အောင့်တဲ့ ပုံသဏ္ဌာန်တွေက ဘယ်လိုမျိုးတွေ ရှိတတ်ပါသလဲ ဆရာ။
ရင်ဝအလယ်၊ ပခုံးနဲ့ မေးကြောတွေ မှာ အောင့်တာ ဖြစ်နိုင်ပါတယ်။ ချက် အောက်ပိုင်းကလာတဲ့ နာကျင်မှုက နှလုံး သွေးကြောပိတ်ရောဂါနဲ့ လုံးဝ မသက် ဆိုင်ပါဘူး။ ချက်အထက်ပိုင်း ရင်ဘတ် အောင့်တာ ဖြစ်ပေါ်ရင် နှလုံးရောဂါနဲ့ သက်ဆိုင်တဲ့ နာကျင်မှုလို့ သံသယရှိသင့် ပါတယ်။

နှလုံးရင်ဘတ်အောင့်တာက ဘယ်လိုအ ခြေအနေတွေမှာ ပိုဆိုးတတ်ပါသလဲ ဆရာ။
နှလုံးကြောင့် ရင်ဘတ်အောင့်တာ က ကိုယ်လက်လှုပ်ရှားမှု အပြင်းအထန် လုပ်တာ၊ လှေကားတက်တာ၊ ရာသီဥတု အေးတာ၊ အစာစားပြီးစ လမ်းလျှောက် တာ၊ အေးတဲ့ ရာသီဥတုမှာ ကုန်းမြင့်တက် လမ်းလျှောက်တာ၊ စိတ်ဖိစီးမှုများတာတွေ ကြောင့် ပိုဆိုးတတ်ပါတယ်။ အနားယူတာ၊ သွေးကြောချဲ့ဆေး ငုံလိုက်တာ၊ သွေး ကြောချဲ့ဆေး လျှာအောက် ဖျန်းတာတွေ ပြုလုပ်ပေးမယ်ဆိုရင်တော့ သက်သာ သွားပါလိမ့်မယ်။

ဘယ်သူတွေမှာ နှလုံးသွေးကြောကျဉ်း/ ပိတ်ရောဂါ ဖြစ်နိုင်ပါသလဲ ဆရာ။
အသက် ၄၀ ကျော်သူတွေ၊ မျိုးရိုး အတွင်း ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံး သွေး ကြောကျဉ်းရောဂါရှိသူတွေ၊ (အမျိုးသား – ၅၅ နှစ် မတိုင်မီ၊ အမျိုးသမီး – ၆၅ နှစ် မတိုင်မီ၊ ဆေးလိပ်သောက်သူတွေ၊ ကွမ်းစားသူတွေ၊ အရက်၊ ဘီယာ အလွန် အကျွံ သောက်သုံးသူတွေ၊ ကိုယ်လက် လှုပ်ရှားမှု နည်းသူတွေ၊ သွေးတိုးရောဂါရှိ သူတွေ၊ သွေးအတွင်း အဆီဓာတ်များသူ တွေ၊ ဆီးချိုသွေးချိုရောဂါရှိသူတွေ၊ အဝ လွန်သူတွေနဲ့ စိတ်ဖိစီးမှုများသူတွေမှာ နှလုံး သွေးကြောကျဉ်း^ ပိတ်ရောဂါ ဖြစ် နိုင်ခြေများပါတယ်။

နှလုံးသွေးကြောကျဉ်း/ ပိတ်ရောဂါက မဖြစ်အောင် ကာကွယ်လို့ ရပါသလား ဆရာ။
နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်လို့ရပါတယ်။ အစားအသောက်၊ အနေအထိုင် (Lifestyle Change) ထိန်းသိမ်းမှုနဲ့ ကာကွယ်နိုင်ပါတယ်။ အစားအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာကိုသာ စားသုံးပါ။ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအစာတွေကို ရှောင်ပါ။ တစ်နေ့တာ အစားအသောက် ထဲမှာ အသီးနဲ့ ဟင်းသီးဟင်းရွက် အ နည်းဆုံး ငါးချိုး (၅၀ ရာခိုင်နှုန်း) ပါဝင် အောင်စားပါ။ အမျှင်များတဲ့ အစား အစာတွေကို စားသုံးပါ။ အထူးပြုပြင်ထား တာမျိုးမရှိတဲ့ အစေ့အဆန်၊ အခွံမာသီး ကရတဲ့ အစေ့အဆန်တွေ စားသုံးပါ။ (ဥပမာ- ဆန်လုံးညို၊ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ သစ်ကြားသီး)၊ ငါးကို အနည်း ဆုံး တစ်ပတ် နှစ်ရက်စားပါ။ ငါးကိုရွေး တဲ့အခါ အဆီများတဲ့ ငါးကို ရွေးစားပါ။
ချိုလွန်း၊ ငန်လွန်းတဲ့ အစားအစာ တွေ (ဆားနဲ့ သကြား) ကို ရှောင်ကြဉ်ပါ၊ လျှော့ချပါ။ အဆီများလွန်းတဲ့ အစားအ စာတွေကို ရှောင်ကြဉ်ပါ၊ လျှော့ချပါ။ အ ထူးအားဖြင့် ပြည့်ဝဆီနဲ့ ပုံပြောင်း/ ပြန် ကြော်ဆီ ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ၊ လျှော့ချပါ။ ကြာရှည်ခံ အစားအစားတွေ၊ အသင့်စား အစားအ စာတွေ၊ ဆီကြော်မုန့်တွေထဲမှာ ပုံပြောင်း ဆီတွေ များစွာပါဝင်ပါတယ်။ ပုံပြောင်း ဆီက အရည်ဆီကနေ ပိုတည်ငြိမ်တဲ့ အခဲသဏ္ဌာန်ကို ပြောင်းရာကာလအတွင်း ဖြစ်ပေါ်လာပါတယ်။ သွေးအတွင်း ကိုလက်စထရောအဆီဓာတ်နဲ့ ကိုလက် စထရောကို တက်စေပြီး ကောင်းတဲ့ အဆီဓာတ်ကို ကျစေတာကြောင့် တိရ စ္ဆာန်ကရတဲ့အဆီထက်ပင် ပိုပြီး အန္တရာယ် ရှိပါတယ်။

နှလုံးကျန်းမာရေးအတွက် ဘယ်လို အဆီ မျိုးတွေကို စားသုံးနိုင်ပါသလဲ ဆရာ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝ ဆီကို ရွေးချယ်စားသုံးပါ။ မပြည့်ဝဆီတွေ က ဟင်းသီးဟင်းရွက်ဆီတွေဖြစ်တဲ့ ပဲပိ စပ်၊ ပြောင်းဆီ၊ မြေပဲဆီ၊ သံလွင်ဆီတို့ အပြင် ဆဲလ်မွန်ငါး၊ ဗာဒံသီးတို့ကနေ ရတဲ့ အဆီလည်း ဖြစ်ပါတယ်။ သွေးအ တွင်း မကောင်းတဲ့ အဆီဓာတ်နဲ့ ကိုလက် စထရောကို လျှော့ချစေနိုင်တဲ့ ဂုဏ်သတ္တိ ရှိတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။

အစားအသောက်မှာ အစားအကြောင်း ဖြစ်ပြီးတော့ အသောက်နဲ့ ပတ်သက်ပြီး လည်း လိုက်နာသင့်တာတွေကို ရှင်းပြ ပေးပါ ဆရာ။
အသောက်ကတော့ ရေဆာရင် ရေ ပဲ သောက်ပါ။ အချိုရည်၊ အရက်၊ ဘီယာ တွေကို အစားထိုး သောက်သုံးတာမျိုး မလုပ်သင့်ပါဘူး။ အရက်ကို တစ်ပတ်မှာ ခုနစ်ပက်ထက် ပိုမသောက်သင့်ပါဘူး။ ဆေးလိပ် (ဆေးရွက်) လုံးဝ မသောက် သင့်ပါ။ သောက်သုံးနေရင် အမြန်ဆုံး (ချက်ချင်း) ဖြတ်ပါ။

နှလုံးကျန်းမာစေဖို့အတွက် လိုက်နာသင့် တဲ့ နေထိုင်မှုပုံစံကိုလည်း ရှင်းပြပေးပါ ဆရာ။
ကျန်းမာတဲ့နေထိုင်မှုပုံစံ (Healthy Life Style) က အသင့်အတင့် ပြင်းထန် တဲ့ လေ့ကျင့်ခန်းကို တစ်ပတ်မှာ စုစု ပေါင်း နှစ်နာရီခွဲလောက် လုပ်သင့်ပါ တယ်။ တစ်နေ့ကို နာရီဝက်၊ တစ်ပတ် ငါးရက်လုပ်ပါ။ နာရီဝက် တစ်ပြိုင်နက် တည်း မလုပ်နိုင်ပါက ၁၀ မိနစ် သုံးခါခွဲ လုပ်နိုင်ပါတယ်။ အနည်းငယ် လှုပ်ရှား တာက မလှုပ်ရှားတာထက် ပိုကောင်းပါ တယ်။ အသင့်အတင့်ပြင်းထန်တဲ့ လေ့ ကျင့်ခန်းဆိုတာက ခန္ဓာကိုယ် ပူနွေးလာ တဲ့အထိ (ဒါမှမဟုတ်) မူလထက် အသက် ရှူအနည်းငယ်မြန်၊ နှလုံးခုန် အနည်း ငယ်မြန်တဲ့အထိ လှုပ်ရှားပေးရတာ ဖြစ် ပါတယ်။

နှလုံးကျန်းမာရေးကို အထောက်အကူ ပြုတဲ့ လေ့ကျင့်ခန်းတွေနဲ့ ရှောင်ကြဉ်သင့် တဲ့ လေ့ကျင့်ခန်းတွေကိုလည်း သိချင်ပါ တယ် ဆရာ။
နှလုံးကျန်းမာရေးကို အထောက် အကူဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေက လမ်းမြန်မြန်လျှောက်တာ၊ စက်ဘီးစီး တာ၊ ကခုန်တာနဲ့ ရေကူးတာတွေ ဖြစ်ပါ တယ်။ အထူးသတိထားဖို့ လိုတာကတော့ ခံနိုင်ရည် ရှိတာထက် ပိုပြီး မလုပ်မိဖို့ အရေးကြီးပါတယ်။
ရှောင်ကြဉ်သင့်တဲ့ ကိုယ်လက်လှုပ် ရှားမှုလေ့ကျင့်ခန်းတွေက အလေးမတာ၊ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာ၊ ပြေး ခုန်ပစ်ပြိုင်တာ၊ ဘောလုံးကန်တာတွေ မလုပ်သင့်ပါဘူး။
နှလုံးသွေးကြောကျဉ်းရောဂါ ရှိနေ ရင် အစာစားပြီးခါစ ဗိုက်ပြည့်နေစဉ် လမ်းမလျှောက်ရပါ။ အလွန်အေးတဲ့အ ချိန်၊ အလွန်ပူတဲ့အချိန် ကုန်းမြင့်တက် တာ၊ လမ်းလျှောက်တာ မပြုလုပ်သင့်ပါ။ အေးတဲ့ရာသီဥတုမှာ လမ်းလျှောက်ချင် တယ်ဆိုရင်တော့ နွေးထွေးစွာ ဝတ်ဆင် သွားဖို့ လိုပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေ လိုက်နာသင့်တဲ့အချက်တွေကို ရှင်းပြ ပေးပါ ဆရာ။
နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူ တွေ လျှာအောက်ငုံဆေး၊ ဖျန်းဆေးကို ကိုယ်နဲ့အတူ အမြဲဆောင်ထားပါ။ ကိုယ် လက်လှုပ်ရှားနေရင်း နေမကောင်းဖြစ် လာရင်၊ မူးလာရင် ခဏ နားလိုက်ပါ။ မသက်သာပါက ချက်ချင်းအရေးပေါ်ကား ကိုခေါ်ပါ။ ဆရာဝန်òန်ကြားတဲ့ဆေးတွေ ကို မှန်မှန်သုံးစွဲပါ။ သွေးတိုး၊ ဆီးချိုသွေး ချိုရှိပါက သွေးပေါင်ချိန်နဲ့ သွေးချိုကို ပုံမှန်ထိန်းသိမ်းပါ။ သွေးတွင်းအဆီလျှော့ ချဆေး မှန်မှန်သောက်ပါ။ စိတ်ဖိစီးမှု နည်းအောင်နေပါ။

တွဲဖက်ပါမောက္ခဒေါက်တာသိန်းမြင့်
ဆီးချို၊ သွေးချိုနှင့် ဟော်မုန်းဆိုင်ရာ
အထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *