နှလုံးသွေးကြောရောဂါမဖြစ်ပွားအောင် ဘယ်လိုလျှော့ချမလဲ

နှလုံးရောဂါက အမျိုးသားရော အ မျိုးသမီးပါ အမေရိကန်မှာ နံပါတ် ၁ သေ ဆုံးမှုများတဲ့ ရောဂါတစ်ခုပါ။ နှလုံးကို ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်း သွားတဲ့ သွေးစီးဆင်းမှု၊ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ သယ်ပို့မှုကို ထိခိုက် စေပါတယ်။ ကိုလက်စထရောအဆီတွေ၊ အဆီခဲတွေ သွေးကြောနံရံမှာ စုပုံရာက နေ နှလုံးသွေးကြောကျဉ်းတာ ဖြစ်လာပါ တယ်။ ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှု အလွန်အကျွံများတာ၊ အလွန်အေးလွန်း တဲ့ ဒေသမှာနေထိုင်တာတွေက နှလုံး သွေးကြောရောဂါတွေကို ဖြစ်ပွားစေပြီး ရုတ်တရက် နှလုံးသွေးကြောကျဉ်းကာ အသက်အန္တရာယ်ကိုလည်း ဖြစ်စေနိုင်ပါ တယ်။

သွေးတွင်းကိုလက်စထရောကို လျှော့ချပါ
သွေးတွင်းကိုလက်စထရော များ တာက နှလုံးသွေးကြောတွေကျဉ်းစေတဲ့ အဓိက တရားခံလို့တောင် ဆိုနိုင်ပါတယ်။ သွေးတွင်း မှာ များနေတဲ့ ကို လက်စထ ရောတွေက သွေး ကြောရဲ့ အတွင်းဘက်နံရံတွေမှာ စုပုံရာ ကနေ သွေးကြောကျဉ်းလာပြီး နှလုံးဆီ ကို လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာ ရတွေ မရောက်ရှိတော့ပါဘူး။ သွေးတွင်း ကိုလက်စထရောက 200mg/dL အောက် လျော့နည်းရမှာဖြစ်ပြီး LDL ကိုလက် စထရော 130mg/dL အောက်နဲ့ HDL ကိုလက်စထရောက 35 mg/dL အထက် မှာရှိရပါမယ်။

ကိုယ်အလေးချိန် ပုံမှန်ထိန်းပါ
အမေရိကန်မှာ အဝလွန်တာနဲ့ လှုပ် ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံတွေက နှလုံး သွေးကြောရောဂါတွေကို ပိုမိုဖြစ်ပွားစေ တယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ အ မျိုးသားရော အမျိုးသမီးတွေပါ အဝလွန် တာတွေပိုများလာပြီး နောင်ဆယ်စုနှစ် တွေကြာရင် သုံးယောက်မှာတစ်ယောက် နှုန်းက ၀နေတာကို တွေ့ရလိမ့်မယ်လို့ ပညာရှင်တွေက ကြိုတင်ခန့်မှန်းကြပါ တယ်။ အမေရိကန်နိုင်ငံမှာ ၆၀ ရာခိုင်နှုန်းလောက်က ကိုယ် လက်လှုပ်ရှားမှုတွေမလုပ်ဆောင် ကြပါဘူး။ အထူးသဖြင့် ဝမ်းဗိုက်အ ဆီပိုများနေသူတွေဟာ နှလုံးသွေးကြော ဖြစ်နိုင်ခြေကို ပိုမိုများစေပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
မကြာသေးခင်က လေ့လာမှုတစ်ရပ် အရ လမ်းလျှောက်တာကို လေ့ကျင့်ခန်း တစ်ခုလို ပုံမှန်ပြုလုပ်တာကြောင့် နှလုံး သွေးကြောရောဂါဖြစ်ပွားမှုကို လျှော့ချ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ လေ့ကျင့် ခန်း ပုံမှန်ပြုလုပ်ပြီး ကိုယ်အလေးချိန်ပုံ မှန်ဖြစ်အောင် ထိန်းသိမ်းထားသူတွေ ဟာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကို ကောင်းမွန်စေပြီး နှလုံးသွေးကြောရော ဂါတွေဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါ တယ်။ ဆီးချိုသွေးချိုရောဂါရှိသူတွေ ဟာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ ပို များပြီး အမျိုးသမီးတွေမှာ ၃ ဆကနေ ၇ ဆအထိ ဖြစ်နိုင်ခြေပိုများကာ အမျိုး သားတွေမှာ ၂ ဆ ကနေ ၃ ဆ ပိုများပါ တယ်။ အင်ဆူလင်ဟော်မုန်း မမှီခိုရတဲ့ ဆီးချိုသွေးချိုရောဂါရှင်တွေရဲ့ သေဆုံးမှု တစ်ဝက်လောက်က နှလုံးသွေးကြော ရောဂါတွေကြောင့်လို့လည်း ပညာရှင် တွေက သုံးသပ်ခဲ့ကြပါတယ်။

အဆီလျှော့စားပါ၊ အမျှင်ဓာတ် ပိုမို စားသုံးပါ
ပြည့်ဝဆီတွေ စားသုံးမှုကို လျှော့ချ ပြီး သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက် နှံတစ်ခု လုံးပါဝင်စာနဲ့ အမျှင်ဓာတ်တွေကို စားသုံးတာက နှလုံးသွေးကြောရောဂါဖြစ် နိုင်ခြေကို လျော့နည်းစေပါတယ်။ မကြာ ခင်က လေ့လာခဲ့တဲ့လေ့လာမှုအရ ဗီတာ မင် စီကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးတာက နှလုံးသွေးကြောရောဂါ တွေမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်တွေ စားသုံးပြီး နေထိုင်မှုပုံစံကိုပါ ပြောင်းလဲ လိုက်မယ်ဆိုရင် နှလုံးသွေးကြောတွေကို ကောင်းမွန်အောင် အထောက်အကူဖြစ် စေပါတယ်။ အစားအသောက်တွေ ချက် ပြုတ်စားသောက်ရာမှာ သံလွင်ဆီကို ထည့်သွင်းချက်ပြုတ်ပါက နှလုံးသွေး ကြောရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်း စေပါတယ်။

ပုံပြောင်းအဆီ စားသုံးမှုကို ရှောင်ပါ
ပုံပြောင်းဆီတွေ စားသုံးမှုက သွေး တွင်းမကောင်းတဲ့အဆီတွေကို များစေပြီး နှလုံးသွေးကြောရောဂါတွေကို ပိုမိုဖြစ် ပွားစေပါတယ်။ မာဂျရင်းစားမယ့်အစား အိုမီဂါ-၃ အဆီကိုစားပါ။ နှလုံးသွေး ကြောကျန်းမာရေးကို များစွာအထောက် အကူပြုပါတယ်။

အရက်ကိုသောက်သုံးမှုကိုလျှော့ချပါ
အရက်ကို အသင့်အတင့်သောက် သုံးတာက နှလုံးသွေးကြောရောဂါဖြစ်ပွား မှု လျော့နည်းစေနဲ့ ဆက်စပ်မှု ရှိပါတယ်။ သွေးဖိအားတက်စေပြီး ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။ သွေး မဆုံးခင်မှာ အကြောင်းအမျိုးမျိုး ကြောင့် သားအိမ်ထုတ်လိုက်ရလို့ ပုံမှန်ရာသီသွေး မဆင်းသူတွေမှာလည်း နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေ ပိုများစေပါတယ်။

ဖောလိတ်နှင့် ဗီတာမင် B6 ဖြည့်စွက် သောက်သုံးပါ
ဟိုမိုစစ္စတင်းဓာတ် လျော့နည်းစေ တဲ့ ဖောလိတ်၊ ဗီတာမင် B6 နဲ့ အင်တီ အောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် န စတာ တွေ ခန္ဓာကိုယ်မှာ လုံလောက်ပါက နှလုံး သွေးကြောရောဂါတွေဖြစ်ပွားမှုမှ လျော့ နည်းစေပါတယ်။ ခန္ဓာကိုယ်မှာ ဟိုမိုစစ္စ တင်းဓာတ်များပါက သွေးတွင်းကိုလက် စထရောပမာဏမြင့်မားစေပြီး နှလုံးသွေး ကြောရောဂါဖြစ်ပွားနိုင်ခြေကို မြင့်မားစေ ပါတယ်။ ဖောလစ်အက်စစ်နဲ့ ဗီတာမင် B6 က မြင့်မားနေတဲ့ ဟိုမိုစစ္စတင်းပမာ ဏကို ပုံမှန်ဖြစ်အောင်ချပေးနိုင်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *