နှာခေါင်းသွေးလျှံတာကို ဘယ်သူတွေမှာ မပေါ့ဆသင့်တာလဲ

နှာခေါင်းသွေးလျှံတာ ဘာကြောင့်ဖြစ်ရတာ လဲ ဆရာ။
လူကြီးတွေမှာတော့ ထိမိခိုက်မိတာ ကြောင့်နဲ့ အားကစားသမားတွေမှာ ထိ ခိုက်မိတာကြောင့် နှာခေါင်းသွေးလျှံ တတ်ပါတယ်။ အထူးသဖြင့် လက်ဝှေ့ထိုး တဲ့ အားကစားသမားတွေမှာ နှာခေါင်း သွေးလျှံတာ အဖြစ်များပါတယ်။ ဘာလို့ လဲဆိုတော့ နှာခေါင်းက မျက်နှာတစ်ခု လုံးမှာ အပြင်ကို ချွန်ထွက်နေတာ ကြောင့် လက်ဝှေ့ထိုးရင် နှာခေါင်းကိုထိုးမိ တယ်၊ ရန်ဖြစ်ရင်လည်း နှာခေါင်းက ထိ ခိုက်လွယ်တယ်။ အဲဒါကြောင့် နှာခေါင်း အမြှေးပါးတွေကို ထိမိပြီး နှာခေါင်းသွေး လျှံတာဖြစ်တယ်။ တချို့လည်း သွေးလုံး ရောဂါရှိလို့ နှာခေါင်းသွေးလျှံတယ်။ အဲဒါကယောက်ျားလေးတွေမှာ အဖြစ် များတာတွေ့ရတယ်။ သက်ကြီးပိုင်းတွေ သွေးထွက်ရင်တော့ နှာခေါင်းတစ်ဖက် တည်းကနေ ထွက်တာများတယ်။ ကင် ဆာရောဂါကြောင့် အဖြစ်များတယ်။ လူငယ်ပိုင်း အထူးသဖြင့် တိုင်းရင်းသား တွေမှာ နှာခေါင်းသွေးထွက်တာကတော့ နှာခေါင်းနောက် အာခေါင်ကင်ဆာကြောင့် အဖြစ်များတယ်။ နှာခေါင်းသွေးထွက် စေတဲ့ အကြောင်းတွေက စုံတယ်၊ များ တယ်။ အဲဒါကြောင့် နှာခေါင်း သွေးထွက် ရတဲ့အကြောင်းကို သိအောင်လုပ်ဖို့လို ပါတယ်။

တခြားဖြစ်နိုင်တဲ့ အကြောင်းတွေကော ရှိပါ သလားဆရာ။
အဖြစ်နည်းတဲ့ တခြားအကြောင်း အရာတွေကတော့ မွေးရာပါသွေးမတိတ် တဲ့ရောဂါရှိတာ၊ သွေးကျဲဆေးသောက် နေရသူတွေ၊ အထူးသဖြင့် အက်စပရင် ဆေး သောက်နေရသူတွေမှာ နှာခေါင်း သွေးလျှံတာ ဖြစ်နိုင်ပါတယ်။ သွေးတိုး ရင်လည်း နှာခေါင်းသွေးလျှံတာ ဖြစ် တတ်ပါတယ်။

မတော်တဆ ထိခိုက်တာကြောင့် မဟုတ်ဘဲ မကြာခဏ နှာခေါင်းသွေးလျှံနေသူတွေ အ တွက် ဘာတွေလုပ်ဆောင်ဖို့လိုပါသလဲ ဆရာ။
နှာခေါင်းသွေးလျှံတာက မတော်တ ဆထိခိုက်မိတာကြောင့် ဖြစ်တာမဟုတ် ဘဲ ခဏခဏဖြစ်နေရင် ဘာရောဂါရှိနေ လဲဆိုတာ ရှာဖွေရပါမယ်။ ခဏခဏဖြစ် နေတယ်၊ ခန္ဓာကိုယ် တခြားနေရာတွေမှာ ပါ ဖြစ်နေတယ်ဆိုရင်တော့ သွေးမတိတ် ရောဂါ၊ သွေးကင်ဆာရောဂါတွေဖြစ်နိုင် ပါတယ်။ ရန်ဖြစ်လို့၊ လက်ဝှေ့ထိုးတာတို့ ကြောင့် နှာခေါင်းသွေးလျှံတာကတော့ သိသာပါတယ်။

နှာခေါင်းသွေးလျှံတာနဲ့ ပတ်သက်ပြီး ဆက် စပ်နေတဲ့ ရောဂါတွေကို ရှင်းပြပေးပါ ဆရာ။
နှာခေါင်းထဲမှာဖြစ်တဲ့ ရောဂါတွေ ကတော့ နှာခေါင်းအမြှေးပါးရောင်ရင် နှာခေါင်းပိတ်တယ်၊ နှာရည်ကျတယ်၊ နှာ ရည်ယိုတယ်၊ နှာခေါင်းထဲမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တယ်၊ ထမင်းအနံ့၊ ဟင်းအနံ့တွေ မရ ဘဲ အပုပ်နံ့ရတယ်၊ နှာခေါင်းထဲကနေ နှပ်နဲ့ရောပြီး သွေးနည်းနည်းပါတယ်။ နှာ ခေါင်းက လုံးဝမပိတ်ဘူး၊ နာတာ၊ ကိုက် တာမရှိဘူး။ အဲဒီလိုမျိုးကို အသက် ၄၀ ကျော်အရွယ်လောက်မှာ ခံစားနေရတယ် ဆိုရင်တော့ ကင်ဆာရောဂါဖြစ်နိုင်ပါ တယ်။ အသက်ကြီးပိုင်းမဟုတ်ပေမယ့် တိုင်းရင်းသား၊ ဒါမှမဟုတ် တရုတ်လူမျိုး ဖြစ်ပြီး နှပ်နဲ့အတူ သွေးနည်းနည်းပါလာ တယ်ဆိုရင် နှာခေါင်းနောက်အာခေါင် ကင်ဆာဖြစ်နိုင်ပါတယ်။ နှာခေါင်းကို ဓာတ်မှန်ရိုက်ကြည့်တာ၊ မှန်ပြောင်းကြည့် တာ၊ ကွန်ပျူတာဓာတ်မှန် ရိုက်ကြည့်တာ တွေ လုပ်ရပါတယ်။ သွေးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ရှိနေလားဆိုတာကိုလည်း စစ်ဆေးရပါတယ်။

နှာခေါင်းသွေးလျှံတာကြောင့် အသက် အန္တရာယ်ဖြစ်နိုင်ပါသလား ဆရာ။
အသက်အန္တရာယ်ပေးနိုင်မှုက သွေးထွက်တဲ့ ပမာဏအပေါ်မှာ မူတည် ပါတယ်။ တချို့ဆို နှာခေါင်းက သွေး ထွက်တာက ကြောက်စရာကောင်း လောက်အောင်ကို ထွက်ပါတယ်။ ထွေး ခံတစ်လုံး၊ နှစ်လုံးစာလောက်ကို သွေး ထွက်တာကို တွေ့ဖူးပါတယ်။ သွေးတိုး ရောဂါရှိတဲ့လူတွေ အရက်ပါသောက် ထားရင် အသည်းမကောင်းတာကြောင့် သွေးခဲစေတဲ့ဓာတ်တွေ ခန္ဓာကိုယ်ထဲမှာ အလုပ်သိပ်မလုပ်နိုင်ဘူး။ အများပြည်သူ ကို အသိပညာပေးချင်တာကတော့ နှာ ခေါင်းသွေးလျှံတာက သေလောက် အောင် သွေးထွက်တတ်တဲ့ လူတွေလည်း ရှိတယ်ဆိုတာပါ။ ဖြစ်လာရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုခံယူတာ အကောင်း ဆုံးပါ။

နှာခေါင်းသွေးလျှံလို့ ဆရာဝန်ထံကိုရောက် လာရင် ဆရာတို့အနေနဲ့ ဘာတွေ လုပ်ဆောင် ပေးပါသလဲ။
နှာခေါင်းသွေးလျှံလို့ ဆရာတို့ဆီ ရောက်လာတဲ့ လူနာတွေကို ရှေးဦးသူနာ ပြုစုနည်းအတိုင်းပဲ လုပ်ပေးပါတယ်။ နှာခေါင်းထဲကို ပတ်တီးစထည့်ပေးတယ်။ သက်သာသွားတဲ့ လူနာတွေလည်းရှိ တယ်။ အဲဒီလိုမှ မသက်သာဘူးဆိုရင် တော့ သွေးလုံးရောဂါတွေကြောင့်လား ဆိုတာ သိရှိနိုင်အောင် လည်ပင်းသွေး ကြောတွေကို ကြည့်ရပါတယ်။ နှာခေါင်း နောက် အာခေါင်ကင်ဆာ ရှိနေလား၊ ထိပ်ကပ်နာကြောင့်လားဆိုတာ စစ်ဆေး ကြည့်ရှုရပါတယ်။ ထိပ်ကပ်နာကြောင့် နှာခေါင်းသွေးလျှံတာဆိုရင်တော့ ဆေး သောက်ရပါတယ်။ ထိပ်ကပ်နာက ဖြစ်ဖူးတဲ့သူ များပါတယ်။ အများစုမှာ တော့ ဒုက္ခမပေးပါဘူး။ နှာခေါင်းသွေးလျှံ တာက တစ်ခါ၊ နှစ်ခါဖြစ်တာကတော့ အရေးမကြီးပါဘူး။ ဒါပေမဲ့ ချွဲနဲ့အတူ သွေးစလေးတွေ ပါလာတတ်တယ်ဆိုရင် တော့ မပေါ့ပါနဲ့။ အထူးသဖြင့် လူကြီး တွေမှာ သွေးတိုးရောဂါရှိတော့ သွေး ကြောတွေက မာနေတယ်၊ နှလုံးရောဂါရှိ တာကြောင့် သွေးကျဲဆေး အမြဲသောက် နေရတယ်။ အဲဒီလို ရောဂါတွေရှိနေတဲ့ သက်ကြီးပိုင်းတွေ နှာခေါင်းသွေးလျှံရင် မပေါ့ဆသင့်ပါဘူး။ သွေးအများကြီးထွက် တတ်တယ်၊ လူငယ်လူလတ်ပိုင်းတွေလို သွေးထွက်ရင် ခံနိုင်ရည်မရှိဘူး။ အသက် ၅၀ နှစ်ကျော်မှာ နှာခေါင်းသွေးလျှံရင် ဆရာဝန်နဲ့ မြန်မြန်ပြသတာ အကောင်း ဆုံးပါပဲ။

အသည်းရောဂါရှိသူတွေ ဘာကြောင့် နှာ ခေါင်းသွေးလျှံတာ ဖြစ်ရတာလဲ ဆရာ။
အသည်းရောဂါဖြစ်နေတဲ့ လူနာ တွေမှာ အသည်းက သွေးတိတ်စေတဲ့ ဓာတ်တွေ လုံးဝမထွက်တာ၊ ဒါမှမဟုတ် ထွက်ရင်လည်း နည်းနည်းပဲ ထွက်တာ ကြောင့် ခန္ဓာကိုယ်အတွက် မလုံလောက် ပါဘူး။ ဒီလိုလူတွေမှာ သွေးထွက်ပြီဆိုရင် တော်ရုံနဲ့ မတိတ်ဘူး။ တစ်ခါတလေ လည်း နည်းနည်းပဲထွက်တယ်။ တချို့ လည်း အများကြီး ထွက်တတ်တာ ကြောင့် ဂရုစိုက်သင့်ပါတယ်။ ဘယ် လောက်တောင်ထွက်သလဲဆိုရင် ခန္ဓာ ကိုယ်ထဲမှာ ဖြူဖျော့သွားတဲ့အထိ ထွက် ပါတယ်။ ဒါကြောင့် အသည်းရောဂါအခံ ရှိသူတွေအနေနဲ့ နှာခေါင်းသွေးလျှံတာကို ပေါ့ဆလို့ မရပါဘူး။

နှာခေါင်းသွေးလျှံတာနဲ့ ပတ်သက်ပြီး ဖြည့် စွက်ပြောကြားလိုတာများရှိရင်လည်း သိချင် ပါတယ် ဆရာ။
နှာခေါင်းသွေးလျှံတာက ဒုက္ခမပေး တဲ့ အခြေအနေကနေ ဒုက္ခပေးတဲ့ အခြေ အနေအထိ ရှိတယ်။ နှာခေါင်းသွေးလျှံ တာ အကြိမ်များတယ်၊ ခဏခဏဖြစ် တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ အသည်းရောဂါ၊ သွေးတိုးရော ဂါ၊ သွေးမတိတ်ရောဂါရှိသူတွေအနေနဲ့ နှာခေါင်းသွေးလျှံရင် မပေါ့ဆသင့်ဘူး။ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်တယ်။ ဆယ် ကျော်သက်အရွယ် ယောက်ျားလေးတွေ မှာ နှာခေါင်းသွေးထွက်တာ သုံး၊ လေးခါ လောက်ရှိတယ်၊ ထွက်တာများတယ်ဆို ရင် နှာခေါင်းထဲမှာ သွေးလုံးရောဂါရှိ၊ မရှိ ရှာဖွေသင့်ပါတယ်။ သွေးလုံးမကြီးခင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သွေးလုံး က အရမ်းကြီးသွားရင် မျက်စိနောက်ကို ရောက်သွားတတ်ပြီး အသက်အန္တရာယ် ရှိပါတယ်။

ဒေါက်တာဝင်းထိုက်ကြည်
နား၊ နှာခေါင်း ၊ လည်ချောင်း အထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *