နှုတ်ခမ်းသား နူးညံ့နေစေဖို့….

နူးညံ့စိုပြည်နေတဲ့ နှုတ်ခမ်းလှလှလေးတွေကို လူတိုင်း နှစ်သက်ကြပါတယ်။ လှပတဲ့ နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်ဖို့ လုပ်ရ မယ့် Tips လေးတွေကို ရေးပေးလိုက်ပါတယ်။

Tips – 1
နှုတ်ခမ်းသားအမြဲနူးညံ့နေဖို့ဆိုရင် ရေဓာတ်ပြည့်ဝနေဖို့ က အဓိကကျပါတယ်။ ဘယ်ရာသီဥတုမှာမဆို ရေဓာတ်မလုံ လောက်ရင် နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပထမဆုံးအချက်အနေနဲ့ တစ်နေ့ကို ရေ ရှစ်ဖန်ခွက် အနည်းဆုံးသောက်ပေးပါ။ အရည်ရွှမ်းတဲ့ အသီးအနှံများများ စားပါ၊ အပူအစပ်စာတွေ လျှော့စားပါ။

Tips – 2
နှုတ်ခမ်းနီ မဆိုးခင် Lip Balm ဖြစ်ဖြစ်၊ Lip Oil ဖြစ်ဖြစ် အရင်ခံပြီးဆိုးပေးပါ။ ဒါမှ နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းသား မပျက်စီးမှာ ဖြစ်ပါတယ်။ ရေနံဂျယ်လီကိုလည်း Lip Balm နဲ့ Lip Oil အစား အသုံးပြုလို့ ရပါတယ်။

Tips – 3
နှုတ်ခမ်းကို လျှာနဲ့မလျက်ပါနဲ့။ တံတွေးက နှုတ်ခမ်းသား ကို ပိုပြီးခြောက်စေပါတယ်။ နှုတ်ခမ်းအရေပြားက အရမ်းပါးပြီး နူးညံ့တာကြောင့် အဖတ်လေးလန်ရင်တောင်ဆွဲမခွာပါနဲ့။ သွေး ထွက်ပြီး အရေပြားပျက်စီးတာ၊ ပိုးဝင်တာ ဖြစ်ပါလိမ့်မယ်။

Tips – 4
တကယ်လို့ နှုတ်ခမ်းခြောက်တာဖြစ်လာရင် Lip Butter တစ်မျိုးမျိုးကို ညအိပ်ရာ ဝင်ခါနီးတိုင်း လိမ်းအိပ်ပါ။ မနက် ရောက်ရင် ရေနွေးနွေးလေးနဲ့ ဆေးပေးရင် ခြောက်နေတဲ့နှုတ် ခမ်းအဖတ်တွေ ကွာသွားပါလိမ့်မယ်၊ မကွာသေးရင် ဆွဲမခွာပါ နဲ့။ ညတိုင်းပုံမှန်လိမ်းသွားပါ။ တစ်နေ့တာလုံးမှာလည်း မကြာ မကြာ Lip Balm, Lip Oil, Lip Gloss တွေ လိမ်းပေးပါ။

Tips – 5
Exfoliate မလုပ်ပါနဲ့။ နှုတ်ခမ်းအရေပြားက တခြားအ ရေပြားတွေလို ဆဲလ်သေဖယ်ရှားတဲ့ exfoliation method လုပ်စရာမလိုပါဘူး။ နှုတ်ခမ်းအရေပြားခြောက်ပြီး ကွဲအက်နေ တဲ့အချိန် exfoliateန မလုပ်မိဖို့ အထူးဂရုပြုပါ။ နှုတ်ခမ်းအရေ ပြားပျက်စီးသွားပါလိမ့်မယ်။ အပေါ်က ပြောထားတဲ့အတိုင်းပဲ ပုံမှန်လုပ်ဆောင်ပေးပါ။ နှုတ်ခမ်းသား ကျန်းမာပြီး စိုပြည်လှပ လာပါလိမ့်မယ်။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *