နှုတ်ခမ်းမွေးသည် နေရောင်ကိုသာမက နှုတ်ခမ်းကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ဟုဆို

နှုတ်ခမ်းမွေးကို အလှသက်သက်လို့ ထင်နေသူတွေအတွက် သုတေသနသစ် တစ်ရပ်က ဒီအဆိုကို မှားယွင်းကြောင်း ဆိုခဲ့ပါတယ်။ University of Kansas Health System ရဲ့ဒေါက်တာဒန်နီယယ် အေးရိစ်ဦးဆောင်တဲ့အဖွဲ့က နှုတ်ခမ်း မွေးဟာ ဦးရေပြားကိုအကာအကွယ်ပေး ထားတဲ့ဆံပင်လိုပဲ နှုတ်ခမ်းကိုအကာအ ကွယ်ပေးနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ Act- inic Keratosis သို့မဟုတ် နေလောင် ကွက်ထတာဟာSquamous Cell Carcinoma လို့ လူသိများတဲ့ကင်ဆာကိုဖြစ် စေနိုင်ပါတယ်။ အရေပြားရဲ့နေရာအနှံ့မှာ ဖြစ်တတ်တဲ့ Actinic Keratosis ဟာ ပါးလွှာတဲ့နှုတ်ခမ်းမှာလည်းဖြစ်နိုင်ပါ တယ်။ လေ့လာမှုမှာပါဝင်ခဲ့တဲ့အမျိုးသား ၆၀ နီးပါးက ၉ မီလီမီတာလောက်အထူ ရှိတဲ့နှုတ်ခမ်းမွေးရှိပြီးတော့ နှုတ်ခမ်းမွေး က အကာအကွယ်တစ်ခုအနေနဲ့လုပ် ဆောင်ပေးတာကိုမြင်တွေ့ခဲ့ကြရပါ တယ်။ နှုတ်ခမ်းမွေးထားသူတွေဟာ မ ထားတဲ့သူတွေထက်Actinic Keratosis ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း ပိုနည်းပါ တယ်။ Squamous Cell Carcinoma ကင်ဆာမျိုးက အရေပြားရဲ့အပြင်ဘက် အလွှာမှာဖြစ်လေ့ရှိပြီး နှုတ်ခမ်း၊နားရွက်၊ ထိပ်ပြောင်တဲ့ဦးရေပြားနဲ့ပခုံးတို့မှာဖြစ် တတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းမွေးဟာ နေရောင်ကိုသာမက ကင်ဆာကိုပါကာ ကွယ်ပေးနိုင်တယ်လို့ ဆိုခဲ့ကြတာဖြစ်ပါ တယ်။

(AP,23.5.19) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *