၀ိတ်ချနေသူတွေ ကြံရည်သောက်လို့ရလား

ကြံရည်တစ်ခွက်မှာ ၁၁၁ ကယ်လိုရီပါဝင်ပြီး ကာဗိုဟိုက်ဒရိတ် ၂၇ ဂရမ်၊ ပရိုတင်း ၀ ဒသမ ၂၇ ဂရမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ် စတာတွေ ပါဝင်ပါတယ်။ စျေးသက်သာတယ်၊ အလွယ်တကူ ဝယ်သောက်လို့ ရတယ်၊ ဒါ့ပြင် ကြံရည်သောက်ပြီး ၀ိတ်ချလို့ ရတယ်ဆိုတော့ အရမ်းကို အဆင်ပြေစေပါတယ်။

#သတိပြုရန်
ကြံရည်သောက်မယ်ဆိုရင် လတ် လတ်ဆတ်ဆတ် သောက်သင့်ပါတယ်။ ညှစ်ထားပြီး ကြံရည်ကို အချိန်ကြာကြာထားတာ၊ အပူပေးတာတွေ မလုပ်သင့်ပါ။ ကြံရည်ထဲကို ဆားနည်းနည်းနဲ့ သံပရာသီး တစ်စိတ်လောက် ညှစ်ထည့်သောက်ပါ။ တစ်နေ့ကို ကြံရည်တစ်ခွက်သောက်ရုံ နဲ့ လုံလောက်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတယ်
အမျှင်ဓာတ်က ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် အဓိက ကျပါ တယ်။ သင်က Diet လုပ်မယ်ဆိုပေမယ့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကနေ အမျှင်ဓာတ်ကို လုံလောက်စွာ မစားသုံး နိုင်ဘူးဆိုရင် တစ်နေ့ကို ကြံရည်တစ်ခွက် သောက်ပါ။

ဇီဝရုပ်ဖြစ်ပျက်မှု မြန်စေတယ်

ဇီဝရုပ်ဖြစ်ပျက်မှု မြန်လေလေ ကယ်လိုရီသုံးစွဲမှု များလေလေပါ။ ကိုယ် အလေးချိန် လျှော့ချတယ်ဆိုတာ ကယ် လိုရီအဝင်နဲ့ အထွက်ကို ကစားတဲ့ ကစား ပွဲ တစ်ခုပါ။ ကြံရည်သောက်ပေးပါက ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေလို့ ၀ိတ်ကျစေ ပါတယ်။

အစာခြေစနစ်ကို ကောင်းစေတယ်
ခန္ဓာကိုယ်ကျန်းမာနေဖို့ဆိုရင် ဝမ်းမှန်နေဖို့လည်း လိုပါတယ်။ ကြံက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အစာခြေ စနစ်ကို ကောင်းမွန်စေပါတယ်။

အဆီ လုံးဝ မပါဝင်ပါ
သကြားပါဝင်မှုများပေမယ့် အဆီ လုံးဝ မပါဝင်ပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီတွေက ခန္ဓာကိုယ်တွင်းမှာ အဆီ တွေဖြစ်ပေါ်စေပါတယ်။ ကိုယ်တွင်းအင်္ဂါတွေပတ်ပတ်လည်လည်မှာ အဆီတွေ စုနေမယ်ဆိုရင် ကိုယ်အလေးချိန် လျှော့ချရာမှာ အလွန်ပဲ ခက်ခဲပါတယ်။ တစ်နေ့ကို ကြံရည်တစ်ခွက်သောက်မယ်ဆိုရင် ကိုယ်တွင်းအဆီတွေကို မတက်စေလို့ ဝလာမှာ ပူစရာမလိုပါဘူး။

#နန်းသီရိ(ဆေးဝါး)
#GoodHealthJournal

Post Author: Good Health Journal