ဝိတ်ချချင်သူတို့ အိပ်ရာမ၀င်ခင် သောက်သုံးနိုင်သည့် ဖျော်ရည်နှစ်မျိုး

ကျွန်မတို့ ကျန်းမာရေးကောင်းမွန် နေဖို့အတွက် အသည်းလုပ်ငန်းဆောင်တာ ကောင်းမွန်ဖို့ အလွန်အရေးကြီးပါတယ်။ အသည်းဟာ ခန္ဓာကိုယ်ထဲမှာ ရှိ တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ တစ်ခုတည်းသော ကိုယ်တွင်းအင်္ဂါ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှ အဆိပ်အတောက်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားသုံးမှုမရှိတာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာ ပျက်စီးသွားနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ အသည်းဟာ ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်တွေကို မဖယ်ရှားပေးနိုင်ခဲ့ရင် ဇီဝရုပ်ဖြစ်စဉ်လည်း နှေးကွေးသွားပြီး အ၀လွန်နိုင်ကာ ကျန်းမာရေးဆိုး ကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အသည်းမှ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ရင် အဆီလောင်ကျွမ်းမှုကောင်းမွန်စေနိုင်ပြီး ကိုယ်အလေးချိန်လည်း ကျဆင်းနိုင်ပါတယ်။

အသည်းဟာ ညသန်းခေါင်ယံ မနက် ၁-၃ နာရီကြား ခန္ဓာကိုယ် အနား ယူတဲ့အချိန်မှာ အကောင်းဆုံးအလုပ်လုပ်ပေးနိုင်တဲ့အတွက် အောက်ပါဖျော်ရည် နှစ်မျိုးထဲမှ တစ်မျိုးမျိုးကို အိပ်ရာမ၀င်ခင်မှာ သောက်သုံးခဲ့ရင် အသည်းမှာရှိတဲ့ အ ဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပြီး အဆီလောင်ကျွမ်းဖို့အတွက် အထောက်အကူ ရရှိနိုင်ပါတယ်။

ရှောက်ရည်နွေး

Related image

ဒီဖျော်ရည်ကို ညတစ်ကြိမ်၊ မနက် တစ်ကြိမ် တစ်နေ့ နှစ်ကြိမ် သောက်သုံး နိုင်ပါတယ်။ ရှောက်သီးရဲ့ ဆီးရွှင်စေတဲ့ ဂုဏ်သတ္တိနဲ့ အဆိပ်အတောက်တွေကို ပြယ်စေတဲ့ ဂုဏ်သတ္တိကြောင့် အသည်းလုပ်ငန်းဆောင်တာ ကောင်းမွန်နိုင်ပါ တယ်။
ပြုလုပ်ပုံ
ရှောက်ရည်နွေးပြုလုပ်ဖို့အတွက် ရေ ခြောက်အောင်စ(သံဘူးတစ်ဝက် စာ) နဲ့ အနေတော် ရှောက်သီးတစ်လုံးပဲ လိုအပ်ပါတယ်။ ရှောက်သီးမှ ရှောက်ရည် ညှစ်ပြီး ရေနဲ့ ရောစပ်ကာ အပူအနည်း ငယ်ပေးပါ။ အရမ်းပူစရာမလိုပါဘူး။ ဒီ ဖျော်ရည်ကို မနက်အိပ်ရာထခါစ တစ် ကြိမ်နဲ့ ညတစ်ကြိမ် အိပ်ရာမ၀င်ခင် မိနစ် ၃၀ အလိုမှာ သောက်သုံးရမှာ ဖြစ်ပါ တယ်။ သုံးပတ်အထိ သောက်သုံးရပါမယ်။

ချင်းရှောက်ရည်

Image result for ginger kefir tea

ချင်းရော ရှောက်သီးရော နှစ်မျိုးစလုံးဟာ ဗီတာမင် စီ များစွာ ပါဝင်ပြီး ကိုယ်အလေးချိန်ကျဆင်းဖို့ များစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် သူတို့မှာပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ဂုဏ်သတ္တိတွေကြောင့် ရောဂါ အများစုကို ကာကွယ်ပေးနိုင်ပြီး ရောင် ရမ်းမှုကို လျော့ကျစေတဲ့ဂုဏ်သတ္တိ ကြောင့် ဆယ်လူလိုက် အဆီခဲအပါအ၀င် များစွာသောအခြေအနေတွေကို ကုသနိုင်ပါတယ်။ ရှောက်သီးဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး လေပွတာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ချင်းကတော့ ခန္ဓာကိုယ်မှ အဆိပ်အ တောက်အညစ်အကြေးတွေ စွန့်ထုတ်ဖို့ ကူညီနိုင်ပါတယ်။
ပြုလုပ်ပုံ
ရေတစ်ဖန်ခွက်၊ ရှောက်သီးတစ် ၀က်နဲ့ ချင်းအနည်းငယ်သာ လိုအပ် ပါတယ်။ ရေကို ပွက်ပွက်ဆူအောင် ကျိုပါ။ ပြီးရင် ခွက်တစ်ခုထဲ ထည့်ပြီး ပါးပါး လှီးထားတဲ့ ချင်းနဲ့ ရှောက်သီးရည် ညှစ် ထည့်ပါ။ ၁၅ မိနစ်ခန့်ထားပြီးမှ သောက် ပါ။ အိပ်ရာမ၀င်ခင် သောက်ရမှာ ဖြစ်ပြီး တစ်ပတ်ကို သုံးကြိမ် သောက်သုံးနိုင်ပါ တယ်။

ဒေါက်တာခင်မိုးမိုး

Good Health Journal

Post Author: Good Health Journal